Wednesday, September 2, 2009
ချစ်ခြင်းရဲ့ အိုအေစစ်
မင်းအတွက်ပေါ့
ကို့အချစ်တွေက သေချာတယ်
ကို့မြတ်နိုးမှုတွေကလဲ ရေရာတယ်
သေချာတာတွေထဲမှာ တစ်သက်စာ ချစ်ခြင်းတွေပါမယ်
အကြင်နာတွေပါမယ်
သံယောဇဉ်တွေရောပေါ့
မသေချာတာတွေများနေတဲ့ ဒီလောကထဲမှာ
မရေရာတာတွေလဲ ရောပါနေတယ်
ဖြေသာစရာ ရှိသေးတာက
ကိုယ့်မှာ မင်းရှိသေးတယ်လေ
တကယ်တော့
အချစ်ရယ်
ငါ့အတွက် မင်းဆိုတာ
ရှင်းပြစရာတောင်မလိုတဲ့ အိုအေစစ်လေးပါ
အိပ်မက်လေးပါ
စိတ်ကူးယဉ်အတွေးလေးပါ
နောက်ဆုံးထွက်သက်ကလေးပါပဲ ချစ်သူ…..
ပြည့်စုံ (၂၉-၈-၂၀၀၉၊ ၄း၁၄ pm)
11 comments:
  1. ပြည့်စုံတဲ့ ချစ်ခြင်းရဲ့ အိုအေစစ်လေးကို ပိုင်ဆိုင်တဲ့ အနော် ပျော်ရွှင်နေမှာပဲနော်
    အားကျတယ်ကွာ ... :P
    ReplyDelete
  2. အနော်ရေ သဲကန္တာရထဲက လာပါတယ် အိုအေစစ်နဲ့ 
    တွေ့ ပါတယ် သောက်တယ် သောက်တယ် အိုအေစစ်
    သာဆိုတယ် သောက်လေ သောက်လေ ငတ်မပြေပါလား
    ဟရို့  ...... :D
    ခင်မင်လျှက်
    အေးမြသာယာပါစေ
    ကိုရန်ကုန်
    ReplyDelete
  3. ကဗျာလေးက အချစ်တွေနဲ့ ပြည့်စုံနေတာပါလား ပြည်စုံရေ
    အေးအေးလေးနဲ့ ကောင်းတဲ့ ချစ်အိုအေစစ်ကဗျာလေးပါ
    ခင်တဲ့ 
    ရန်ကုန် :D
    ReplyDelete
  4. ဝေးးးး
    စောစောကတောင်ပွဲခင်းမှာတွေ့ခဲ့သေးတယ်
    ဝက်ဝံကလေးတို့ ပါးလုံးတို့နဲ့အဖွဲ့ကျပြီး တွေ့ကရလူတွေကို
    လိုက်ခြောက်နေတယ်လေ ။
    အခုတော့လည်း ကဗျာဆရာမဖြစ်နေပြန်ပါပေါ့
    အကြင်နာတွေပါမယ် သံယောဇဉ်တွေပါမယ်ဆိုရင်
    အဲဒီတစ်သက်စာချစ်ခြင်းက သေသေချာချာကိုလုံလောက်နေပါပြီကွယ်
    ရှင်းပြစရာမလိုတဲ့ အိုအေစစ်လေးရေ
    ချစ်သူအတွက် အိပ်မက်အသစ်တွေ
    စိတ်ကူးနုနုလေးတွေကို နောက်ဆုံးထွက်သက်အထိ
    ပေးဆပ်နိုင်ပါစေ ။
    ReplyDelete
  5. နောက်ဆုံးထွက်သက်အထိပေါ့လေ....
    ပြောသေးတယ်.. ဖြေသာစရာတဲ့...
    ရှင်းပြစရာတောင်မလိုဘူးပေါ့လေ...
    အိုအေစစ်လေးတဲ့...
    အမေရေ... အမေ့သမီးကို ကြည့်ပါအုံး
    အချစ်တွေ ဆုံးကုန်ပြီနဲ့တူတယ်....
    ဝေပြီးတော့ ကြွေနေလိုက်တာ...
    ReplyDelete
  6. ထူးဆန်းပေစွ ငါ့ညီမအနော်
    ReplyDelete
  7. aww မိန်းကလေး လား အောင်မလေး ငါမှားတာ ဂနေ့ ဆို ၂ ခိရှာ ၂ ခါရှိပြီ ဟိဟိ သိဘူးလေ အနော် ဆိုတော့ ယောက်ျားလေး မှတ်တာကိုး ဟားဟားးးးးးးးးးး ကဲကဲ ပြည့်စုံလေးရေ ကဗျာလေး လာဖတ်သွားတယ်သိလား
    ထ ထ ငါတို့ ပွဲဈေးတန်းမှာ သရဲ ခြောက်ဖို့ တာဝန်ကျတယ်လာ လာ အခု အမြန်လာ နော် ဟိဟိ ပျော်စရာကြီးနော် ပွဲဈေးတန်းက ဟားဟားးးးးးးး
    နာ နောက်လဲ လာလို့ရအောင် လင့်ခ် ထားလိုက်မယ် တိရား ဟီးးးး နင် နာ့ တူငယ်ချင်း ဖြစ်သွားပြီတော့ တဂ်လေး ရေးပေးနော်ဟဲဟဲ တွေ့တဲ့လူကြုံတဲ့လူ ငါက လိုက်တဂ်နေတာ ဟိဟိ
    ဘိုင် ပြန်ပြီနော် တာ့တာ
    ReplyDelete
  8. မရေရာတာတွေရှိပေမယ့်
    ဖြေသာစရာ မင်းအချစ်တွေကြောင့်
    ဝေဒနာ ရင့်အပြည့်
    အသေအချာ ကုစားခဲ့မိတယ်။
    (ဟဲဟဲ လျှောက်ရွှီးသွားတယ်)
    ReplyDelete
  9. ဖြေသာစရာ ရှိသေးတာက
    ကိုယ့်မှာ မင်းရှိသေးတယ်လေ...ဒါလေးကြိုက်တယ် ညလေး...
    ReplyDelete
  10. အားပါးပါး... ကောင်းလိုက်တဲ့ကဗျာလေး... ရေလည်ထိတယ်
    ReplyDelete
  11. သေချာတဲ့ ချစ်ခြင်း၊
    ရေရာတဲ့ မြတ်နိုးမှုတွေနဲ့
    ဖြေစရာ ချစ်သူက ဘေးမှာရှိတော့
    ဘာလိုသေးလဲ ငါ့နှမရယ်။
    အိုအေစစ်မှာ မှေးစက်ပေါ့
    နောက်ဆုံးပိတ် ထွက်သက်ထိ ...။
    ReplyDelete