Wednesday, July 29, 2009

သတိရခြင်းများ (၂)

ချစ်ခြင်းဟာ နီးခြင်း ဝေးခြင်းနဲ့ ဆိုင်သလား

သူ့ကို သတိရခြင်းများမှာ တခါတလေ မြူတွေလိုပင် လျော့ပါးလာနေပီ.
ကိုယ့်ရဲ့ နေ့စဉ်လူမှုဘဝမှာ အချိန်ကုန်ရင်း....
ကိုယ့်ရဲ့ ဘလော့လေးမှာ ပျော်မွေ့ရင်း...
ကိုယ့်ရဲ့ ကဗျာတွေနဲ့ ကာရံစပ်နေရင်း....
ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောနေရင်း...
ကိုယ့်ရဲ့ ယုံကြည်ချက်တွေမှာ စီးမျောရင်း....
ကိုယ့်ရဲ့ ချစ်သူကို တရံတခါမှ သတိရခြင်းတွေ များလာတဲ့အခါ.....

ချစ်ခြင်းဟာ နီးခြင်း ဝေးခြင်းနဲ့များ ဆိုင်နေသလား ချစ်သူ.......
ဒီလိုအချိန်တိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့စိတ်က
မင်းကို သတိမရတာထက် ကိုယ့်ရင်ကို ပိုထိခိုက်စေပါတယ်

ဟိုမှာဘက်ကမ်းက မင်းက သတိရတယ်လို့ ခန ခနပြောနိုင်ပေမဲ့
ဒီမှာဘက်ကမ်းက ငါကတော့ သတိရတယ်ဆိုတဲ့ အတွေး
နှုတ်ဖျားက ဖွင့်ဟဖို့တောင် အချိန်မအားနိုင်တဲ့အဖြစ်

တကယ်တော့လေ
ဖွင့်ဟပြောတဲ့ အချစ်မှ တန်ဖိုးကြီးသတဲ့လားကွယ်

ပြည့်စုံ (၂၈-၇-၂၀၀၉၊ ၁း၁၅ am)

6 comments:

  1. ဖွင့်ဟပြောမှတန်ဘိုးကြီးတာမဟုတ်ပေမဲ့... တန်ဘိုးထားတာသူသိသင့်တယ်လေ...

    ReplyDelete
  2. အောက်ဆုံးပိုဒ်လေး ကြိုက်တယ်ဗျို့..
    တကယ်တော့လေ
    ဖွင့်ဟပြောတဲ့ အချစ်မှ တန်ဖိုးကြီးသတဲ့လားကွယ်
    ကဗျာတွေကတော့ ကောင်းပြီးချင်းကောင်းနေတော့တာဘဲ
    ချစ်ခြင်းဆိုတာ နီးခြင်းဝေးခြင်းနဲ့မဆိုင်ဘူးလို့ဘဲ ထင်တယ်ဗျို့

    ReplyDelete
  3. နီးခြင်း ဝေးခြင်းနဲ့ လုံးဝမသက်ဆိုင်ပါ။
    ချစ်ခြင်းအတိမ်အနက်နဲ့သာ သက်ဆိုင်ပါသည်။

    :D

    ReplyDelete
  4. အချစ်ဟာ ဝေးခြင်း နီးခြင်း နဲ့ မဆိုင်ပါဘူးကွယ်။
    ဖွင့်ဟ ပြောမှလဲ အချစ်ဟာ တန်ဖိုးပိုကြီးမသွားပါဘူးကွယ်။
    အချစ်ဟာ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားမို့၊ အချစ်မှာ အကွာအဝေး ပေါ်မူတည်ပြီး ခြားနားခြင်းလည်း မရှိတာမို့ သံသယတွေ ကင်းကင်းနဲ့ ချစ်နိုင်ပါစေ ငါ့နှမရေ။

    ခင်တဲ့

    ReplyDelete
  5. ဝိုင်းဖွင့်ဟပေးမယ်
    တနေ့တခေါက်
    ပေးသူ့ ph နံပါတ်
    မအားလို့ အစား လာပွါးတာလို့

    မငိုနဲ့တိတ်တိတ် ရော့ရေသောက်

    တိုက်အမြင့်တွေ ရထားလမ်း မြစ်ကမ်းမသွားနဲ့နော်

    ReplyDelete
  6. ဟုတ်တယ်။ ဖွင့်ဟမပြောတတ်တဲ့လူချင်း ကိုယ်ချင်းစာတယ်။ စစ်မှန်တဲ့ ခံစားချက်သာဖြစ်ခဲ့ရင် ဖွင့်ပြောစရာမလိုဘဲ သူ့ နှလုံးသားနဲ့ နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်တာပါပဲ။
    ကဗျာလေး တော်တော်ကောင်းပါတယ်။

    ReplyDelete