Friday, September 11, 2009

ကြေးမုံပြင်ထဲက နောက်တစ်ယောက် သို့မဟုတ် ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့အကြောင်းများ

သူတစ်ပါးက ကျမကို အမြင်ကတ်ရတဲ့အကြောင်းတွေကို ရေးတာဟာ မှန်းဆချက်သာ ဖြစ်လိမ့်မယ်လို့ ထင်မိတယ်လေ.. ဘာလို့ဆိုတော့ ချစ်ခင်တုန်း အချိန်တော့ ဘာလုပ်လုပ် ချစ်စရာကောင်းနေပီး အမုန်းဝင်လာပီဆိုရင်တော့ ချောင်းဟန့်တာက အစ ပြဿနာ ဖြစ်နေနိုင်တယ်လေ..

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အမြင်ချင်း ခံယူချက်ချင်း ယုံကြည်ချက်ချင်း မတူညီနိုင်ပါဘူး.. ယုတ်စွအဆုံး ကိုယ့်ရဲ့လက်ချောင်းကလေးတွေတောင် အတိုအရှည်မညီနိုင်သလို လက်မှာတောင် လက်ဖဝါးဘက်နဲ့ လက်ဖမိုးဘက်ဆိုပီး နှစ်ဘက်မတူတဲ့အတွက် လူတစ်ယောက်ရဲ့ စိတ်ဟာလဲ နှစ်မျိုး နှစ်စားရှိနိုင်ပါလိမ့်မယ်.

အဲ့ဒီတော့ အမြင်ကတ်တယ်ဆိုတဲ့ အကြောင်းရင်းဟာ စိတ်ခံစားချက်ပေါ် မူတည်ပီး ဖြစ်နိုင်တဲ့ မှန်းဆချက် သက်သက်မို့ ကျမကတော့ သေချာ ရေရာတဲ့ ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့ အကြောင်းကိုပဲ ပြောပြချင်မိတယ်…

ကျမတောင် ကိုယ့်ကိုယ်ကို အမြင်ကတ်မိရင် ကျန်တဲ့လူတွေလဲ ကျိန်းသေပေါက် အမြင်ကတ်ကြပါလိမ့်မယ်….. :P

ပထမဆုံးအချက် ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့အချက်က စိတ်ထိခိုက်ခံစားလွယ်တာပါ.. တစ်ခုခုဆို အပြင်းအထန်ခံစားပီး ခံစားချက်ပြင်းလွန်းမိတယ်.. စကားလေးတစ်ခွန်း အကြည့်လေးတစ်ချက် အပြုံးလေးတစ်ပွင့်နဲ့တင် ရင်တစ်ခုလုံး နာသွားတဲ့အထိ ခံစားချက်ပြင်းလွန်းပါတယ်… စိတ်ထိခိုက်တိုင်း စိတ်ထဲမှာ နာကျင်သွားတိုင်း စိတ်ထဲမှာ ဝမ်းနည်းသွားတိုင်း မျက်ရည်သွင်သွင် ကျမိတာပါပဲ.. အဲ့ဒီလို မျက်ရည်ကျတိုင်း ကိုယ့်ကိုယ်ကို မုန်းပါတယ်.. အမြင်ကတ်ပါတယ်.

ဒုတိယအချက်က ဟန်မဆောင်နိုင်တာပါ.. ရင်ထဲမှာ တစ်ခုခု ခံစားလိုက်ရပီ ဆိုတာနဲ့ ဟန်ကို မဆောင်နိုင်တာပါ.. ဝမ်းနည်းသွားတယ်ဆိုရင် ချက်ချင်း မျက်ရည်ဝဲပီး ငိုချင်လာတယ်.. စိတ်ဆိုးသွားတယ်ဆိုရင် နှုတ်ခမ်းစူပီး ဒေါသထွက်လာတယ်.. စိတ်ထဲမှာ နာသွားတယ်ဆိုရင် မျက်နှာချင်းတောင် မဆိုင်ချင်တော့ပါဘူး.. ကိုယ့်ကိုယ်ကို ဟန်ဆောင်တတ်အောင် ဘယ်လိုပဲ လုပ်ယူပါစေ အခုအချိန်အထိတော့ ဟန်ဆောင် မကောင်းဆုံးထဲမှာ ပါနေသေးတုန်းပါပဲ.. ဒါပေမဲ့ အခုတော့ နည်းနည်းတော့ ရင်ထဲမှာ ဝမ်းနည်းပေမဲ့ နှုတ်ခမ်းတွေကို ပြုံးတတ်အောင် လေ့ကျင့်ထားပါတယ်.. မျက်လုံးတွေကတော့ ငိုရီရီ မဲ့တဲ့တဲ့နဲ့ပေါ့..

