Wednesday, July 29, 2009

ကမ္ဘာသိ လျို့ဝှက်ချက်များ

တခါတလေမှာ တချို့စကားလုံးတွေက မလိုအပ်ဘဲ မပြောသင့်ပါဘူး
ကိုယ့်အကြောင်းကို ကိုယ်မှလွဲရင် တခြားဘယ်သူမှ ခရေစေ့တွင်းကျမသိပါဘူး
ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်ပြောမှပဲ သူများက သိတာပါ

ဒါကို ဟိုလူ့တော့ မသိပါစေနဲ့ ဒီလူ့ကိုတော့ မပြောပါနဲ့
ထားလိုက်ပါ ဒီလောက်တော့ နားလည်ပေးနိုင်ပါတယ်
လူတိုင်းမှာ လျှို့ဝှက်ထားချင်တာလေးတွေ ရှိနိုင်ပါတယ်.

ဒါပေမဲ့ TOP SECRET, TOP BIG ISSUE ဆိုပီး ကမ္ဘာနဲ့တောင် ချီလောက်တဲ့ လျှို့ဝှက်ချက်တွေကို
ဘယ်သူမှ မသိပါစေနဲ့နော် ဒါကလေ အရမ်းအရေးကြီးတဲ့ကိစ္စမို့လို့ပါ သူများတွေသိလို့မဖြစ်ဘူး.
OPEN SECRET လုပ်တတ်ပါတယ်…

လူတိုင်းကို မသိလဲ မသိစေချင်
သူလုပ်တယ်ဆိုတာကိုလဲ လူတိုင်းကို သိစေချင်ပါတယ်
ဒါကို OPEN SECRET လို့ ကျမကတော့ အမည်တပ်ထားပါတယ်

ဒါပေမဲ့ သူပြောလိုက်တဲ့သူကို အမူတွဲ ဆွဲတတ်ပါတယ်။
နင့်မို့ပြောတာသိလား ဆိုပြီး နင်တွေ တန်းစီနေတတ်ပါတယ်။
ဒီသတင်းပေါက်ကြားရင် ပြောခံရသူကပဲ ဖွတာဆိုပီး တရားခံခေါင်းတပ်လိုက်တာပါ.

အစကတည်းက လူတွေမသိစေချင်ရင် ဘာလို့ပြောကြပါသလဲ
နောက်ပီး ဘယ်သူမှ ဘယ်သူ့ကိုမှ အတင်း
အစ်အောက် ရိုက်နှက်ပီး မေးနေတာမဟုတ်ဘူး.
စကားကြုံလို့ ပြောလိုက်ရတာလဲ မဟုတ်ဘူး.

တမင်တကာ လာပြောပြီးကာမှ
သူများ မပြောပါနဲ့တော့ဆိုတဲ့ စကားလောက် အခံရခက်တာလည်း ရှိမယ်မထင်ဘူး

ကိုယ့်ဘာသာနေရင်းတန်းလန်းနဲ့ လာပြီး အမူတွဲဆွဲတဲ့ သဘောပါပဲ
သိစေချင်လို့ လာဖွပီးကာမှ ပြန်ပိတ်တတ်တာလောက် ရိုင်းစိုင်းတဲ့ အပြုအမူလည်းမရှိပါဘူး။

လူတိုင်းဟာ ကိုယ့်အလုပ်နဲ့ ကိုယ် ကိုယ့်ဘဝနဲ့ကိုယ်
ကိုယ်အသက်ရှင်မှုနဲ့ ကိုယ် ကြိုးစားရုန်းကန် နေရတဲ့သူတွေချည်းပါပဲ

ကိုယ့်နှာခေါင်းပေါက်တောင် ကိုယ့်ဟာကို တခါတလေ အသက်ရှုလို့ မဝပါဘူး
သူများနှာခေါင်းကို အသက်ကူမရှုပေးနိုင်ပါဘူး.

သူများကိစ္စတွေကို တတ်နိုင်ရင် ၀င်မပါတာ အကောင်းဆုံးပါပဲ ဖြစ်နိုင်ရင် နားတောင် မထောင်သင့်ပါဘူး။
ကျမ အဖေ အမြဲပြောတဲ့ စကားတခွန်းရှိပါတယ်

“သမီးလေး သူများ ကိုယ်ပျက်တိုင်း မပျက်နဲ့ ကိုယ်ပါ လိုက်ပီး ကိုယ်ပျက်တတ်တယ်.
ကိုယ်ပျက်တယ်ဆိုတာ နူတာပဲတဲ့. ဘယ်တော့မှ အနူမဖြစ်စေနဲ့တဲ့လေ.”

