Monday, August 17, 2009

လောကဓမ္မတာ

မျက်ရည်ကျမှ ငိုပြတာ မဟုတ်သလို
သွားဖြဲပြတိုင်းလဲ ရယ်ပြတာ မဟုတ်ဘူး
မိတ်ဆွေ လူ့အကဲကို သေသေချာချာ ခတ်ပါ......

ဘဝဟာ ထင်သလောက်လဲ မရိုးရှင်းဘူး
မြင်သလောက်လဲ မလှပဘူး
ဘဝင်မှာ ဟက်ခနဲထိသွားတဲ့ကိစ္စက
တစ်သက်စာတော့ မကဘူး....

သက်သေတဲ့....
အချက်တွေကို ခိုင်လုံအောင် စုစည်းကာမှ
အမျက်ဖြေလင်္ကာကို ရွတ်ချိန်မရလိုက်လို့
ဒေါသတွေ ပေါင်းထူထပ်သွားရတယ်

ဟောင်းနွမ်းတဲ့ စိတ်အတွေးနဲ့
အဟောင်းတန်းဘေးမှာ ဝတ်ရုံဆင်လိုက်မိတယ်
သပ်သပ်ရပ်ရပ်တော့ ရှိပါရဲ့
အဟောင်းနံ့ထွက်နေတာက ခက်တယ်

စိတ်ကူးတွေ လတ်ဆတ်မလားရယ်လို့
ရေခဲသေတ္တာထဲ ထည့်မိကာမှ
အပုပ်ခံပီး သိမ်းထားသလိုဖြစ်သွားတယ်

ဘဝက ဘကုန်းနဲ့ဝလုံး ပေါင်းထားတာတဲ့
ဒါပေမဲ့ မရုန်းနိုင်တဲ့ နှောင်ကြိုးထဲ
ကုန်းရုန်းကာ ခံနေရတယ်
ပြုံးတုံ့တုံ့လေးတော့ ဟုတ်ဘူးပေါ့……….

ပြည့်စုံ (၁၇-၈-၂၀၀၉၊ ၁၀း၄၆ pm)

11 comments:

  1. ပြောတော့ ၀တ္ထုဆို..
    ခုတော့ကဗျာ..ဟွန်း..
    ဘာရေးရေး ဂွတ်နေတာပါဘဲ (ခရမ်းစကား ဟိ)

    ReplyDelete
  2. ကဲ အနော်ရေ... စကားလုံးရှာမရဘူး။ ဘာပြောရမှန်းမသိဘူးဟာ။ ကောင်းလိုက်တဲ့ကဗျာ။ တပိုဒ်လုံးနီးပါး ကူးချမိတယ်။
    အင့်။။။ ဒါတွေ အကုန် ပြန်မန့်တယ်ဟာ။
    မျက်ရည်ကျမှ ငိုပြတာ မဟုတ်သလို
    သွားဖြဲပြတိုင်းလဲ ရယ်ပြတာ မဟုတ်ဘူး။
    ဘဝဟာ ထင်သလောက်လဲ မရိုးရှင်းဘူး
    မြင်သလောက်လဲ မလှပဘူး။
    ဟောင်းနွမ်းတဲ့ စိတ်အတွေးနဲ့
    အဟောင်းတန်းဘေးမှာ ဝတ်ရုံဆင်လိုက်မိတယ်
    သပ်သပ်ရပ်ရပ်တော့ ရှိပါရဲ့
    အဟောင်းနံ့ထွက်နေတာက ခက်တယ်။
    စိတ်ကူးတွေ လတ်ဆတ်မလားရယ်လို့
    ရေခဲသေတ္တာထဲ ထည့်မိကာမှ
    အပုပ်ခံပီး သိမ်းထားသလိုဖြစ်သွားတယ်။
    ဘဝက ဘကုန်းနဲ့ဝလုံး ပေါင်းထားတာတဲ့
    ဒါပေမဲ့ မရုန်းနိုင်တဲ့ နှောင်ကြိုးထဲ
    ကုန်းရုန်းကာ ခံနေရတယ်
    ပြုံးတုံ့တုံ့လေးတော့ ဟုတ်ဘူးပေါ့……….

