Friday, September 4, 2009

နှစ်သက်မိတဲ့ ဘလော့တွေထဲမှ ဘလော့ ငါးခု တဂ်ပို့စ်လေးပါ

အကိုမြစ်ကျိုးအင်းရဲ့ ဘလော့ဂါပွဲခင်းလေးထဲကို အလည်အပတ်ရောက်တဲ့အချိန်မှာပဲ ဝက်ဝံလေး ဖွင့်ထားတဲ့ သရဲအိမ်ထဲကို စိတ်ဝင်တစား ဝင်အကြည့်မှာ သရဲလေးကောင်အဖွဲ့ ဆိုပီး သရဲအိမ်ထဲ ဝင်သမျှ လူတွေကို ခြောက်လှန့်နေတဲ့ သရဲလေးကောင်ကို သဘောတကျ ကြည့်နေတုန်းမှာပဲ ဓားကောက်ကြီးကို ဟိုထိုးဒီထိုးနဲ့ ဝတ်ရုံအနက်ကြီး ခြုံပီး ဟိုအော်ဒီအော်ကာ ခြောက်နေတဲ့ သရဲမကလေးကို ဘယ်သူတုန်း ကြည့်နေတုန်း အနော်ဖြစ်နေတာဗျို့………… ခွိခွိ …

ဝက်ဝံလေးက သရဲလေးကောင်ထဲက အနော် ဆိုတာ ယောက်ျားလေးပဲ ဆိုပီး အထင်မှားမိပေမဲ့ သူ အနော့်ကို တွေ့လိုက်ရတဲ့အခါတော့ ခပ်ချောချော သရဲမလေး အနော်ကို ခင်မင်ရင်းနှီးစွာနဲ့ တဂ်လိုက်တဲ့ ပထမဆုံး တဂ်ပို့စ်လေးဖြစ်ပါတယ်ရှင် :P

ပထမဆုံး တဂ်ပို့စ်လေးဖြစ်တော့ အနော် ခေါင်းထဲ သေသေချာချာကို စဉ်းစားနေရပါတယ်ရှင်.. ဘယ်သူ့ကို ကြိုက်လဲ အယ့် ဟုတ်ပါဘူး ဘယ်ဘလော့ကို အကြိုက်ဆုံးလဲ .....

ဒါလဲ စဉ်းစားစရာပဲရှင့်..

အားလုံး အားလုံးဆီမှာ အနော့်အတွက်တော့ အကြိုက်တစ်မျိုးစီရှိပါတယ်…အနော်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေး စမလုပ်ခင် ကတည်းက ဘလော့တွေကို လိုက်ဖတ်ရတာ သိပ်ဝါသနာထုံတာလေ.. အဲ့ဒီထဲမှာ တချို့ ဘလော့လေးတွေက ကဗျာလေးတွေ တချို့က ဝတ္ထုလေးတွေနဲ့ တချို့က အတွေ့အကြုံ တချို့က မှတ်သားစရာ ဗဟုသုတ တချို့က ခရီးသွားဆောင်းပါးနဲ့ တကယ့်ကို.... ပြောရရင် ရသအမျိုးစုံကို တထိုင်တည်းနဲ့ကို အစုံအလင်ပေးပါတယ်.. စာအုပ်စာပေ ရွေးဖတ်ရရင်တောင် ဒီလောက် စုံလင်တဲ့ ရသမျိုးစုံကို အချိန်တိုအတွင်းမှာ ခနလေးနဲ့ ရနိုင်မယ် မထင်ပါဘူး..

ဒီတော့ကာ ……………ဝက်ဝံလေးက မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲ တဲ့ တဂ်လိုက်တဲ့အခါ....