တတိယအချက်က စိတ်မြန်တာပါ.. လုပ်စရာရှိတာဆို သိပ်မစဉ်းစားဘဲ လုပ်ပစ်မိတာပါ.. အဲ့ဒီလို လုပ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်မိတဲ့ ဆင်ခြေကတော့ အဲ့ဒီတုန်းက ငါဘာကြောင့် မလုပ်လိုက်ရလေခြင်းထက် ငါလုပ်လိုက်မိတဲ့အဖြစ်ကို ငါခံမယ်ဆိုတဲ့ စိတ်တင်းထားချက်ပါပဲ.. အဲ့တာကြောင့်လဲ သူငယ်ချင်းတွေနဲ့ဖြစ်စေ မိသားစုထဲမှာဖြစ်စေ အလုပ်ထဲမှာပဲ ဖြစ်စေ လုပ်စရာရှိတာဆို လုပ်ပစ်လိုက်လို့ ကျမက အမြဲတိုက်တွန်းပါတယ်.. လုပ်ဖြစ်အောင်လဲ အတင်း တိုက်တွန်းပါတယ်.. တခါတလေ ကိုယ်က ဦးဆောင်ပီး လုပ်လိုက်ပါတယ်.. အဲ့ဒီအတွက် အပြစ်ကတော့ ကိုယ်က ဆရာကြီးသိပ်လုပ်တယ်လို့ သူများက ထင်တာ စွပ်စွဲတာပါပဲ..

စတုတ္တအချက်ကတော့ စိတ်မဝင်စားဘူးဆိုရင် ဘယ်လိုလုပ်လုပ် စိတ်ကို မဝင်စားတာပါပဲ.. စိတ်မဝင်စားတဲ့ အကြောင်းအရာဆိုလဲ ဘေးမှာ ဘယ်လောက် ထိုင်ပြောနေပါစေ ဘယ်လိုမှ ဟန်ဆောင်ပီး နားထောင်လို့ကို မရတာပါ.. ငယ်ငယ်တုန်းက စိတ်ဆိုရင်တော့ ထကို ထွက်သွားတာပါ.. ဒါမှမဟုတ် ပြောနေတဲ့သူက ဘေးက ပြောနေပေမဲ့ ကိုက နားကို မထောင်တာပါ. အခုတော့ အဲ့ဒီလို အရိုင်းစိတ်ကို ဖျောက်ပစ်နေရပါတယ်.. စိတ်မဝင်စားပေမဲ့လဲ အင်း….. လိုက်ရတဲ့ အလုပ်ကို လုပ်တတ်အောင် လေ့ကျင့်နေရပါတယ်.. စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ပါ…

နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ဆုံးမ ဆုံးမ ဦးနှောက်က ဒါမလုပ်နဲ့ဆို နှလုံးသားက လုပ်ဖြစ်အောင် လုပ်မိတဲ့အဖြစ်တွေကိုပါပဲ.. တစ်ခုခု လုပ်မိတိုင်း တစ်ခုခု ခံစားရတိုင်း ရင်ထဲမှာ နာကျင်ရတာ ဝမ်းနည်းရတာတွေကို ပြန်ပြန်စဉ်းစားတိုင်း ကိုယ့်ကိုယ်ကို မုန်းပါတယ် ကိုယ့်ကိုယ်ကို အမြင်ကတ်ပါတယ်..

