Sunday, September 25, 2011

အိပ်မက်အကြောင်း Feeling 27

ကျမတို့ မက်ခဲ့သော အိပ်မက်တွေသည် ဘဝတွေနဲ့ အလဲအထပ်လုပ်ပီးမှသာ မက်ခွင့်ရခဲ့သည်။ အိပ်မက်တစ်ခုကို မက်ခွင့်ရဖို့ဆိုသည်မှာ အိပ်မက်တွေကို နှလုံးသားထဲထည့်ပြီး လက်ထဲမှာ ကိုယ်ပိုင်ဆိုင်ခဲ့သမျှအရာတွေကို စုစည်း ဆုပ်ကိုင်ရင်း အနာဂတ်တွေကို ကံကြမ္မာနဲ့ လောင်းကြေးထပ်ခဲ့ကြရခြင်း ဖြစ်သည်.

အိပ်မက်တွေသည် မက်ခွင့်ရသည့်အချိန်မှာသာ လှပသလောက် အကောင်အထည်ဖော်နေရသည့် အချိန်တွင် နာကျင်စဖွယ် ကောင်းလှသည်. ပေးဆပ်ခဲ့ရသည်.. ရယူခဲ့ရသည့် အချိန်တွေလဲ ရှိသည်.. ဆုပ်ကိုင်ထားသမျှကို လက်လွတ်ခဲ့ရသည်.. လိုအပ်နေသေးသည့် အရာတွေကိုလဲ ထပ်ရခဲ့သည်.. အိပ်မက်တွေ ပြောင်းမက်ခဲ့ရသည်လည်း ရှိခဲ့သလို ဘဝတွေ ပြောင်းလဲသွားသည့်အချိန်တွေလဲ ကြုံခဲ့သည်.. ပြောင်းလဲဖို့အတွက် အချိန်သည် ခဏတာသာ ဖြစ်သည်.

အချိန်ခဏလး ပြောင်းလဲဖို့အတွက် အရင်းအနှီးတွေ တပုံကြီး ပေးဆပ်ခဲ့ရသည်.. မျှော်လင့်ချက်တွေ တသီကြီး ချခင်းခဲ့ရသည်.. စိတ်ကူးတွေ တစ်လှေကြီး တွေးတောခဲ့ရသည်.. သို့ပေမဲ့ ပြောင်းလဲသွား သည့် အချိန်သည် ခနတာသာဖြစ်သည်. အချိုးအကွေ့ အလှည့်အပြောင်း ဒါတွေသည် မြန်ဆန် သွက်လက်လှသည်..

အချိုးအကွေ့ မြန်သလို အလှည့်အပြောင်းလဲ မြန်လှသည်.. ဘဝ၏ အဆစ်အချိုးတွေတိုင်းတွင် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တွေနဲ့ ဆုံးဖြတ်ခဲ့ရတာတွေ ရှိနေသလို သူတစ်ပါးက ချခင်းပေးထားသည့် လမ်းတွေမှာ လျှောက်နင်းခဲ့ရသည် အချိန်တွေလဲ ရှိခဲ့သည်.. မျှော်လင့်သည့်အတိုင်း ဖြစ်မလာသော အိပ်မက်တွေနှင့် မျှော်လင့်ချက်တွေထက် ပိုမိုသာလွန်သည့် အိပ်မက်တွေကိုလဲ မက်ခွင့်ကြုံခဲ့နိုင်သည်..

တချို့အိပ်မက်တွေသည် မက်နေရင်းနှင့် ပျောက်ဆုံးသွားခဲ့ဖူးသည်.. တချို့အိပ်မက်တွေသည် မက်ခွင့်ကြုံနေသည့် အချိန်တွင်ပင် လုံ့လစိုက်ထုတ်စရာမလိုဘဲကို အလိုလိုပြီးပြည့်စုံခဲ့သည်လည်း ရှိသည်.. တချို့ တချို့လူတွေအတွက်ကျတော့ အိပ်မက် မက်နိုင်ခွင့်တောင် မရှိပေမဲ့ တချို့ တချို့ လူတွေအတွက်ကတော့ အိပ်မက်တွေကို လိုသလောက် အထပ်ထပ် မက်ခွင့်ရခဲ့သလို မက်နိုင်ခွင့်တွေလဲ တစ်ပုံတစ်ပင် ရခဲ့ကြသည်.

အိပ်မက်မက်နေသည့်အဆုံးနှင့် အိပ်မက်မက်ခွင့်ရနေသည့်အချိန်တွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ရလိမ့်မည်ဟုတော့ မမျှော်လင့်သင့်ပေ..

ပြည့်စုံ
(၁၀း၅၉ pm, 25-9-2011, Sunday)

1 comment:

  1. ဟုတ်တယ်အနော်... ခင်က အိမ်မက်လဲ မက်ချင်တယ်။ နှစ်နှစ်ခြိုက်ခြိုက်ကလဲ အိပ်ချင်သေးတာ။ လောဘကြီးတယ်နော်။း)

    ဖီလင်တွေက ရိပ်ကနဲ ရိပ်ကနဲ ဖြတ်ပြေးနေကြ။ မြန်လွန်းလို့ ကိုယ့်ဖီလင်နောက်က ဂဏန်းကိုတောင် ပြန်မကြည့်ရဲတော့ဘူး ခု.. 3+ ဖြစ်တွားဘီ။ ဘိုလုပ်ရပါ့ :'( :P

    ReplyDelete