Thursday, September 9, 2010

အလွဲ

အဲ့ဒီတစ်ဖက်ကို ငါတိမ်းလိုက်လို့
ကမ္ဘာကြီးက ပိုယိမ်းသွားတာမဟုတ်ဘူး မဟုတ်လား

အခြားတစ်ဖက်ကို ငါရွေးလိုက်လို့
ကမ္ဘာကြီးက ပိုဝေးသွားတာ မဟုတ်ဘူး မဟုတ်လား

ဟော့ဒီဖက်မှာ ငါနေနေလို့
ကမ္ဘာကြီးက ပိုပြီး နွေးလာတာ မဖြစ်နိုင်ဘူးလား

အဲ့ဒီတစ်ဖက်မှာ မင်းရှိနေရုံနဲ့
ငါ့ကမ္ဘာကြီးက ပိုနွေးလာတာ မင်းသိတယ်မဟုတ်လား

မင်းနဲ့ငါ အတူမရှိနေရုံနဲ့
ငါတို့ကမ္ဘာကြီးက ပိုပီး တိမ်းစောင်းလာတယ် မင်းထင်သလား

ဟော့ဒီကမ္ဘာကြီးလေ
၂၃ ၂ ပိုင်း ၁ ပိုင်းဒီဂရီမှာ
ငါရီတာနဲ့ပဲ ပိုမတိမ်းသွားလောက်ပါဘူး
ငါငိုရင်ရော ပိုယိမ်းသွာဦးမှာလား
အဲ့ဒီအတွေးတွေနဲ့ပဲ ငါလေ
မတိမ်းပါဘူး အတွေးနဲ့
ယိမ်းနေတဲ့ ကမ္ဘာကြီးမှာ
ခြေထောက်တွေ ခိုင်ခိုင်ရပ်နေမိတယ်

ပြည့်စုံ
(၉-၉-၂၀၁၀၊ ၁၁း၄၉ pm)

7 comments:

  1. ယိမ်းနေတဲ့ ကမ္ဘာကြီးမှာ ..
    ကျွန်တော်တို့  ရေလိုက်ငါးလိုက်မနေတတ်တာ ..
    အပြစ်လို့ တော့ မပြောနဲ့ နော် ...


    ခင်မင်လေးစားလျှက်
    အုပ်ကြီး

    ReplyDelete
  2. သူ့ဟာသူ နေတဲ့ ကမ္ဘာကြီးကို ရန်သွားမစပါနဲ့ဗျာ ...

    ReplyDelete
  3. ခိုင်မာတဲ့ ခြေထောက်တွေနဲ့ မြဲမြဲသာ ရပ်ပါ အနော်လေးရေ။

    ReplyDelete
  4. ဒီကဗျာလေး ဂွတ်တယ်
    တပိုဒ်လောက်တော့ ခိုးကူး ခွင့်ပြုပါ။

    ReplyDelete
  5. ဂွတ်...အရမ်းမိုက်စ်... အရမ်းခိုက်စ်

    ReplyDelete
  6. တကယ်လို့  ...
    ကမ္ဘာ ကြီးက ပြား နေတယ် ဆိုရင် ရော...
    ရေးတဲ့ သူက ကြံဖန်ရေးတော့ လဲ
    ဖတ်တဲ့ သူက ရေးတဲ့ သူ ကို မှီအောင်လိုက် တွေးမိတယ်လေ..။

    ခင်တဲ့ 

    ReplyDelete
  7. ယိမ်းချင်သလိုယိမ်း ၊ တိမ်းချင်သလိုတိမ်း ကမ္ဘာကြီးလည်း သူဖြစ်ချင်သလိုဖြစ်နေတာပါပဲကွာ...။ ခိုင်ခိုင်ရပ်နေမိတာကိုက ငါ့ညီမတော်တယ်....။

    ReplyDelete