Friday, July 24, 2009

မေမေ့တမ်းချင်း

အမှာစာမဟုတ်ပါ
ဒီလိုနဲ့  ကဗျာဆရာတစ်ယောက်မဟုတ်ခဲ့ပြန်ဘူး
အိမ်ပြန်ချိန်တွေကို သတိရတတ်တဲ့ 
အဝေးရာက်သမီးအနေနဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့နော်……
အလွမ်းကြိုးက ရစ်ပတ်
မေမေ့အပြုံးတွေ စွဲလမ်း
မေမေ့အနမ်းတွေကို တမ်းတလို့ 
ပြန်ရက်တွေ မရောက်နိုင်
ကြာလွန်းတဲ့ နွေရက်များ
ခွဲခွာခြင်းရဲ့ အပူ
သမီး ရင်လောင်မြိုက်
မှောင်မိုက်ညတွေ
မကုန်နိုင်ပါ
ဆုံစည်းခွင့် အလှမ်းဝေး
ပြေးလို့သာ အရောက်လာချင်
ရင်ထဲက သီကုံး စကားလုံးတွေရင်ဖွင့် 
ရင်နင့်အောင်လွမ်းခဲ့
မေမေသိအောင်ပြောဖို့ 
ဆုံချင်ပြီ မေမေရေ...........................

ရဲရင့်ချစ်

(ကျမရဲ့ ချစ်လှစွာသောမောင်ကလေးက ကျမအတွက်ဆိုပီး ရေးပေးတဲ့ မေမေ့တမ်းချင်းကဗျာလေးပါ၊ အမေ့ကို လွမ်းနေတဲ့အချိန် သူစပ်ပေးထားခဲ့တာပါ။)

5 comments:

  1. ရည်မှန်းချက်တွေအမြန်ဆုံးအောင်မြင်ပြီး... မေ့မေ့ရင်ခွင်ထဲပြန်လည်တိုးဝင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...

    ReplyDelete
  2. ပြန်စရာ အမေ့ရင်ခွင် မရှိတော့ဘူးအမရ

    မျှော်လင့် တမ်းတ လွမ်းစိတ်ကတော့ ခုထိရှိတုံး

    အမ အမေနဲ့တွေ. ရင်ကျနော့ အတွက်ပါပိုပျော်လိုက်နော်

    ReplyDelete
  3. တမ်းချင်းလေးကောင်းပါတယ်။ အမေအတွက်ဆို ဘာလုပ်လုပ်ကောင်းပါတယ်။

    ReplyDelete
  4. အမေ့ရင်ခွင်ထဲကို အောင်မြင်မှုများစွာနဲ့ အမြန်ဆုံးပြန်လည်ခိုဝင်နိုင်ပါစေလို့ ဆုမွန်ချွေလိုက်တယ်နော်။ ပျော်ရွှင်ပါစေမရေ.....

    ReplyDelete
  5. မေမေ..တမ်းတမိပေါ့ မေမေ..(ထူးအိမ်သင် သီချင်းလေး ညည်းသွား၏)
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete