Thursday, July 23, 2009

မရေမရာ အတွေးများ

ရုတ်တရက် ကြားလိုက်ရတဲ့အသံက
ဖုန်းသံများ ဖြစ်လေမလား
မနက်မိုးအလင်း ယောင်ရမ်းတမ်းတမိတာ
မက်ဆေ့ခ်ျတစောင်ကိုလား
ဂျီတော့ဖွင့်တိုင်း အလိုအလျောက် ခလုတ်နှိပ်မိတာ
ဒီယူစာနိမ်းကိုပဲလား
ဒါတွေဟာ အိပ်မက် မက်နေပြန်ပီလား
လက်ရှိမှာ ငါပျော်နေပီလား
စိတ်ကူးတွေနဲ့များ ငါမြူးနေသလား
အတိတ်ကို မေ့သင့်နေပီလား
လားပေါင်းများစွာနဲ့ ငါ့အတွေးတွေ ရှုပ်ထွေးလာနေပြန်တယ်

ဒါပေမဲ့လဲလေ
လမ်းလျှောက်သွားရင်းနဲ့ ဖြတ်ခနဲ မြင်ယောင်မိတာ
မင်းရဲ့ အပြုံးတွေများလား
ရုတ်တရက် ရယ်မောလိုက်သံဟာ
မင်းရယ်သံများ ဖြစ်လေမလား
ငါဟာ ကျိန်စာတွေများ မိနေသလား
အတိတ်ကို မမေ့နိုင်တော့ဘူးလား

တကယ်တော့လေ
ငါမေ့ချင်နေပီ အရင်က အကြောင်းတွေကို
ငါ ပြန်မရောက်ချင်တော့ဘူး အရင်အတိတ်ဟောင်းကို
ပြန်မရေးချင်တော့ဘူး အရင်က ခံစားချက်တွေကို
ပြန်မတွေ့ချင်တော့ပါဘူးကွယ်
အရင်က ငါ့ချစ်သူကို

လက်ရှိမှာကိုပဲ ငါပျော်ချင်နေမိပီ……

ပြည့်စုံ (15-7-2009/ 8:00 PM)

3 comments:

  1. ခံစားသွားတယ်

    မေ့မရဘူးဗျာ

    ReplyDelete
  2. လက်ရှိအချိန်မှာ ပျော်ရွှင်အောင်နေတာတော့ အကောင်းဆုံးပါ..
    ပျော်ရွှင်ပါစေ...

    ReplyDelete
  3. ပျော်ရွှင်ပါစေ။ လင့်ခ်ခွင့်ပြုနော။

    ReplyDelete