Tuesday, July 21, 2009

လမ်းလွဲ

အမှားတွေတဲ့လား
အခါးတွေတော့ မဟုတ်လောက်ပါဘူး
အသိဥာဏ်ရှိတဲ့ဦးနှောက်က ငြင်းဆန်လဲ
အပြင်းအထန်တော့ မဟုတ်ပြန်ဘူး

မဖြစ်သင့်ဘူး
ဒီအတွေးတွေကို တွေးမိတဲ့ခန
မေ့မရတဲ့အကြောင်းတွေကိုပဲ ပြန်တွေး
ခပ်ဆွေးဆွေးဖြစ်နေမိတယ်

မေ့လို့မရလို့ပါ ချစ်သူ
ငါ မင်းအတွက် အပြစ်ဆိုတာ မယူချင်ပါဘူး
အချစ်တခုကို စတင်ကတည်းက
ရချင်တာတွေကို မျိုသိပ်ထားပါတယ်
မင်းနဲ့အတူရှိနေခွင့်
မင်းနဲ့လက်ကို တွဲလျှောက်ခွင့်
မင်းရဲ့အနားမှာ ရှိနေခွင့်တွေပေါ့

အပြစ်မမြင်ပါနဲ့ချစ်သူ
တခါတရံမှာ လမ်းလွဲဆိုတာ ရှိတတ်ပါတယ်
ငါ့ကို ခွင့်လွှတ်ပေးပါ
ငါ့ကို ပိုချစ်ပါ
ငါ မင်းအနားမှာပဲ အမြဲနေပေးမှာပါ

စိတ်ချပါ ချစ်သူ
မင်းမပါတဲ့ လမ်း
ပန်းခင်းပါစေ
ငါ မလှမ်းပါဘူး

ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ချစ်သူ
မင်းကိုပဲ တမ်းတ
မှန်းဆပီး တွေး
မင်းကိုပဲ ငါအမြဲချစ်နေမှာပါ………

ပြည့်စုံ (၂၁-၇-၂၀၀၉၊ ၂း၄၅ pm)

5 comments:

  1. ကဗျာကောင်းလေးလာဖတ်သွားတယ်

    ReplyDelete
  2. ကဗျာဖတ်ပြီး တစ်ဖက်သတ်အချစ် ဖြစ်မယ်လို့ ထင်တာပဲ။ ပေးဆပ်တဲ့ အချစ်ဆိုတာသူသိဖို့ တော့ လိုမယ်။မသိဘဲနဲ့ ချစ်ရတဲ့ အချစ်က ငါးရံ့ တစ်ကောင်ပြာထဲ မှာလူးနေရသလိုပါဆိုတာကျွန်တော်ဒသနထဲမှာရေးခဲ့ဘူးတယ်၊လောကဓံဆိုတာငိုခြင်းတို့ သာမက ရယ်ခြင်းတို့ ပါ ပါတယ်ဆိုတာကျွန်တော်ကြားဘူးတယ်နော်၊ဖတ်လို့ ကောင်းပါတယ်၊ကြိုးစားထား...။

    ReplyDelete
  3. သူငယ်ချင်း
    တစ်ခါတစ်လေ ကိုယ်ကအချစ်ပေးပေမဲ့ အချစ်ပြန်မရတာရှိတယ်ဟ။
    တနေ့နေ့တော့ သူနားလည်လာမှာပါ။ ကဗျာလေးကကောင်းလိုက်တာ။

    ReplyDelete
  4. ချစ်သူနားလည်ပါစေ....

    ReplyDelete
  5. :) ခံစားသွားပါတယ်ဗျာ

    ReplyDelete