အနော် မြန်မာပြည်ရဲ့ အင်တာနက်စွမ်းအားနဲ့သာ ဂျီမေးနဲ့ ဂျီတော့လောက်ကို မနည်း ဖြစ်ဖြစ်မည်အောင် သုံးဖူးခဲ့တာပါ.. အခု မြန်မာပြည်ရဲ့ အပြင်အပကို ရောက်တဲ့အခါမှာ ပထမဦးဆုံး အိမ်နဲ့ သူငယ်ချင်းတွေဆီကို အဆင်ပြေတဲ့ အကြောင်း mail ပို့မယ်ဆိုပီး စာရိုက်ပီး send ခလုတ်ကို နှိပ်လိုက်တဲ့အခါ ရုတ်တရက် အနော့်ရဲ့ မျက်စိအောက်ကနေ ရိုက်ထားတဲ့စာလေး လှစ်ဆို ပျောက်သွားပါလေရော.. လန့်သွားပီး ‘ဟယ် ငါနှိပ်လိုက်တာ ဘယ်ရောက်သွားလဲ မသိဆိုပီး မမ ကို ညီမလေးတော့ ဘာမှားနှိပ်မိလဲ မသိဘူး ရိုက်ထားတဲ့စာတွေ ပျောက်ကုန်တယ်ဆိုတော့မှ’ မမက ‘ဟဲ့ပို့လိုက်ပီ ဒီမှာ Send Mail မှာ ပြန်ကြည့်ဆိုတော့မှ’ ရယ်လိုက်ရတာ..

အနော်တို့ ပြည်တွင်းမှာ အင်တာနက်သုံးခဲ့တုန်းကဆို loading က အကြာကြီး တခါတလေ Send နေရင်းနဲ့ Connection Out သွားလို့ အသစ်က ပြန်စလုပ်ရတာနဲ့ တကယ့်ကို ကွာခြားမှုကို မြင်လိုက်ရတဲ့အခါမှာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်.

အဲ့တာနဲ့ လွဲကုန်ပါပီ ဟိဟိ.. ပြန်ဆက်ရရင်…………

ဘလော့စပေါ့ ဆိုတာကို ပထမဆုံး စသိမိတဲ့ ဘလော့လေးကတော့ မနိုင်းနိုင်းစနေရဲ့ ဘလော့လေးပါပဲ.. အနော် အနှစ်သက်ဆုံးကတော့ အမ နိုင်းနိုင်းစနေရဲ့ စာသားလေးတွေနဲ့ ဒဿနလေးတွေပါ. တချို့စကားလုံးလေးတွေဆို ရင်ထဲကို တိုက်ရိုက် ထိသွားလောက်အောင်ကို စိတ်ထဲမှာ ကျေနပ်သွားမိတယ်. ရိုးသားပီး ပွင့်ပွင့်လင်းလင်း ရှိပုံရတဲ့ လားဟူသူ အမ စနေရဲ့ မျက်နှာလေးကိုလဲ သဘောကျတာ ပါပါတယ်. အနော် အမြဲတမ်း တစ်နေ့မပြတ်သွားလည်တဲ့ ဘလော့လေးတစ်ခုပါ.

ဒုတိယ တစ်ခုကတော့ ဒေါက်တာလွဏ်းဆွေရဲ့ ဘလော့ပါ.. အနော် မနက်မိုးလင်းလို့ အိပ်ရာနိုးတာနဲ့ ကွန်ပျူတာကိုဖွင့် ပီးရင် သတင်းဆိုက်အနေနဲ့ ဆရာ့ရဲ့ဘလော့လေးကို ဖွင့်လိုက်တာပါပဲ. သတင်းအစုံကို တစ်နေရာတည်းမှာ လင့်စုပီး ဖော်ပြပေးထားတဲ့အတွက် update သတင်းတွေကို မျက်ခြည်မပြတ်ကို ဖတ်ရပါတော့တယ်. ဒီလိုစုပီး ဖော်ပြပေးတဲ့အတွက်လဲ ဆရာ ဒေါက်တာလွဏ်းဆွေကို တကယ့်ကို ကျေးဇူးတင်မိပါတယ်.

တတိယတစ်ခုကတော့ မေတ္တာရပ်ဝန်းမီးဖိုဆောင်လေးက အမ လုလုပါပဲ. အမကြီးကြီး တစ်ယောက်လိုပါပဲ မောင်ငယ် ညီမငယ်လေးတွေကို ဟင်းအမယ် စုံစုံလင်လင် ချက်ကျွေး တတ်တဲ့ ချက်နည်း ပြုတ်နည်းတွေကိုလဲ သေသေချာချာ စနစ်တကျ ရေးပေးထားတဲ့ စေတနာအားကြီးတဲ့ အမပါ. ရောက်စက မမ က ဟင်းချက်တော့မယ် ဆိုတာနဲ့ အင်တာနက်ပေါ် တက်ပီး ဘယ်ဟင်းကို ဘယ်လို ချက်ရသလဲ မမ လုလုရဲ့ ဘလော့လေးကို ဖွင့်ပီး ချက်နည်းကိုကြည့်ပီး ချက်ကျွေးတော့တာပဲလေ… အမေ့ကို လွမ်းတိုင်း အိမ်ထမင်း အိမ်ဟင်းကိုလွမ်းတိုင်း အမ လုလုရဲ့ ဘလော့လေးကို အမြဲသွားကြည့်ပီး သွားရည်ယိုရပါတယ်…

