ဆရာ ညီပုလေးရဲ့ လရောင်များနဲ့ ကခုန်ခြင်း ဝတ္ထုစာအုပ်ကလေးကို ဖတ်မိတဲ့အချိန်မှာ ကျမ သိပ်သဘောကျတာ တစ်ခုက အဲ့ဒီဝတ္ထုထဲမှာ ဇာတ်ဆောင် ကောင်ကလေး ဂစ်တာတီးပီး သီချင်းဆိုတဲ့အကြောင်း ရေးဖွဲ့ထားတာ ပါပါတယ်. အဲ့ဒီစာအုပ်ဖတ်ဖူးတာ တော်တော်လေး ကြာနေပါပီ. ဒါပေမဲ့ မှတ်မိနေသေးတာကတော့ သူ သီချင်းဆိုတဲ့အကြောင်းလေးပါ. အဲ့ဒီဝတ္ထုထဲမှာ သီချင်းတွေ ဆိုရင်း ဆိုရင်း သူ ပျော်ရွှင်တဲ့အကြောင်းလေး ရေးဖွဲ့ထားတာပါ. အဲ့ဒီသီချင်းဆိုတဲ့ နေရာလေးကို ကျမ ချစ်လွန်းလို့ အမြဲပဲ အမှတ်ရနေမိတယ်. ဒီနေ့ အဲ့ဒီစာအုပ်ကိုဖတ်ဖြစ်ပါတယ်.
စာအုပ်ဖတ်တာကို အရမ်းနှစ်သက်သလို ကျမရဲ့ နောက်ဝါသနာတစ်ခုကတော့ သီချင်းနားထောင်ပီး သီချင်းလိုက်ဆိုတာပါ. သီချင်းတော်တော်များများကို လိုက်ဆိုနိုင်ပါတယ်. အဆိုတော်လုပ်ချင်လို့လား ဆိုတော့ မဟုတ်ပါဘူး. သီချင်းတွေရဲ့ စာသားတွေ အဓိပ္ပာယ်တွေ သံစဉ်တွေ လေးနက်မှုတွေ အတွေးအခေါ်တွေ ဒါတွေကို နှစ်ခြိုက်မိတာပါ. ပီးရင် အဆိုတော်ကလဲ သူ့ဘာသာသူအော် ကျမကလဲ အနောက်ကနေ သူ့ထက် မလျော့တဲ့ အသံနဲ့  လိုက်အော်တာပါ.
အမှတ်မိဆုံးနဲ့ မမေ့နိုင်ခဲ့ဖူးတဲ့ လရောင်နဲ့အတူ သီချင်းဆိုတဲ့ညလေးအကြောင်းကို ပြောပြချင်ပါတယ်.
ကျမတို့ ဒဂုံမြို့သစ်ကို စပြောင်းခါစပါ.
၁၉၈၉-၉၀ ပြည့်နှစ် ကျမအသက် ၆ နှစ် မပြည့်တတ်သေးတဲ့အချိန်မှာပဲ ကျမတို့ရဲ့ နေရာဟောင်း ကလေးကို ကျူးကျော်ဆိုပီး အတင်းဖျက်သိမ်းပေးခဲ့ရတယ်လို့ အမေက ပြောခဲ့ဖူးတယ်. ကျမတို့အတွက် ဘိုးဘွားပိုင်မြေဆိုပီး အစားပြန်ပေးရတော့ ဒဂုံမြို့သစ်ကို စရောက်ခဲ့တာပေါ့.
ကျမ အမှတ်မိဆုံးကတော့ ကျမတို့ကို စစ်ရိန်းဂျား ကားကြီးတွေနဲ့ သယ်လာပီး ကွင်းပြင်ခေါင်ခေါင် တိုင်လေးတိုင် စိုက်ထားတဲ့ မြေကွက်လပ်ကြီးရဲ့ ရှေ့မှာ ကားပေါ်ကနေ ပစ္စည်းတွေကို ပုံချပေးခဲ့တာကိုပါပဲ.
