Tuesday, July 21, 2009

အိမ်လွမ်းနာ

ငါတို့ရဲ့အိမ်အပြန်လမ်း
တခါတလေမှာ မှန်းဆတွေးမိတယ်
တမ်းတတဲ့ အတွေးတွေနဲ့ပေါ့

အုန်းပင်တွေနဲ့ ပတ်ချာဝိုင်းနေတဲ့
ငါတို့ရဲ့ အိမ်ဝိုင်းကလေး
လေရိုင်းတွေ မတိုက်ခင်ကပေါ့
အခုတော့ အုန်းပင်တွေလဲ မရှိတော့ဘူး

သူငယ်ချင်းတွေလဲ တကွဲတပြား
ချစ်ခင်မှုတွေလဲ ယိုယွင်းသွားပီ
အမေ့ကိုလွမ်းတယ်
အိမ်အိုလေးကို လွမ်းတယ်
သူငယ်ချင်းတွေကို လွမ်းတယ်

အခုအချိန်မှာ ငါ့မြို့ကလေးက
ငါလျှောက်ခဲ့ဖူးတဲ့ လမ်းကလေးကရော
အရင်ကလိုပဲ ငါ့ကို မှတ်မိပါ့ဦးမလား

မိုးရွာရင် အမေ့ကိုလွမ်းတယ်
နေပူရင် သစ်ပင်ရိပ်လေးတွေကိုလွမ်းတယ်
အလွမ်းတွေ ရင်နဲ့မဆံ့လို့
နှုတ်ဖျားက ထုတ်ပြောလိုက်မိတယ်
သိပ်လွမ်းတယ် အမေ

ပြည့်စုံ (၂၁-၇-၂၀၀၉၊ ၁း၃၀ am)

ကဗျာမပီ၊ စာမပီပါ... အမေ့ကို သတိရလို့ ရေးဖွဲ့လိုက်တာပါ.... :(

4 comments:

  1. ခုပဲ မီးမီးချစ် ဘလော့က ပိုက်ဆံအိတ်တွေသွားငေးရင်း အမေ့ကိုသတိရနေတာ။ အမေတွေအားလုံးကျန်းမာကြပါစေလို့။

    ReplyDelete
  2. ကဗျာဖတ်သွားတယ်...မိုးရွာရင်ကော..နေပူရင်ကော...မိုးအုံ့ရင်ကော...အမေ့ကိုလွမ်းတာပဲနော်..။
    ကြော်ငြာရေးသွားတာ..အဲ..မှားလို့ comment ရေးသွားတာ ကျေးဇူးပါ...kwi kwi..:)

    ReplyDelete
  3. အမေ့ကိုလွမ်းနေတဲ့ သမီးလေးပျော်ရွှင်ပါစေ.... :)

    ReplyDelete
  4. ကဗျာလေးဖတ်ပြီး အမေ့ကိုသတိရသွားတယ်ဗျာ ..

    ReplyDelete