စတုတ္ထတစ်ခုကတော့ အကို သားကြီးရဲ့ ဘလော့ပါ.. အနော် အကိုသားကြီးရဲ့ ဘလော့လေးကို လင့်တွေ လျှောက်ကြည့်ရင်းနဲ့ ရောက်ဖြစ်တာပါ.. အကိုသားကြီး ဘလော့ကို တွေ့တော့ အနော် စိတ်ဝင်တစား စာလေးတွေ လိုက်ဖတ်ကြည့်ပါတယ်. အဲ့ဒီမှာ ဘာတွေ့လဲဆိုတော့ လူငယ်စရိုက် ပီပီသသနဲ့ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဘာကိုမှ ဂရုမစိုက်ဘဲ အရိုင်းဆန်ဆန် ရေးသား ထားတဲ့ စာတွေကို လူငယ်ပီသစွာ အနော်က သဘောကျသွားမိတယ်.. အနော် အကိုသားကြီး ဘလော့လေးကို ဖတ်မိတဲ့အချိန်မှာ အေးအေး ဆေးဆေး တိတ်တိတ် ဆိတ်ဆိတ်လေးပဲ ရှိနေပါသေးတယ်.. အခုတော့ အကိုသားကြီးမှာ ခင်မင်တဲ့ သူငယ်ချင်းများစွာရှိနေပါပီ. ရေးလိုက်သမျှ စာတွေတိုင်းကလဲ ဟာသ ရသ အပြည့်ပါပီး ဖတ်ရတာ တကယ့်ကို အမောပြေစေပါတယ်. နောက် စကားကိုလဲ ကပ်တီးကပ်ဖဲ့ ပြောတတ်တဲ့ ညဉ်လေးလဲ မပျောက်သေးပါဘူး. ဒါပေမဲ့ အရင်တုန်းကလိုတော့ အရိုင်းဆန်မှု လျော့ပါးသွားတယ်လို့ ထင်မိပါရဲ့. ဒါပေမဲ့ အနော်ကတော့ အကိုသားကြီးရဲ့ ဘလော့လေးဆီကို အမြဲတမ်း ရောက်ဖြစ်ပါတယ်.

နောက်ဆုံး ဘလော့ကတော့ ကိုသက်ပိုင်သူရဲ့ ဘလော့လေးပါပဲ. ကိုသက်ပိုင်သူကို စတင် သတိထားမိတာကတော့ စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ အနော် အကြိုက် အနှစ်သက်ဆုံး ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် ဝတ္ထုကို ကျောင်းနောက်ဆုံးနှစ် ပရော့ဂျက်အဖြစ် ရွေးချယ်ခဲ့ပီး ဂျူး၏ စကားပန်းများကို ဖန်တီးခြင်း ခေါင်းစဉ်နဲ့ ပြဇာတ်တစ်ပုဒ် ဖန်တီးခဲ့ခြင်းက စတာပါပဲ. ပြဇာတ် ထဲမှာ မျောပါရင်း ကိုသက်ပိုင်သူရဲ့ အရေးအသားတွေထဲမှာ မျောပါရင်း ဆရာမဂျူးရဲ့ မူရင်းဝတ္ထုထဲမှာ မျောပါရင်းနဲ့ ကိုသက်ပိုင်သူရဲ့ ဘလော့လေးကို အမြဲလာရောက်ဖတ်ရှုဖြစ်ပါတယ်. နောက်တော့ ပုလင်းကွဲကချေသည် နောက်တော့ နောက်တော့ နောက်တော့နဲ့ အခု အနော် အကြိုက်ဆုံး ပို့စ်ကတော့ ဂေရှား Geisha နှင့် အနုပညာပါပဲ. ဂေရှားမယ်လေးတွေရဲ့ ဘဝအခြေခံကနေစပီး စီးဝင်မျောပါသွားမိတာ နောက်ဆုံး ပို့စ်လေး အဆုံးသတ်တဲ့အထိပါပဲ. စာဖတ်တဲ့သူတွေအပေါ် စေတနာပါပါနဲ့ သေသေချာချာကို ရေးသားတဲ့ အကို သက်ပိုင်သူရဲ့ ဘလော့လေးကို နှစ်ခြိုက်မိပါတယ်.