ဘေးအခင်း အပြင်မှာ ဘာမှမရှိ. တဲလေးထိုးပီး အိမ်ဆောက်ဖို့ အဖေနဲ့ အကိုကြီးတို့ရယ် ဘေးနားက လက်သမားတွေနဲ့ အိမ်တိုင်လေးထူပီး အိမ်ဆောက်ဖို့ ပြင်နေချိန်မှာ ကျမရယ် ကျမ မမရယ်ကတော့ သိပ်ပျော်နေပါပီ. လေတဟူးဟူးတိုက်ပီး ကွင်းတီးခေါင်ခေါင်ကြီးမှာ သောက်ရေမရှိ စားစရာမရှိ နောက်ဆုံး သစ်ပင်လေးတောင် ကျိုးတိုးကျဲတဲ ဘေးနားမှာလဲ ဆောက်လက်စ အိမ် တစ်လုံးစ နှစ်လုံးစက လွဲလို့ ဘာဆို ဘာမှမရှိတဲ့ နေရာကြီးမှာ လူကြီးတွေက စိတ်ညစ်နေပေမဲ့ ကျမတို့အတွက် ကတော့ ပျော်ရွှင်ခြင်းတွေ လွတ်လပ်ခြင်းတွေ အတိပြီးနေပီလေ.
အိမ်ဆောက်ဖို့ တိုင်တွေထူပီး ဘေးနားမှာ တစ်ဖက်ရပ်တဲလေး ဆောက်ပီး အဲ့ဒီမှာ နေရတဲ့အချိန်မှာ အိမ်ဆောက်ဖို့အတွက် ဝါးထရံလိပ်ကြီးတွေ သွပ်ပုံတွေ ဝါးလုံးတွေ ဝယ်လာပီး ဘေးမှာပုံထားပါတယ်. ညဘက် ထမင်းစားအပီးမှာ ကျမတို့ မောင်နှမတတွေက အဲ့ဒီ ဝါးထရံလိပ်ကြီးအပေါ်မှာ တက်အိပ်ကြပါတယ်. အကိုတွေက ဝါးလုံးပုံပေါ်ထိုင်လို့ပေါ့. အပေါ်မှာ ဘာအကာအရံမှ မရှိတဲ့ လွတ်လပ်တဲ့ ကောင်းကင်ကြီးကို မော့ကြည့်လို့ပေါ့. ကြယ်တွေက သိပ်လှတယ်. ကောင်းကင်မှာ ကြယ်တွေ အများကြီးပဲ. လေကလဲ တဖြူးဖြူးတိုက်လို့ပေါ့. အကိုအငယ်က စပီး ဝါးလုံးတိုနဲ့ ဝါးလုံးပုံကြီးကို စခေါက်ပါတယ်.
နောက်တော့ အကိုအလတ်က သီချင်းစဆိုပါတယ်. အကိုအလတ်က ကျမတို့အထဲမှာ သီချင်းဆိုတာ အကောင်းဆုံးပါ. ကျမတို့တွေ သီချင်းတွေ လိုက်ဆိုကြပါတယ်. ကျမက ငယ်ငယ်ကတည်းက သီချင်းတကြော်ကြော် အော်ဆိုနေကြပါ. ဒါကြောင့် သူတို့နဲ့အပြိုင် လိုက်ဆိုနိုင်ပါတယ်. ဆိုရင်း ဆိုရင်းနဲ့ သီချင်းတွေက မကုန်တော့သလိုပဲ. ကျမတို့ သီချင်းဆိုနေတာကို လမင်းကြီးရယ် ကြယ်ကလေးတွေရယ်က နားထောင်ပေးကြတယ်လေ. လက်ခုပ်တွေတောင် တီးမယ်ထင်ရဲ့. သိပ်ပျော်စရာကောင်းခဲ့တဲ့ညလေးပါ.
