Tuesday, July 28, 2009

လွမ်းမပြေ

ငါ့ရှေ့က လမ်းကလေး
ဒီအတိုင်းပဲ ထိုင်ငေးနေမိတယ်
မင်းရောက်မလာတာက လွဲလို့
ငါ့စိတ်က အရင်အတိုင်းပဲ မပြောင်းလဲခဲ့ဘူးကွယ်
တိတ်တိတ်လေးပဲ ထိုင်နေတယ်

မေ့လိုက်ပါ ချစ်သူ
ဒီစကားကို အကြိမ်ကြိမ်အခါခါပြောလဲ
မင်းက လက်မခံခဲ့ပြန်ဘူး

ကဲဒါဆိုလဲ ချစ်သူ
ကြိုက်တဲ့လမ်းကို မင်းရွေး
မင်းအဝေးကို သွားကတည်းက
ငါ ထိုင်ငေးနေခဲ့တယ်
မင်းထွက်သွားတဲ့ လမ်းကလေးကိုလေ…..

အချစ်မှာ ရယူခြင်းရှိပါလိမ့်မယ်
ငါ့အတွက်တော့
ဘာမှမလိုဘူး
မင်းရှိနေတယ် ဆိုရုံနဲ့
အရာရာပြီးပြည့်စုံတယ်

ပြန်လှည့်မကြည့်နဲ့ချစ်သူ
မင်းထားခဲ့တဲ့အတိုင်း
ငါနေရဲတယ်
မပြေတဲ့ အလွမ်းတွေနဲ့လေ…

ပြည့်စုံ (၂၅-၇-၂၀၀၉၊ ၁၁း၄၄ pm)

4 comments:

  1. အဒီလိုခံစားနေရတယ် ဗျာ
    ကိုယ်ချင်းစာလို့ရတယ်
    ကံကောင်းပါစေ

    ReplyDelete
  2. မိုက်တယ်..မိုက်တယ်..ဒါလေးကိုခိုက်တယ်..။

    ReplyDelete
  3. ဖတ်ပြီး ဟိုးတုန်းက အလွမ်းတွေကို ပြန်လွမ်းသွားမိတယ်။
    လာလာ မစပေးနဲ့နော်.. ဟွန်း။
    :D

    ReplyDelete
  4. ကဗျာကောင်းကောင်းလေးကိုလာခံစားသွားပါတယ်

    ReplyDelete