အနော် အခု စိတ်ကူးယဉ်အိပ်မက်လေး စတင်တဲ့အချိန်မှာ သိကျွမ်းခင်မင်ခွင့်ရခဲ့တဲ့ ဘလော့ဂါ အကို အမတွေထဲမှာ အနော်ရဲ့အချစ်ဆုံး မောင်နှမတွေသာဖြစ်ရင် ဘယ်လောက်ကောင်းမလဲ တောင့်တမိတဲ့ ဘလော့ဂါတွေကတော့ အကို Brookချစ်သော ကိုယ့်ရဲ့ခင်ချစ်သော sis ခရမ်းမေတို့ပါပဲ. တခါမှ အပြင်မှာ မမြင်ဖူးပေမဲ့ စိတ်ထဲမှာ အရမ်းကို ချစ်ခင်မိတယ်. နောက် အရမ်းချစ်တဲ့ အကိုတစ်ယောက်ကတော့ အချစ်တတ်ဆုံး အသည်းကွဲ လူပျိုကြီး အကိုပြည့်စုံပါပဲ.. လူချင်း မမြင်ဖူးပေမဲ့ ချစ်ခင်တဲ့ သံယောဇဉ်တွေနဲ့ ခင်နေမိတဲ့ သူငယ်ချင်းလေးကတော့ သူငယ်ချင်းလေး ဖြူပါ. နောက် စာရေးသားတဲ့နေရာမှာ လေးစားမိတဲ့ အရမ်းခင်တဲ့ အကိုနှစ်ယောက် ကတော့ အကို ဧရာဝတီသားနဲ့ အကို ရန်ကုန်သားတို့ပါပဲ. အကို ဧရာဝတီသားဆို အနော့်ထက် တစ်နှစ်တိတိ ငယ်ပေမဲ့ လေးစားသမှုနဲ့ အနော်က အကို အကို ခေါ်တာကို အောင့်သက်သက် ခံရရှာလေရဲ့…. ခွင့်လွှတ်ပါ အကို :P

ဝက်ဝံလေးရဲ့ တဂ် အရ အကြိုက်ဆုံးဆိုပီး ဘလော့ငါးခုကို ရွေးပေးလိုက်ရတာပါရှင်. အနော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို စတင်ခဲ့တဲ့အချိန်မှာ အနော် တကယ့်ကို သဘောကျမိတဲ့ ဘလော့ဂါတွေ အများအပြားရှိပါတယ်. တခုချင်းစီကိုသာ ပြောပြရမယ်ဆိုရင် ဝက်ဝံလေးရေ ဆယ်ခါလောက် ထပ်တဂ်မှ ငါးယောက် ငါးယောက်နဲ့ အယောက် ငါးဆယ်အကြောင်း စုံစုံလင်လင် ပြောပြဖြစ်မယ်ထင်ရဲ့ အခုတော့ ငါးယောက်တည်းဆိုတော့လေ :( (လောဘကြီးတာပေါ့လေ ဟိဟိ)

ဘာပဲဖြစ်ဖြစ် အနော့်ကို ခင်ခင်မင်မင်နဲ့ တဂ်တဲ့ ဝက်ဝံလေးကို တကယ့်ကို ကျေးဇူးတင်ပါတယ်နော်. ပထမဆုံးတဂ်ပို့စ်လေးဆိုတော့ ပြောချင်တာများပီး တဂ်ထားတာနဲ့ လိုက်ဖက်ရဲ့လား မသေချာပေမဲ့ နောက်ကျမှ ရေးပီး တင်ရလို့ ခွင့်လွှတ်ပါနော် သူငယ်ချင်း ဝက်ဝံလေးရေ ……………….