သူများတွေတော့ ကိုယ့်ကို အမြင်ကတ် မကတ် မသိပေမဲ့ ကျမကိုယ်တော့ ကျမ အင်မတန် အမြင်ကပ်ပါတယ်.. ကိုယ့်ကိုယ်ကို စိတ်ဆိုးတိုင်း မျက်ရည်ကျရတဲ့အဖြစ်ကိုလဲ အင်မတန် မုန်းပါတယ်.. မျက်ရည်တွေ မကုန်နိုင်တာကိုလဲ မုန်းပါတယ်… အမြင်ကတ်ပါတယ်…

ဝက်ဝံလေးရေ မရေးဖြစ် မရေးဖြစ်နဲ့ ခင်ခင်မင်မင် တဂ်ထားတဲ့ သူငယ်ချင်းလေးကို အားမနာ ပါးမနာ စာကို မရေးဖြစ်ဘူး ဖြစ်နေတယ် စိတ်မဆိုးနဲ့တော့နော် အခု ရေးလိုက်ဘီ သိလား…

တဂ်ထားတာနဲ့ ကိုက် မကိုက်တော့ မသိဘူး ရေးပစ်လိုက်တယ် ဟိဟိ…

လာဖတ်တဲ့ သူငယ်ချင်းတွေလဲ အနော့်ရဲ့ အမြင်ကတ်စရာအကြောင်းတွေ ဖတ်ပီး အနော့်ကို အမြင်မကတ်ကြပါနဲ့နော် ချစ်ကြမယ်ဆိုရင်တော့ အားကြီးပျော်မှာပဲ ဟိဟိ

ချစ်တယ်ဟုတ် …. (ချစ်သူနဲ့ ခင့်ကို မေးနေကျအတိုင်းလေး)

18 comments:

  1. အင်း..ဒါကြောင့်လည်း တို့တွေ လူမမြင်ဖူးပဲနဲ့ခင်နေကြတာဖြစ်မယ်..။
    တူတာတွေကအများကြီးကိုး...:)

    ReplyDelete
  2. ဖတ်ပြီးပြီ... အမြင်မကပ်ဘူးနော် သိလား.. :D
    နောက်ဆုံးခြုံကြည့်လိုက်တော့ အညာစောင်ကတော်တော်နွေးတယ်..
    ဟိ.. အလကားအတည်ပြောတာ :P
    ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတိုင်း အမြင်မကပ်နဲ့နော်.. သနားပါတယ် သူ့ခမျာ.. :D

    ReplyDelete
  3. အမြင်ကတ်စရာလား..
    အနော်က ငယ်သေးတာကိုး..
    ငယ်တဲ့လူတွေ အဲလိုဖြစ်နေမှ ကြိုက်တာ..
    ငယ်ဂုဏ်လေ..း)
    ချစ်တယ်ဟုတ်??

    ReplyDelete
  4. အနော်ရေ.. အမြင်မကတ်ဘူးဗျ.။ အမြင်က သူ့ဖာသာနေတာပါဗျာ..အဟီး။

    yu ya

    ReplyDelete
  5. ဝက်ဝံလေးSeptember 11, 2009 at 10:27 AM

    အနော် ရေ ချစ်သူဆိုတာလေးကို ပါ လင့်ခ် ထည့်လေ ဟိဟိ ဒါမှ သွားလည်ပြီး ချောက်တွန်း အဲ သွားလည်လို့ရမှာ ဟိဟိ

    ReplyDelete
  6. ဝက်ဝံလေးSeptember 11, 2009 at 10:28 AM

    ဖတ်သွားတယ် သိလား ကျေးဇူးးတင်တယ်နော် သိလား အားဂျီးပဲ ဟိဟိ

    ဘိုင်တာ့တာ လိမ့်ပြီနော် ဒုန်းးးးးးးးဒုန်းးးးးးးးးးးးးး

    ReplyDelete
  7. ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ကြည့်တတ်တဲ့ အတွက် လေးစားပါတယ်ဗျာ။အမြင်ကတ်တယ်ဆိုတာ စိတ်ဓာတ်ကို အစာကျွေးမှားသွားလိုနေမှာပါ။:P
    ချစ်သူခင်သူ ဝိုင်းဝိုင်းလည် ပေါများပါစေ။