5 comments:

  1. ချစ်သော ကျွန်မရဲ့ ညီမငယ်ဟာ ငယ်ငယ်ကတည်းက စကားအင်မတန်နည်းပါတယ် အပေါင်းအသင်းလည်း နည်းပါတယ်. လူတွေနဲ့လည်း စကားရောရောထွေးထွေးနေလေ့မရှိပါဘူး ဆွေမျိုးအရင်းအချာတွေနဲ့ပါတောင် မေးထူးခေါ်ပြောမရှိဘူးဆိုရင်ယုံမလား။
    သူ လူလားမြောက်စပြုလို့ လုပ်ငန်းခွင်ထဲ
    လူတွေထဲ ရောက်သွားတဲ့အခါမှာတော့..သူ စကားနည်းနည်းများလာပါတယ်..
    နောက် သူဟာ ပုဏားတိုင်ကြီးတစ်ခုလို အလိုလိုဖြစ်လာပါတယ်။

    သူ့ကို သူ့ပတ်ဝန်းကျင်က လူတော်တော်များများက အပူတွေ အန်ပေးပါတယ် သူက သစ်ပင်လိုဖြစ်လာပါတယ် အောက်ဆီဂျင်တွေ ထုတ်ပေးမပေးတော့ မသိပါဘူး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုတော့ တော်တော်များများ လက်ခံပါတယ်.

    အောက်ဆီဂျင်ဆိုတာ အသက်၀၀ရူရိုက်ဖို့နဲ့ အသက်ရှင်နေထိုင်ဖို့ပါ
    မီးလောင်ခြင်းကို အားမပေးပါနဲ့ မီးလောင်ခြင်းကိုလည်း ကြိုတင်ကာကွယ်ပါလို့ သူ့ကို အခု ကျွန်မ ဆုံးမခဲ့ပါတယ်။

    ပြောသာပြောတာ ကျွန်မ မဆုမွန်ဆိုရင် တစ်နေ့တစ်နေ့ ရို့လိုက်တဲ့မီးတွေဆိုတာ ဟုန်းဟုန်းကို တောက်နေတာပါပဲရှင် ဟီး

    ReplyDelete
  2. ငါ့ညီမလေးရေ.. စိတ်မညစ်နဲ့လို့မပြောဘူးနော်။
    ကူပြီးညစ်ပေးလိုက်တယ်။ ဒါမှ စိတ်ညစ်စရာတွေ မြန်မြန်ကုန်သွားရော။
    ညစ်စရာရှိညစ် ပြီးရင် အဲလိုဟာတွေကို မြန်မြန်မေ့ပစ်လိုက်ပါ sis ရဲ့။
    aja aja fighting!!

    ReplyDelete
  3. လူဆိုတာ သတင်းငတ်တယ်လေ ညီမရဲ့ သူများအကြောင်းလည်းကြားချင်သလို သူ့အကြောင်းကိုလည်းဖွင့်ဟချင်ကြတယ် .. ကဗျာဆရာ ကဗျာရေးတာ သူ့ အကြောင်းသူဖွင့်ဟတာ သူနားလည်တဲ့ လောကအကြောင်း သူများတွေကို ဖွင့်ဟတာ... အဲ့လို အတတ်ပညာကော ခံစားမှုကောမရှိတဲ့လူကျတော့
    အတင်းပြောတယ် ...ဟဲဟဲ

    ReplyDelete
  4. ဟဲဟဲ..ညလေး..ဘာဒွေဖစ်....?
    အေးလေနော်..ကိုယ့်ဟာကိုယ်တောင်ရှုလို့မ၀တာ..
    ဘယ့်နှယ့်သူများနှခေါင်းပေါက်ကိုကူရှူပေးစရာလား..!

    ReplyDelete
  5. ၀က်မလေး၊ ငါတို.အတင်းတွေကို အွန်လိုင်းပေါ်မှာ တုတ်ထားတယ်ပေါ့လေ။ နာပြန်လာမှ နင်တိမယ်။ သေနတ်ပစ်ကွင်းခေါ်သွားပြီး ဗိုက်ကို တည့်တည့်ပစ်မယ်။ :P :P :P

    ReplyDelete