ပြည့်စုံ (၄-၉-၂၀၀၉၊ ၁း၃၀ am)

10 comments:

  1. တက်ဂ်ပိုစ့်လေးလာဖတ်တယ်
    ရွာလည်တယ် အနော်ရယ်
    ခင်မင်မှုကြောင့်ဝမ်းသာပါတယ်
    နောင်လည်းလာမယ် ခုလည်းလာတယ်
    အစ်ကို ခေါ်လို့ စိတ်မချမ်းသာပါတယ်
    သူငယ်ချင်းရယ်
    တာ့တာ ပြန်ပြီ တက်ဂ်ပိုစ့်ကို ဖိုထိုးနေတာ
    ခုထိ ဘယ်လိုမှမနေသေးဘူး ဟီးဟီး
    ပျော်ရွှင်ပါစေ
    အနော်ရေ
    ခင်တဲ့ ရန်ကုန်သား :D

    ReplyDelete
  2. ရေးပေးတာ ကျေးဇူးးးး အနော်ရေ ဂယ်ပါပဲ လင့်ခ် လေးတွေ လုပ်လိုက်ရတော့ တော်တော်မောသွားမှာပဲနော် ဟိဟိ နာ့ ကိုလဲ နံမည်တိုင်းလင့်ခ် လုပ်ထားတော့ ပင်ပန်းမှာပေါ့ အနော်ရဲ့ တခုပဲလုပ်ပါ ဟိဟိ အနော် ပင်ပန်းမှာစိုးလို့ များက ပြောတာ ဟားဟားးးးး

    ဒါနဲ့လေ ဟိုဟာလေး ရွှေဘောတော်ကျတော်မူတယ်ကွယ့် ဘာတဲ့ send ခလုပ် နှိပ်လိုက်တာ ပျောက်သွားတယ် ဆိုတာလေး အဲဒါလေးလေ ရီလိုက်ရတာ ဟဟဟဟဟ ဟုတ်တယ်အနော်ရေ တို့လဲ ဒီရောက်မှ အင်တာနက် အီးမေးလ် စ သုံးဖူးတာလေ ရန်ကုန်မှာတုံးက ကိုယ်နဲ့ မဆိုင်သလို နေလာခဲ့တာလေ ဟိဟိ စာနာတယ် စာနာတယ် ကဲ ကဲ ရေးပေးတဲ့ အတွက် ကျေးဇူးးးးးး တသိန်းးးးနော်

    လာ လာ တို့တွေ ပွဲဈေးတန်းသွားပြီး သရဲ ခြောက်ဖို့ တာဝန်ကျတယ် လာ သွားခြောက်ရအောင် ဟားဟားးးးးးးးးးးးးးးးး

    ReplyDelete
  3. အနော်ရေ.. ကျေးဇူးပါပဲဗျာ.. ဘလော့စရေးတဲ့အချိန်ကစပြိး အခုလို အမြဲတမ်းအားပေးတဲ့ စာဖတ်သူ တစ်ယောက်၇ှိတာ သိလိုက်ရလို့ အတိုင်းထက်အလွန် ၀မ်းသာမိပါတယ်။

    ကျွန်တော်လည်းအနော့်ရဲ့ ဘလော့လေးကို အမြဲတမ်းလာလည်ပါမယ်။
    ရောက်ရင် ရှိတာတွေ အကုန်ထုတ်ကျွေးဖို့သာ ပြင်ပေတော့။
    ခင်တဲ့
    သပသ

    ReplyDelete
  4. ကဗျာဆရာမလေးရေ
    အကြိုက်ဆုံးဘလော့မှာ ကိုယ့်ရဲ့ ရေးချင်တာတစ်ခုတည်းနဲ့
    ကျန်တာဘာမှမတွေးဘဲ လျှောက်လျှောက်ပြီးရေးနေတဲ့(အမှန်မှာထိုင်ပြီးရေးတာပါ)
    ကိုယ့်
    ရဲ့ဘလော့လေး ပါဝင်ခွင့်ရလို့ကျေးဇူးပါ
    အဲလိုအားပေးမှုနဲ့အတူရှေ့ဆက်ရေးရမယ့်စာတွေအတွက်
    တာဝန်ပိုကြီးလာတယ်လို့ခံစားမိပါတယ်။
    ကြိုးစားပြီးတော့လျှောက်လျှောက်ရေးသွားဦးမှာပါ
    စတဂ်တဲ့ကိုသက်တန့်ချိုက ၅ခုတည်းဆိုတော့ ဘလော့ကာတော်တော်များများအခက်တွေ့ကြရတယ်ထင်ပါတယ် တော်တော်များများက ဘလော့ငါးခုတည်း ပတ်လည်နေတာမဟုတ်ဘဲ အများကြီးကိုလည်လိုက်ဖတ်လိုက် လုပ်နေကြတာလေ၊
    အဲဒီထဲမှာကိုယ်လည်းအပါအဝင်ပါပဲ အစကလွတ်တယ်ထင်ပြီး ကြိတ်ပျော်နေလိုက်သေးတာ
    ပြီးမှ ဘယ်ဟုတ်မလဲ ဝက်ဝံကလေးက အားလုံးကို ဆိုင်းဝိုင်းထဲက ဗုံလေးတွေတီးသလို “တိန် တိန် တိန်”နဲ့ ပတ်tagလိုက်တော့ ကိုယ်ပါ ပါသွားပါလေရော
    တော်တော်လေးတော့စဉ်းစားရမယ့်ကိစ္စပဲ ကြိုက်တာတွေက
    တော်တော်များတာကိုး
    ထပ်ပြောလိုက်မယ်နော်ရေးး ကျေးဇူးပါ ။

