Wednesday, November 25, 2009

အထီးကျန်ရခြင်းအကြောင်း

အချစ်တဲ့ လား . . ဟင့်အင်း
ငါမသိချင်ပါဘူး . . . နင်ကပူလောင်တယ်

သံယောဇဉ် ဟုတ်လား တော်ပါပြီဟာ . .
ငါ့ကို ချီနှောင်ထားမယ့် အရာတွေမို့လား . .
ငါမသိချင်ပါဘူး . . .နင်ကဖျက်ဖို့ခက်တယ်

မေတ္တာတရားတဲ့လား . . . တော်ပါတော့
မုန်တိုင်းမလာခင် တိုက်ခက်လာတဲ့လေပြေ . .
ငါမယုံပါဘူး အဲဒီလေပြေလေးကို ငါခံစားလိုက်ရင်
ပီးတော့မုန်တိုင်းထဲမှာ ငါမျောလွင့်သွားမှာမဟုတ်လား . .

သစ္စာတရားတဲ့လား . . . သွားပါတော့ဟာ . .
ငါ့ကိုလာမပြောပါနဲ့ . . ပြောဖို့လွယ်သလို .
ဖောက်ဖျက်ဖို့လည်းလွယ်တဲ့စကားလုံးလေးပါ
ဒီခေတ်ကြီးထဲမှာ သစ္စာမရှိဘူးဆိုတဲ့စကားကိုပဲကြားဖူးတယ်

ကတိ စကား တဲ့လား . . နားထောင်လို့တော့ကောင်းသားပဲ . .
ငါမယုံပါဘူး . . . အမြဲပြောင်းလဲနေတဲ့လောကကြီးမှာ . .
အဲဒီစကားကို ငါ ယုံလိုက်ရင် . . ငါမျှော်လင့်ရင်းရူးနေရမှာပေါ့

ငါလိုချင်တာ . . . ပူလောင်ခြင်းကင်းတဲ့ အချစ်တွေပါ
ငါလိုချင်တာ . . . တွယ်တာမှုမရှိတဲ့သံယောဇဉ်တွေပါ
ငါလိုချင်တာ . . . မုန်တိုင်းမလာပဲတိုက်ခက်နေတဲ့လေပြေအေးလေးကိုပါ
ငါလိုချင်တာ . . . ပြောင်းလဲခြင်းမရှိတဲ့ သစ္စာတရားတွေပါ
ငါလိုချင်တာ . . . တက်နိုင်သလောက်ပဲပေးတဲ့ ကတိ စကားတွေပါ . . . .

ချစ်သူလေး (26.3.2009)

(ဆားချက်ကြည့်တာပါ ဟိဟိ ဒီတစ်ခါဆားကတော့ ပင်လယ်ရေက ချက်တာမဟုတ်ပါဘူး မျက်ရည်ကနေ ချက်တာပါ... မျက်ရည်ကလဲ ငန်တယ်ဟုတ် :P)

8 comments:

  1. အထီးကျန်ရခြင်းက နဲနဲငံသွားတယ်။:P
    အချစ်တွေ၊သံယောဇဉ်တွေ၊ကတိတွေ၊သစ္စာတရားတွေ၊ မေတ္တာတွေ ဒါတွေအားလုံးက မရှိမကောင်း ရှိမကောင်းတွေပါညီမရေ။ နှောင်ဖွဲမှုကင်းကင်းနဲ့ ငြိမ်းအေးပျော်ရွှင်ပါစေဗျာ။ ကဗျာအတွေးလေးကို သဘောကျမိပါတယ်ဗျာ။

    ReplyDelete
  2. ဟ ဟ ကဗျာလေးကကောင်းရက်နဲ့များ ...ဆားခတ်ရတယ်လို့... ဆားခတ်တဲ့အကြောင်းလေးရှင်းပြမှပိုရင်ထဲမကောင်းဖြစ်သွားတယ်... မလုပ်ပါနဲ့ဗျာ..အဲဒိလိုကြီးတော့....

    ReplyDelete
  3. အထီးကျန်ရခြင်းအကြောင်း ... ... ...
    မလိုချင်တာတွေမို့ အထီးကျန်သွားတာ

    ReplyDelete
  4. ငါလိုချင်တာ . . . တက်နိုင်သလောက်ပဲပေးတဲ့ ကတိ စကားတွေပါ . . . .


    သိပ်လှတဲ့ စာစုလေးပါပဲ နှစ်သက်မိတယ်
    အကိုရောအဲဒီလို လုပ်နိင်ခဲ့ရဲ့လား တွေးနေမိတယ်။

    ReplyDelete
  5. အင်း... ပြောရမယ်ဆိုရင် ရနိုင် ခဲ ဖြစ်နိုင်ခဲ တဲ့  တောင်းဆိုမှုတွေပါလို့ ။

    ReplyDelete
  6. ကိုယ့်အတ္တတွေကို ရှေ့တန်းတင်တာ သိပ်များသွားတဲ့အခါလည်း အထီးကျန်ရတယ်။
    အဲအတွက် ၀မ်းနည်းနေမယ်ဆိုရင်ပေါ့ ..
    မှတ်ချက်။ မိမိကိုယ်ကို ကျေနပ်နေသူများ မပါ။း)

    ReplyDelete
  7. ဆားကို သနားစရာလေးဖြစ်အောင်ချက်ထားတယ်ပေါ့

    ReplyDelete
  8. အနော်လေးရေ...ဆားချက်တာလေးကို လာဖတ်သွားတယ်...
    အလုပ်တွေမဟားဒရားကို များနေတယ်ကွယ်....:(

    ReplyDelete