Thursday, July 16, 2009

လမ်းခွဲတခုရဲ့ အစ

လမ်းခွဲတခုရဲ့ အစဟာ
အချစ်တခုရဲ့ နိဒါန်းလဲ ဖြစ်နိုင်သလို
အချစ်တခုရဲ့ နိဂုံးလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
မျှော်လင့်ချက်တခုရဲ့ ရောင်ခြည်လဲ ဖြစ်နိုင်သလို
ဆုံးရှုံးမှုတခုရဲ့ ပြယုဂ်လဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
နှုတ်ဆက်ခြင်းတခုရဲ့ နာကျင်မှုလဲ ဖြစ်နိုင်သလို
ကြိုဆိုမှုတခုရဲ့ ပျော်ရွှင်ခြင်းလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
ဝမ်းနည်းမှုတွေရဲ့ မျက်ရည်လဲ ဖြစ်နိုင်သလို
ပျော်ရွှင်ခြင်းတွေရဲ့ အပြုံးတွေလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
အောင်မြင်ခြင်းတွေရဲ့ လှေကားထစ်လဲ ဖြစ်နိုင်သလို
ဆုံးရှုံးခြင်းတွေရဲ့ ခြေချော်မှုတခုလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
လမ်းမကြီးပေါ်ရောက်ဖို့လဲ ဖြစ်နိုင်သလို
လမ်းအိုလေးကို ဖဲ့ဆင်းဖို့လဲ ဖြစ်နိုင်ရဲ့

ဘာပဲဖြစ်ဖြစ်ပေါ့လေ
လမ်းခွဲတခုရဲ့ အစမှာ
ကိုက ထွက်ခွာနိုင်သူ ဖြစ်ခဲ့ပြီ…..

ပြည့်စုံ (5-12-2008/ 12:00 PM)

1 comment:

  1. လမ်းခွဲဖို့အကြောင်းတွေမဆိုရဲဘူး....

    အားလုံးမေ့လို့ရရင်တောင် သူ့ကိုမမေ့နိုင်ဘူးလေ....

    သူငယ်ချင်းပြည့်စုံရေ...
    ခံစားမှုတွေကို စကားလုံးတွေအဖြစ် ပုံဖော်ထားတာ ထိတယ်ဗျာ....

    ပျော်ရွှင်ပါစေ....
    ပြည့်စုံ (ဝေါသားလေး)

    ReplyDelete