    ReplyDelete
  3. ဘ ကုံး ဘ ၀လုံးဝ အသေအချာအလေးနက်မသိချင်ပါ ဘာလည်းဘ၀ ကြုံလည်းခဏ.... ဟဲဟဲ... ငါဟုတ်ဘူး လေးဖြူပြောတာ....

    ပျော်ရွှင်ပါစေ
    ပြုံစေ့လေးရေ..

    ReplyDelete
  4. ဘကုံးနဲ့ ၀လုံးပေါင်းမှာတော့ ကုန်းကုန်းလုံးလုံးကြီးပေါ့ ငါ့ညီမရဲ့

    ဘယ်လိုမှာ ကျောဆန့်ချိန်မရတဲ့ ဘ၀တွေပေါ့ အပုတ်ခံပြီး မသိမ်းနဲ့ အကုန်ထုတ်စားပစ်လိုက်

    ReplyDelete
  5. အေးပေါ့ဟာ .. လောကဓမ္မတာအရတော့ အကျကြီးပဲလည်းတော့ ဘယ်ဟုတ်မလဲ အတက်လည်းလာမှာပေါ့... ဟုတ်ဘူးလား

    ReplyDelete
  6. မနော်ရေ... စိတ်ကူးကို ဒီတစ်ခါ မပုပ်သွားအောင်း ဆေးဆိမ်ထားဗျ... အဟီး..

    yu ya

    ReplyDelete
  7. မျက်ရယ်ဆိုတာ အငိုမှာချည်းမဟုတ်ဘူး
    အပြုံးမှာလည်းပါတတ်တယ်
    သွားဖြဲပြတယ်ဆိုတာ ရယ်ပြတာလည်းဖြစ်နိုင်တယ်
    “နေနှင့်ဦးပေါ့ကွာ”ဆိုပြီး မချိတင်ကဲ ကြိမ်းဝါးမှုလည်းဖြစ်နိုင်တယ်
    “အမျက်ဖြေလင်္ကာ”ဆိုတဲ့စာသားလေးကြိုက်တယ်
    ခြုံငုံပြီးပြောရရင်...
    ခုကဗျာဟာ ကျနော်အကြိုက်နဲ့ညီတယ်
    စကားလုံးတွေဆန်းသစ်တယ်
    စာသားလေးတွေ ထိရှတယ်
    နောက်ပြီး...ကဗျာမှာ ရစ်သမ် တွေပါနေတယ်

    ReplyDelete
  8. ကဗျာက စာသားတွေကောင်းတယ်ဗျာ။ဒဿနတွေပဲ။
    ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  9. အနော်က စာရေးကောင်းသလို ကဗျာလည်း ရေးကောင်းတာပဲ
    ကဗျာကောင်းလေးတွေ မပေါများတဲ့ ဘလော့လောကမှာ အနော်ရဲ့ ကဗျာက
    ကဗျာကောင်းလေးပါပဲ...။

    အားပေးပါတယ်...။

    ReplyDelete
  10. ဘ၀က ဘကုန်းနဲ့ ၀လုံး ပေါင်းထားတာတဲ့၊
    မရုန်း နိုင်တဲ့ နှောင်ကြိုးထဲ ကုန်းရုန်းလို့ခံ
    အရှုံးတော့ မပေးဘူး၊ ဘ၀ဆုံးတဲ့ အထိ
    ပြုံးကြည့်လိုက်မှ မချိုမချဉ် ဖြစ်သွားမိ။

    (ကဗျာ ဖတ်ပြီး ငါးခူပြုံးပြုံး သွားတယ်)

    ReplyDelete
  11. ဟိုးဟိုး..ကဗျာလေး..ကောင်းလိုက်တာ..
    ညလေးက တော်လိုက်တာ..
    စာတွေလည်းများကြီးရေးနိုင်တယ်....:)

    ReplyDelete