Wednesday, October 28, 2009

ဝေးလွင့်ခြင်း

ဘယ်တော့နီးရမလဲ မသိ
ဘယ်လောက်ဝေးရမလဲ မသိ
အဲ့ဒီ အချစ်ဆိုတဲ့ ခံစားချက်ကို
ငါ လျစ်လျူရှုလိုက်ပီ

ကံမကောင်းခဲ့ဘူးတဲ့
ပြန်ပြောင်းမပြောချင်ခဲ့တဲ့
အတိတ်က ဇာတ်ကြောင်းတွေထဲ
မင်းနဲ့ငါ ပျော်ဝင်ခဲ့တယ်

မျှော်လင့်ချက်တွေပေးပီး
ရှင်သန်စေချင်တာ မဟုတ်ဘူးတဲ့
ဒါပေမဲ့လဲ
မျှော်လင့်ရင်းနဲ့ပဲ တို့တွေဝေးခဲ့ကြတယ်

နားလည်ပေးပါတဲ့
အရေးမပါတဲ့ အလွမ်းတွေတောင်
ငါ့ရင်ထဲ သိမ်းထားပီးမှ ချစ်သူရယ်
အပြစ်မယူရက်ပါဘူး

တစ်နေရာစီ ဝေးရမယ့်အတူတူ
တစ်ကမ္ဘာစီ ထပ်ဝေးကြမယ်
တို့နှစ်ယောက် ပြန်ဆုံရင်တောင်
ရင်မခုန်ကြေးလေ

အဆွေးဆိုတာ အတွေးက စသတဲ့
အကြွေးကို အကျေဆပ်ခဲ့ပါတယ်
မင်းနဲ့ငါ ဒီဘဝ မနီးသမျှ
နောင်ကမ္ဘာ ဆယ်သက်ဝေးကြပါစို့

ပြည့်စုံ
(၂၆-၁၀-၂၀၀၉၊ ၁၂း၃၉ am)

(အနော် အကြိုက်ဆုံး အဆိုတော် ကိုလေးဖြူရဲ့ အလဲအကွဲ သီချင်းကို နားထောင်ရင်း ဒီကဗျာလေးကို ရေးခြစ်မိတာပါ :P)

10 comments:

  1. ဝေးလွင့်ခြင်းတွေနဲ့ အဆုံးသတ်
    ဘ၀ရဲ့အနားသတ် ပြတ်ရွေ့ကြားမှာ
    အပ်ကြောင်းထပ်တလဲလဲနဲ့ အလဲလဲအပြိုပြိုဖြစ်ခဲ့ရတဲ့ မင်းနဲ့ငါကြား
    အတိတ်က အကြောင်းတွေ ပြန်ပြောမနေဘူး ...
    အဆွေးပုရပိုဒ်စာတွေ မရေးဖွဲဘူး ....
    ခပ်ရို့ရို့ပဲ .. ဆပ်ခဲ့မဲ့အကြွေး
    မင်းအကျေချေဖို့ မတောင်းဆိုပေမယ့်
    ငါချေဖြစ်ခဲ့တယ် ....
    အချစ်ဟာ
    နှလုံးသွေး ပင်မကြောက ဆင်သက်လာခဲ့ပြီလား
    အတွေးကြားမှာပဲ စီးဆင်းဖြတ်သန်းခဲ့တာလား ..
    မရေရာပါဘူး ..
    သေချာတာတစ်ခုက ပြတ်ရွေ့ခြင်းအလျင်နောက်
    ငါတရွေ့ရွေ့နဲ့ လိုက်ပါသွားတာ
    ရင်ခုန်သံတွေ အဆုံးမသတ်ပေမယ့်
    ချစ်ခြင်းရဲ့ စည်းချက်တွေ ကန့်သတ်ချက်မဲ့သွားတာ
    ငါ့တစ်ကိုယ်စာ လူးလွန့်ရုံသာ ရှိပါတယ် ချစ်သူ ....။

