Tuesday, June 21, 2011

တစ်ခန်းရပ်ပြဇာတ်

ရပ်နေပေမဲ့ သွားနေတုန်း
စိတ်တွေက
ဟိုးအသေင်္ချာ အင်္သချာကမ္ဘာတွေဆီ
အလင်းနှုန်းရဲ့အမြန်နဲ့
စိတ်အလျဉ်ကိုအားကိုးပြီး
အရောက်သွားခဲ့တယ်..

လင်းတလှည့် မှိန်တလှည့်
ငါ့အနာဂတ်မှာ
ပျော်ရွှင်မှုတွေချည်း ကြီးစိုးပါလို့
တောင်းဆုတွေ ခြွေခဲ့ဖူးတယ်..

တခဏတာ အပျော်နဲ့
တစ်ဘဝစာအဖော်လို
ပျော်ရွှင်စွာ ငါ့အနား မင်းမနေခဲ့ဘူး

စာနာမှုဆိုတာတွေကလဲ
သွားတော့မယ်ပြောပြီး
ထွက်ခွာမသွားသေးတဲ့ ခြေလှမ်းတွေတပြင်ပြင်နဲ့
ငါ့စိတ်တွေကို မီးတိုက်နေတုန်း
ဗြုန်းဆို လေနီကြမ်းတွေဝေ့တော့
အဆောတလျင်ဝေးခဲ့ရပြီပေါ့

ဝေးတုန်းခဏပဲ
ငါ့အတွေးထဲ မင်းကို မေ့သွားတယ်
ရုတ်တရက် သတိတရရှိတော့
ငါတို့နှစ်ယောက်ချစ်ခြင်း
စွဲလမ်းခြင်းတွေပဲဆိုတာ သိလာရတယ်

ဒါနဲ့များတောင် အချစ်တွေလို့ ထင်ယောင်မှားနေတုန်း
ရုန်းမရတဲ့အတွေးတွေကို ဆတူဖြတ်
မင်းနဲ့ငါ တစ်ခန်းရပ်ပြဇာတ်ကခဲ့ကြတယ်..

ဒီဇာတ်လမ်း
အသဲကွဲဇာတ်လမ်းလို့ အမည်တပ်လိုက်ပါတယ်..
တစ်ခန်းရပ်ပြဇာတ်အနေနဲ့ပေါ့..

ပြည့်စုံ
12:30 pm , 24-6-2011

2 comments:

  1. တချို့က ပြောကြတယ်။
    Love is just an illusion တဲ့ ..
    ဟုတ်သလိုပါပဲနော် အနော်လေးရဲ့ ..

    ReplyDelete
  2. “ငါတို့နှစ်ယောက်ချစ်ခြင်း
    စွဲလမ်းခြင်းတွေပဲဆိုတာ သိလာရတယ်... ”
    ဒါဆို...
    တခန်းရပ်တာ အကောင်းဆုံးပဲ ထင်ပါရဲ့။

    ReplyDelete