Thursday, May 12, 2011

ဒိန်းဂျား (အန္တရာယ်)

ဒီလိုပါပဲ
ကိုယ်ဟာ ဘယ်လောက်အလေ့ကျသလဲဆို
ရွက်ကျရာ ပင်ပေါက်လိုက်တဲ့အထိ

ခံစားချက်ကရောတဲ့
ချစ်သလား မုန်းသလား မဝေခွဲနေတော့ဘူး
သူလိုကိုယ်လို

သူ့အတွက်တဲ့
မပြောရက်လို့ ပြောမထွက်လိုက်တဲ့ စကားလုံးတွေစုသိမ်း
ခပ်စိမ်းစိမ်း ပြုံးပြလိုက်ပါတယ်..

မျှော်လင့်ချက်တွေနဲ့တဲ့
အဲ့ဒီသံသေတ္တာကို နာမည်တပ်ပေးလိုက်မယ်
မင်းကိုယ်မင်း မရေရာရင်
အဲ့ဒီသော့မှာ ပတ်စဝပ်မထည့်လိုက်နဲ့

ပြောတာပါပဲ
ဒီလိုဟိုလိုတွေများဆိုတာ
အမှန်တရားဆိုတဲ့ဟာတွေချည်းပဲတဲ့
သူ့စိတ်ထဲ

မသေချာမှုတွေ များလွန်းလို့တဲ့
အဲ့တာကရော သေချာရဲ့လား
မေးခွန်းမှာကိုက မရေမရာ

အချစ်လား အမုန်းလား
နှစ်ခုလုံး တွဲမထားပါနဲ့
သူတို့တွဲနေတာကို
အန္တရာယ်..


ပြည့်စုံ
12/5/2011, 3:25 pm

3 comments:

  1. အနော်လေး ကဗျာတွေမဖတ်ရတာ ကြာလှပေါ့။
    အချစ်နဲ့ အမုန်းက ဒွန်တွဲနေတာဆို ..
    တွဲထားလို့မရရင်လဲ တွဲစားလိုက်မယ်ကွာ။း)

    ReplyDelete
  2. ဒိန်းဂျားဆိုရင်တော့
    အစိမ်းမစားနဲ့ ပေါ့ဗျာ ....
    အချစ် နဲ့  အမုန်းတွဲထားမှတော့
    အင်း ......ဒိန်းဂျားပဲပေါ့ဗျာ

    ခင်မင်လေးစားလျှက်
    အုပ်ကြီး

    ReplyDelete
  3. အချစ်နဲ့ အမုန်းက ဒွန်တွဲနေတာ ဆိုလားလို့ လို့ ..
    တွဲထားလို့မရလဲ ရှုပ်ပါတယ် ချက်စားလိုက်ကြစို့ ..း))

    ReplyDelete