    ReplyDelete
  5. သြော် အဖွဲ့သားအချင်းချင်း မမန့်ခင်အရင်မိတ်ဆက်လိုက်ဦးမယ်နော်။ လင့်လည်းချိတ်ခွင့်ပြုပါနော်။ ဒီပို့စ်လေးကိုဖတ်ပြီးတော့ ပါးလုံးကြားဖူးပီး မရောက်ဖူးသေးတဲ့ ဘလော့တွေကို သိခွင့်ရလိုက်ပါတယ်။ ဘာကြောင့်ကြိုက်တယ်ဆိုတာပါ တိတိကျကျလေးရေးထားတာ အားကျမိပါတယ်။
    ခင်မင်လျှက်
    အဖွဲ့သား ပါးလုံး

    ReplyDelete
  6. ကောင်း၏။ ပွင့်လင်းစွာ ပြန်ရှင်းပြတတ်လို့ အားကျမိတယ်။ တို့များတော့ ဘယ်လိုရေးရမလဲ မသိဘူး အနော်ရေ...

    ReplyDelete
  7. ညီမတော် ရှေးယခင်ရေစက်အား ကောင်းလှသဖြင့် ( တနာရီ ဂါလံ၅၀၀၀လောက်ဆိုတော့) ယခုဘလော့ဂ်ဂါဘ၀ တွေ့ကြရာ၌
    ကိုယ်တော်မျိုးကြီးတို့ မောင်နှမများကလည်း အနော်ဟူသော ညီမတော်ကို
    မြင်လျင်မြင်ချင်း ခင်မင်ရင်းစွဲ (ရင်းထောင်က ထန်းတဲမှာကျန်ခဲ့တယ်) ရှိလေသည်။ ဟီးဟိ ... သူဌေးမကို ညီမတော်ရတာလောက် ပိုကောင်းတာ
    ဘာရှိမတုန်း ... လိုချင်တာအကုန်မှာလို့ရတယ် .. မနာလိုမရှိနဲ့နော်

    ReplyDelete
  8. ညလေးရေ တကယ်ပါ..ညလေးကိုလည်း လူမမြင်ဖူးပေမယ့် တကယ်ကိုခင်မိတာပါ့..
    ရေစက်တွေထင်ပါရဲ့..
    အစ်မက တခါတလေ အလုပ်များပြီးစိတ်ညစ်လွန်းလို့ စီဘောက်မှာ အော်တာတွေကို ပြန်မအော်နိုင်တာကိုပဲ အားနာမိတာပါ..။
    anyway i'm very proud for being a friend/sis of u..cheers sis !

    ReplyDelete
  9. ကိုရန်ကုန်သားက အစ်ကို ခေါ်ခံရလို့စိတ်မချမ်းသာဘူးတဲ့၊ သူက နုချင်နေတာ ... ဟား ဟား :D
    အနော်ရေ ကြိုက်သလို ခေါ်ပါ၊ ရတယ်။ ရေစက်ရှိလို့ ခင်မင်ရတယ့် အတွက် ၀မ်းသာပါတယ်။ အနော်ညွှန်းပေးတဲ့ ဘလော့ (၅)ခုထဲက မေတ္တာရပ်ဝန်း မီးဖိုဆောင်လေး ကိုမရောက်ဖူးသေးဘူး၊ သွားလည်လိုက်ပါ့မယ်။ ခုတော့ကိုယ့်ပါ့ကိုယ် စမ်းတ၀ါးဝါး ချက်စားနေတာ :D
    အစစ အရာရာ အဆင်ပြေပါစေ ငါ့ညီမရေ
    ခင်တဲ့

    ReplyDelete
  10. အကြိုက်ချင်းတူတယ်နော် စိမ်းနဲ့...

    ReplyDelete