အဲ့ဒီ့တုန်းက သီချင်းဆိုခဲ့တာကို ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်တွေးတိုင်း အမြဲအမှတ်ရသလို ကြည်နူးရပါတယ်. အဲ့ဒီ သီချင်းဆိုသံကို ကြားရတော့ ဘေးနားက ဆောက်လက်စ အိမ်တွေက လက်သမားတွေလဲ သူတို့ရဲ့ စားစရာလေးတွေ ယူလာပီး ကျမတို့ရဲ့ မီးခွက် မှိတ်တုတ်တုတ် ထွန်းထားတဲ့ တဲကလေးဆီ ရောက်လာကြပီး စကားတွေပြောရင်းနဲ့ သီချင်းတွေ လိုက်ဆိုကြတယ်. ကျမတို့ရဲ့ သီချင်းသံတွေက ဟိုးကောင်းကင်ယံ အထိတောင် ရောက်မလားဘဲ.
ကျမ သိပ်သဘောကျတဲ့အရာတွေဆို ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပြန်စဉ်းစားလိုက်တိုင်း အမြဲ အသေးစိတ်က အစ အမှတ်ရနေပါတယ်. အဲ့ဒီ လရောင်များနဲ့ ကခုန်ခြင်းမှာ သီချင်းဆိုတဲ့ နေရာလေးကို အမြဲပြန်ပြန်သတိရတိုင်း အဲ့ဒီနေရာလေးရယ် ကျမတို့ မောင်နှမတတွေ သီချင်းဆိုဖြစ်တဲ့ အချိန်ကို ကိုယ်တိုင် ရောက်သွားသလိုကို ခံစားရပါတယ်.
ဖတ်ရင်းနဲ့ အရမ်း စိတ်ထဲမှာ တခုခုခံစားလိုက်ရလို့ စာအုပ်ကို ရင်ဘတ်ပေါ်မှာ အသာဖိလိုက်ပီး ကျမ မျက်ရည်ဝဲလာမိတယ်. ဒါပေမဲ့ မငိုမိပါဘူး. ကြည်နူးရလွန်းလို့ စိတ်ထဲ သတိရလွန်းလို့ မျက်ရည်က အလိုလိုကျလာတာပါ. တစ်ချိန်ချိန်တော့ အဲ့ဒီလိုမျိုး လွတ်လပ်တဲ့ အချုပ်အနှောင်ကင်းတဲ့ ဘာမှ နှောင်ဖွဲ့ထားတာတွေ မရှိတဲ့အချိန်ကို ရောက်လာမှာပါ. အဲ့ဒီအခါကျရင်တော့ ကျမတို့တွေ ကိုယ့်တေးကို ကိုယ်ကျူးရင့်လို့ ကိုယ့်လမ်းကို ကိုယ်ကိုယ်တိုင် ဖောက်နိုင်ကြမှာပါ…..