    ReplyDelete
  8. ဝက်ဝံပိစိလေးတော့လုပ်ပြီ
    ချစ်သူလင့်တောင်ထည့်ခိုင်းနေတယ်
    ကိုယ့်ကိုကိုယ်တောင်အမြင်ကတ်နေတယ်ဆိုတော့
    အဖြစ်က သားကြီးနဲ့ခပ်ဆင်ဆင်ပဲ
    မှန်ကြည့်ပြီး ကိုယ့်ကိုကိုယ်ပါးရိုက်ချင်တာခဏခဏ
    (တကယ်တော့မလုပ်ဖြစ်ဘူး ဟီးး)
    ဦးနှောက်ရဲ့ဆုံးဖြတ်မှုကို နှလုံးသားကမနာခံတာ အနော်ငယ်သေးတာလည်းပါမှာပေါ့
    လောကကြီးကိုက ဟန်ဆောင်လောကကြီး မပြုံးချင်ဘဲလည်း
    ပြုံးပြရတယ် စိတ်မပါလည်း အားပေးရတယ်
    ရှေ့ဆက်ပြီးရင့်ကျက်အောင်မြင်ပါစေအနော်ရေ

    ReplyDelete
  9. လိမ့်ပြီနော် ဒုန်း ဒုန်း ဒုန်းတဲ့ ဝက်ပေါက်စလေးကတော့ ရယ်ရတယ် :)

    ReplyDelete
  10. ညီမလေးကိုယ့်ကိုကိုယ် အမြင်ကတ်တဲ့အကြောင်းတွေက မမအမြင်မှာတော့ ချစ်စရာကောင်းနေတယ်

    ReplyDelete
  11. အင်း ကိုယ့်ကိုကိုယ်လား အမြင်ကတ်ပါဘူး... ဟီဟိ ကိုယ့်ကိုယ်ကိုမှ မချစ်ရင် ဘူကလာချစ်မှာလဲလို့.... နော်လဲ... အမြင်မကတ်နဲ့ကိုယ့်ကိုကိုယ်... သိလား... စိတ်ပင်ပန်းပါတယ်ကွယ်...

    ReplyDelete
  12. အနော်ရေ
    ခံစားချက်တွေ ခံစားချက်တွေ ဟုတ်တယ် ဒါပေမယ့် လူတိုင်း ကိုယ့်လိုမဟုတ်ဘူးလေ ကိုယ်က နှစ်ပြီးခံစားထားပေမယ့် သူ များကခပ်ပါးပါးပဲ ဘာလို့ လဲဆိုတော့သူတို့ ကိုယ်၌က အလေး မထားတတ်တဲ့လူတွေ ဒါမှမဟုတ်ကိုယ့်အပေါ် ခံစားချက်သိပ်မရှိ တဲ့သူတွေ ဖြစ်လို့ နေမှာပါ .... နည်းနည်းလေး ဘေးထွက်ကြည့် အနော်ရ ကိုယ်က ဘေးကိုရောက်သွားရင် သူ့ ကိုလည်း မြင် သွား သလို ကိုယ့်ကိုလည်း မြင်သွားတာပဲ ချက်စ်ထိုးသလိုပေါ့ အဲဒီ အခါ သူ့ ကိုလည်း နားလည်သွားမှာဖြစ်သလို ကိုယ့်ကိုကိုယ်လည်း ဖြေသိမ့်နိုင်လိုက်မှာပါ အမြင်ကတ်တာကတော့ သူတို့ တွေ ရဲ့ အလုပ်လေ တတ်နိုင်ဘူး ဥပက္ခာပြုတဲ့အခါ ပြု မေတ္တာထားတဲ့ အခါထားပေါ့ ဒါပေမယ့် ကတ်တုန်းကတ်စဲ ကတ်လတ္တံပဲ ဒါပေ မယ့်ကိုယ်ချစ်တဲ့သူတွေ ကိုယ့်မိတ်ဆွေက အမြင်ကတ်လာ ရင်တော့ စဉ်းစားတော့ ဘာမှားသလဲပေါ့လေ မှားမှန်းသိ ပြင်လိုက်ရပါတယ် အမှားကြီးကိုသာ ပေတေပြီး မဆုပ်ကိုင်ထား ဖို့ ပဲဟုတ်ဖူးလား ဟီးဟီး ဆရာကလုပ်သေး တယ် သူငယ်ချင်းကို ဟုတ်ဖူးနော် အဲလို စကားပြောတာ အမြင် ချင်းဖလှယ်တာ .... နောက်မန့် တစ်ခုမှာ အနော့်အတွက် စကားလက်ဆောင် ရိုက်ထားပေးလိုက်မယ် ဆရာတော် ဦးဆေကိန္ဒရဲ့ စကားလေး .... အိုကေ
    ဘိုင်ဘိုင်
    ရန်ကုန်သား
    အဆင်ပြေပါစေ :)