    ReplyDelete
  2. မျှော်လင့်လျှက်နဲ့ဝေးချင်ဝေးခဲ့မယ်
    ဒါပေမယ့် မျှော်လင့်ချက်မကုန်သေးသ၍
    နောင်တနေ့နေ့ဆိုတာ ရှိလာဦးမှာပေါ့
    ပြန်ဆုံလည်းရင်မခုန်ကြေးဆိုတာရယ်
    ဒီဘဝမနီးသမျှ နောင်ဆယ်သက်ဝေးမယ်ဆိုတာရယ်ကိုတော့
    တယ်လည်းမတွေးရဲဘူးကွယ်

    ReplyDelete
  3. လေးဖြူကိုကြိုက်တဲ့နေရာမှာတော့ တူသွားပြီပေါ့
    သီချင်းကိုဆင့်ပွားခံစားဖွဲ့ဆိုထားတာလေး ကောင်းတယ်
    ကိုယ်ဆိုရင် နားထောင်ဖို့လောက်ပဲတတ်နိုင်တယ်
    ကဗျာမဖွဲ့တတ်လို့ :)

    ReplyDelete
  4. ဝေးသော အရပ်မှ ချစ်နေမယ်တဲ့လား
    ဝမ်းနည်းရင်း ကြေကွဲရင်း လွမ်းဆွေးရင်း ပြိုလဲရင်း
    ဟင်းးးးးးးး ... ဒီကမ္ဘာမှာပြေးတွေ့ လိုက်မယ် ဆယ်ကမ္ဘာ မှာလည်း ပြန်ဆုံကြမယ် ... ပျော်ရွှင်ရင်း ကြည်နူးရင်း ရှင်သန်ရင်း အသစ် အသစ်တွေ ဖြစ်ထွန်းရင်း ....ချစ်ခြင်းကို အသက်သွင်းရင်းလေ
    အလွမ်းတွေ နဲ့ သာဆို တစ်စက္ကန့် တောင် အသက်မရှုချင်ဘူးလေ ဝေးလွင့်ခြင်းရေ ..... ဘဝထဲက ထွက်သွားပေးပါ
    အနော်ရေ နီးဖို့ ပဲ စိတ်ကူးထားတာကောင်းမယ်ထင်တယ် ဟဲဟဲ ဝေးလွင့်ခြင်းများနဲ့ ဆရာမ ကဗျာက လှပ၏ သို့ သော် လွမ်းရမှာတော့ကြောက်၏ .....
    ခင်မင်လျှက်
    ရန်ကုန်သား

    ReplyDelete
  5. တော်တော်သံယောဉ်ကြီးတာပဲဗျ။ မုံးတဲ့ သံယောဇဉ်လေ။ သတိရတိုင်းကို
    မုံးနေတော့ မှာမို့ ပါ။ ဆယ်ကမ္ဘာတောင်မှမနီးချင်ဘူးဆိုတော့ 
    ဆယ်ကမ္ဘာလုံးလုံး မနီးဘို့  မသိစိတ်က သတိရနေမဲ့  အမုန်းသ့ဝောဇဉ်
    ပေါ့ နော်။

    ReplyDelete
  6. အားးးးးးးး နောက်ဆုံးအပိုဒ်ကြီးက ပြင်းလွန်းပါတယ် ... မခံစားနိုင်ဘူး ဟူး ဟူး... ရက်ချက်တယ်... :P

    ReplyDelete
  7. အချစ်ကို တကယ်ဘဲလျှစ်လျှုရှုလိုက်ပြီလား...ငယ်ငယ်လေးရှိသေးတယ်

    ReplyDelete
  8. ကဗျာလေးဖတ်ပြီးခံစားသွားပါတယ်။ဖတ်ပြီးစိတ်မကောင်းဘူး
    ညီမလေးရယ်။

    ReplyDelete
  9. ဒီမလဲ အလဲအကွဲပဲရှင်။း)

    ReplyDelete
  10. အရေးမပါတဲ့ အလွမ်းတွေတဲ့လား....။
    သူ့အတွက်အရေးမပါပေမယ့်.....:(

    ReplyDelete