ပြည့်စုံ (၁၆-၈-၂၀၀၉၊ ၁၀း၀၀ pm)
(အဲ့ဒီစာအုပ်လေးကို ဖတ်မိတဲ့အချိန်မှာ ရုတ်တရက် ပေါ်လာတဲ့အတွေးနဲ့ မျှော်လင့်ခြင်းကောင်းကင် ဆိုတဲ့ ကဗျာလေးကို စပ်မိပါတယ်. နောက်တော့ အခု ဒီစာစုလေးကို ရေးဖွဲ့ဖြစ်တာပါရှင်)
အငဲကတော့“ဝိဥာဉ်များနှင့်ကခုန်ခြင်း”တဲ့
ReplyDeleteအငဲမဟုတ်တဲ့ အနော်ကတော့“လရောင်များနဲ့ကခုန်ခြင်း”ဆိုပါလား
ဆရာညီပုလေးရဲ့titleပေါ့ ဆရာညီပုလေးစာတွေတော်တော်များများဖတ်ဖူးတယ် ကြိုက်လည်းကြိုက်တယ်
ကိုယ်သိတာပေါ့ အနော်နဲ့အစ်ကိုတွေရဲ့ လရောင်သံစုံညမှာ
ကြယ်လေးတွေက ပြိုးပြိုးပြက်ပြက်နဲ့ ကောင်းကင်ထက်မှာ မြူးထူးကခုန်နေကြတယ်ဟုတ်
အနော်တို့က စိတ်လွတ်အော်ဆိုနေတော့ ကြယ်မြည်သံကိုဘယ်ကြားရပါ့မလဲ
ဖတ်ရင်းနဲ့မီးခွက်အရောင် မှိတ်တုတ် မှိတ်တုတ် အောက်က နော်တို့ရဲ့ဂီတပွဲသဘင်ကို လွမ်းမောသွားတယ် :)
ငယ်ဘဝတွေဆိုတာ ဘယ်အချိန်ပြန်စဉ်းစား စဉ်းစား အမြဲ စိမ်းစိုသစ်လူးနေမြဲပါ
အနှောင်အဖွဲ့ကင်းတဲ့တစ်နေ့နေ့မှာ နော်တစ်ယောက်
နော့်ရဲ့တေးတွေကို အတိအလင်း သီကြူးနိုင်ပါစေ ။
သူငယ်ချင်းပြုံစေ့လေးရေ...
ReplyDeleteမျှော်လင့်ထားသမျှတွေ စိတ်ကူးထားသမျှတွေ....
တစ်နေ့တော့ ရောက်လာမှာ...
တနေ့တလံ ပုဂံဘယ်ရွေ့မလည်း ဆိုသလိုပေါ့ဗျာ....
ချစ်သူငယ်ချင်း...
ပြည့်စုံကြီး (ဝေါသားလေး)
သူငယ်ချင်း ပြုံစေ့လေး
ReplyDeleteမျှော်လင့်ထားသမျှတွေ
စိတ်ကူးထားသမျှတွေ
တနေ့တော့ ရောက်လာမှာပါ....
တနေ့တလံ ပုဂံဘယ်ရွေ့မလည်း ဆိုသလိုပေါ့ဗျာ...
ချစ်သူငယ်ချင်း
ပြည့်စုံကြီး
အနော်ရေ....
ReplyDeleteလမင်းကြီးရယ်၊ ကြယ်ကလေးတွေရယ် လက်ခုပ်တီးအားပေးတဲ့ အနော်တို့ မောင်နှမရဲ့ လွမ်းဆွတ်ကြည်နူးစရာကောင်းတဲ့ သီချင်းဆိုပွဲလေးကို အားကျသွားပါတယ်နော်။ အချုပ်အနှောင်ကင်းပြီး ကိုယ့်တေးကိုယ်ကျူးလို့ ကိုယ့်လမ်းကိုယ် အောင်မြင်စွာ ဖောက်ထွက်နိုင်တဲ့ တစ်နေ့  အမြန်ဆုံးကျရောက်နိုင်ပါစေဟာာ။။။။။
၁..၁..၁. ကွ.. ပြီးမှ သေချာဖတ်ပြီး လာမန့်မယ်
ReplyDeleteဒါက ကဗျာလေးဖွဲ့ဆိုရာ အကြောင်းရင်းလေးပေါ့... အနော်သီချင်းဆိုတာ နားထောင်ချင်လိုက်တာ
ReplyDeleteအင်း..နားလည်တယ်..အဲ့လိုခံစားမှုမျိုးကို..
ReplyDeleteငယ်ဘ၀တွေကပျော်စရာတွေချည်းပါပဲလေ..
အသက်တွေကြီးလေ..ဘာမှန်းမသိတာတွေနဲ့ ချာလပတ်ရမ်းလေပဲ..