    ReplyDelete
  13. အထင်မလွဲပါနဲ့ 
    ဆုံးဖြတ်နိုင်သူကို ဇွတ်တရွတ်လုပ်တယ်လို့ 
    ချင့်ချိန်တတ်သူကို သရဲဘောကြောင်တယ်လို့ 
    ရက်ရောသူကို လက်ဖွာတယ်လို့ 
    စည်းကမ်းနှင့်ပေးသူကို ကပ်စေးနည်းတယ်လို့ 
    ခေါင်းဆောင်နိုင်သူကို နေရာယူတတ်လို့ 
    ကျွမ်းကျင်သူကို လည်လွန်းတယ်လို့ 
    အထင်မလွဲပါနဲ့ 
    ဓမ္မဒူတ အရှင် ဦးဆေကိန္ဒ
    ဒါနဲ့ စီဘုံးထဲမှာ တာဝန်မကျေတဲ့ညီမဆိုတာ အဲလိုမရှိဘူးနော် အနော် သူငယ်ချင်း၊ စိတ်လည်းမဆိုးတတ်ဘူး အနော့်လို ကျွန် တော့ အမာခံစာဖတ်ပရိတ်သတ်ကို ဘယ်နှယ့်လုပ်စိတ်ဆိုးရ မလဲ အားတဲ့အချိန်မှ လာဖတ်နိုင်မှာပေါ့။ မရှိဘူး မရှိဘူး အဲဒါ မျိုး ။တစ်ခုပဲ ရောက်လာနေကျသူတွေ မရောက်လာရင်တော့ မျှော်မိတာအမှန်ပဲ ... ဒါလဲ အလုပ်များနေတာ အချိန်မရတာ ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ခင်မင်မှုဟာ စကားလုံး တွေနဲ့ ဖော်ပြဖို့ မစွမ်းပါဘူး လှိုင်းအလျားမရှိသလို တစ်ယောက် နဲ့ တစ်ယောက် သိနေခင်နေတယ်ဆိုတာ အိမ်လေး တွေကိုရောက်တိုင်း လူတိုင်းခံစားရတာပဲလေ ဟုတ်တယ်ဟုတ်
    ကဲ ရှည်သွားဘီ ဟီးဟီး
    သေချာတယ် ဖတ်တဲ့သူတော့ မြင်းပြင်းတွေ ကပ်လိုက်မယ့် ဖြစ်ချင်း တတ်နိုင်ဘူး သူငယ်ချင်းတွေဒီလိုစကားမပြော ဘယ်လိုပြောမလဲနော ....
    ခင်တဲ့
    ၇န်ကုန်သား
    အေးမြသာယာပါစေ :)))

    ReplyDelete
  14. အနော့်ကို နှစ်သိမ့်ပေးကြတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေကို တကယ့်ကို ကျေးဇူးအများကြီးတင်ပါတယ်နော် အခုလတ်တလော အသေးအဖွဲလေးတွေလို့ ယူဆခဲ့မိတဲ့ အရာတွေက ကြီးကြီးမားမား ဖြစ်သွားတဲ့အခါ ကိုယ်က ဒီလို ဆိုလိုရင်း မဟုတ်ခဲ့လို့ ပိုပီး စိတ်မကောင်းဖြစ် အကြီးကြီး ဝမ်းနည်းနေမိတဲ့ အတွက် ခေါင်းတွေလဲ နာ ငိုရလွန်းလို့ မျက်လုံးတွေလဲ ကိုက်နဲ့ ဝမ်းနည်းနေတဲ့အချိန်မှာ နှစ်သိမ့်ပေးကြတဲ့ အားပေးစကားပြောပေးကြတဲ့ အနော့်ကို ချစ်ခင်ကြတဲ့
    ချစ်တဲ့ အကို brook, ချစ်တဲ့ခင်၊ ချစ်တဲ့ ခရမ်း၊ သူငယ်ချင်းလေး ဖြူနဲ့ အနော့်ကို ကွန်မန့်ပေးခဲ့ကြတဲ့ အကိုယုယ၊ ဝက်ဝံလေး၊ အကို ချမ်းလင်းနေ၊ မမရှရွန်၊ သူငယ်ချင်းစိမ်း၊ အနော့်ကို အမြဲတမ်း ကဗျာတပုဒ်ချင်း စာတပုဒ်ချင်း သေသေချာချာ ရှင်းပြ ဆွေးနွေးပေးတဲ့ အကို သားကြီး၊ အကို ရန်ကုန်သားနဲ့ ခြေရာမချန်ခဲ့ပေမဲ့ စိတ်ကူးယဉ်အိပ်မက်လေးထဲကို အလည်လာကြတဲ့ သူငယ်ချင်းတွေကို တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင်..

    ReplyDelete
  15. ကျနော့်ကို အမြင်ကပ်ရတဲ့အကြောင်းကတော့ သိပ်အသန့်ကြိုက်လွန်းပြီး စကားပြော ယဉ်ကျေးလွန်းလို့ပါတဲ့။ ( ဆဲနည်းနဲ့ စောက် ကို လုံးဝ မသုံးတာကို ဆိုလိုတာပါ။ ) ဟက်ဟက်။ အံ့သြောစရာကြီးနော် ဒေါ်လေး။ =)

    ReplyDelete
  16. အနော့် ကို ကျွန်တော်ကပြောချင်တယ်ဗျို့ .. တစ်အချက်၊နောက်ကျလို့ တောင်းပန်ချင်တာ၊နှစ်အချက် နုလုံးသားနဲ့ ဦးနှောက်မှာ နှလုံးသားက
    ပိုပြီး လျှင်မြန်စွာ ထိခိုက်တတ်ပါတယ်၊သုံးအချက်ကတော့  နှလုံးသား
    မှာ အရောင်စွန်းထင်းသွားတော့ မှ ဦးနှောက်ကတော်တော်လေးပြန်ပြီး
    ခြင့် ချိန်စွဲထုပ် ဆုံးဖြတ်ရတာကြီးပါပဲလို့ ။နှစ်ခုထဲကတစ်ခုကိုရွေးချယ်ဘို့ 
    ကတော့  ကိုယ်ဘယ်လောက် ခံနိုင်ရည်ရှိမှု၊မရှိမှုပေါ်မှာတည်ပါတယ်လို့ ။

    ReplyDelete
  17. အမြင်ကတ်စရာတွေ မဟုတ်ပါဘူး အနော်ရယ်။ အားလုံးခြုံကြည့်တော့ ရိုးသားမှုနဲ့ ပေါ့ပါးလွတ်လပ်မှုတွေပဲ တွေ့ရတယ်။ “ကျမတောင် ကိုယ့်ကိုယ်ကို အမြင်ကတ်မိရင် ကျန်တဲ့လူတွေလဲ ကျိန်းသေပေါက် အမြင်ကတ်ကြပါလိမ့်မယ်” ဆိုတာလဲ မဟုတ်ပါဘူး။ တခါတခါ ကိုယ့်ကိုကိုယ် အမြင်ကတ်မိတဲ့ဟာတွေက သူများတွေအမြင်မှာ ချစ်စရာလေးတွေတောင် ဖြစ်နေတတ်ပါတယ်...း)

    ReplyDelete
  18.ွှအနော်ရေ
    ပထမ အချက်ကနေ့ စပြီး အားလုံးနီးနီးတူတယ်၊ ထစ်ကနဲဆို မျက်ရည်ကကျလို့ ကိုယ့်ကိုကိုယ် ဒေါသဖြစ်မိတယ်၊

    ReplyDelete