လရောင်ဟာ လူတွေ ရဲ့ နှလုံးကို အေးမြစေတယ်နော် ..... ပျော်စရာကောင်းလိုက်တာ အနောရာ ကျနော်လည်း အဲလို မောင်နှမတစ်သိုက်နဲ့ လရောင်အောက်မှာ သီချင်းတွေ ဆိုချင် လိုက်တာ အနော် ကသီချင်းတွေ အတော်ကြိုက်တယ် ထင် တယ် ကျနော်ကတော့ သီချင်းဆိုကောင်းလွန်းလို့ လူတိုင်းက ချီးကျူးရတယ် နောက်တစ်ခါ မဆိုပါနဲ့ တော့တဲ့ :D သီချင်းဆို လို့ ဟုတ်တိ ပတ်တိ တစ်ပုဒ်မှ အစအဆုံးမရဘူး ဟီးဟီး .....
ReplyDeleteဆိုလိုက်ရင်လည်း အသံဝါကြီးနဲ့ တလွဲချည်းပဲ ဟဟ.... ဟုတ်ပါ တယ် အနော် ကိုယ် ဘဝထဲက မထင်မှတ်တဲ့  အမှတ် တရ တော်တော်များများ ဟာ မျက်လုံးမိတ်ပြီးတွေးလိုက်မိတဲ့  အခါ တိုင်း ရုပ်ရှင်ပိတ်ကားပေါ်မှာကြည့်ရသလို တရိပ်ရိပ်နဲ့ ကို ပြန် ပေါ်လာတာ ... သိပ်ကြည်နူးစရာကောင်းသလို ပြန်မရ နိုင် တော့တဲ အခါလည်း သိပ်ဝမ်းနည်းစရာကောင်းတယ် ... လ ရောင်ရဲ့ အေးမြမှုမှာ ကခုန်ပျော်မွေ့ နိုင်ပါစေ ............
ခင်မင်လျှက်........ :D
ကိုရန်ကုန်
အဲ ..လမင်းရဲ့ချိုသာသော လက်ခုပ်သံတော့ ဖတ်ဖူးတယ် .. လရောင်များနဲ့ကခုန်ခြင်းတော့ မဖတ်ဖူးဘူး .. ဖတ်ကြည့်ဦးမှ ...
ReplyDeleteအော် အနော်လေးလည်း တောင်ဒဂုံမှာနေဖူးတယ်ပေါ့
အနော်ရေ အတိတ်ဆိုတာ ပြန်မရနိုင်တော့ပေမယ့် ရင်ထဲမှာတော့ ရှိနေတတ်ကြစမြဲနော်။ အဆင်ပြေပျော်ရွှင်ပါစေ။
ReplyDeleteဖတ်ရတာ လွမ်းမောဖွယ်ပါလား ငါ့နှမရေ။ လရောင်နဲ့ ကခုန်၊ ကြယ်သီချင်းတွေ နားဆင်ပြီး၊ လမင်းရဲ့ တွေးသွားမှာ မျောလွင့် နေလိုက်ရရင် စိတ်ကူးနဲ့တောင် ကြည်နူးမိပါရဲ့။ လွမ်းပါ့ဗျာ .. ငယ်ဘ၀ တွေကို။
ReplyDeleteဒါနဲ့ စကားမစပ်၊ အရေးအသားတွေလည်း အရမ်းကို ကောင်းလာတယ်၊ ၁ လသား ကျော်ကျော် ဘလော့ တစ်ခု အနေနဲ့ တော်ပါ့ဗျာ။ ( ကိုယ့်နှမမို့လို့ ချီးကျူးတာ မဟုတ်ဘူးနော် အမှန်အတိုင်း ပြောတာ)
ခင်တဲ့
ဟောဗျာ.. အနော်ရေ..ကိုယ့်ဖာသာကိုယ် ၁ လို့ထင်ထားတာ။ မန့်တုန်းက ဘယ်သူ့မှ မရှိလို့ အဟီး.. ရှက်စရာကြီးပါလား။
ReplyDeleteအချုပ်အနှောင်ကင်းတဲ့ပြီး လွတ်လပ်စွာ တေးကျူးရင့်ဖို့အချိန် အမြန်ဆုံး ကျရောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ။
yu ya