Monday, September 7, 2009

စိတ်ထွက်ပေါက်

နှုတ်ခမ်းတစ်စုံရဲ့ အပြုံးအမဲ့မှာ
ရှုံးနိမ့်နေရပီလား
မျက်နှာပြင်ကောက်ကြောင်းတွေနဲ့
ဇောင်းထနေတဲ့ အတွေး
ပြောင်းမရတဲ့ ဓလေ့တွေအတွက်
တခါတလေတော့လဲ စဉ်းစားတွေးမိပါတယ်
လောကကြီးကပဲ မတရားတာလား
ငါကပဲ မှားနေသလား
အရာရာကို ဖြေစရာရှာလဲ
မသေချာတာတွေက များနေသေးတယ်

ခြေထောက်ပေါ် ရပ်နိုင်အောင် အရင်ကြိုးစား
ပြောခဲ့တဲ့ အဖေ့ရဲ့စကား
အခုတော့ ခြေထောက်ပေါ် ရပ်နေတာလား
အသည်းနှလုံးပေါ် ရပ်နေတာလား
မရေရာသေးဘူး

စိတ်ကိုပြတ်အောင်ဖြတ်
မနူးမနပ်စိတ်အတွေးနဲ့
အခု အဖြေထွက်အောင်ရှာလဲ
မေးခွန်းတွေနဲ့ပဲ ဝဲလည်နေသေးတယ်

တခါတလေမှာ ….

ဘာမှ မဟုတ်ပါဘူး အသေးအဖွဲလေးပါ
ဒါနဲ့ပဲ လဲပြိုရမလား

အကြည့်တစ်ချက်
ဒါနဲ့ပဲ လဲပြိုရမလား

ပါးစပ်ဖျား ခိုနား
ဒါနဲ့ပဲ လဲပြိုရမလား

အထင် အမြင်
ဒါနဲ့ပဲ လဲပြိုရမလား

မဆိုးပါဘူး ချီးကျူးစကား
ဒါနဲ့ပဲ လဲပြိုရမလား

ခေါင်းညိတ် ဟုတ်ကဲ့
ဒါနဲ့ပဲ လဲပြိုရမလား

မသက်မသာ စိတ်အတွေး
ဒါနဲ့ပဲ လဲပြိုရမလား

လဲပြိုဖို့ နေရာရွေး
အမေ့ရင်ခွင်ဘေးပဲ
အသက်သာဆုံးဖြစ်မယ်ထင်ရဲ့……

ပြည့်စုံ (၆-၉-၂၀၀၉၊ ၈း၂၆ pm)

19 comments:

  1. လောကကြီးကပဲမှားနေသလား
    ကိုတို့ကပဲမှားနေကြသလားဆိုတာ
    အဖြေရှာရင်တော့ မရေရာတာပဲရလိမ့်မယ်
    ဒီကဗျာထဲကအတိုင်းပေါ့
    အသည်းနှလုံးပေါ်ရပ်နေတာထက် ခြေထောက်ပေါ် ခိုင်ခိုင်မာမာရပ်တာက ပိုပြီးသင့်မှန်တယ်ထင်တယ်
    အသေးအဖွဲလေးကြောင့် လဲမပြိုပါနဲ့
    အကြည့်တစ်ချက်နဲ့လဲမပြိုပါနဲ့
    အပြောကြောင့်လည်းလဲမပြိုပါနဲ့
    မသေချာတဲ့ အထင်အမြင်ကြောင့်လည်း လဲမပြိုပါနဲ့
    ချီးမွမ်းစကားကြောင့်လည်းလဲမပြိုပါနဲ့
    စိတ်ကြောင့်လည်း လူမလဲပါစေနဲ့
    .......
    ဒါပေမယ့်သေချာပါတယ်
    လဲပြိုခဲ့မယ်ဆိုရင်တောင် အမေ့ရင်ခွင်ကတော့
    အသက်သာဆုံး အနွေးထွေးဆုံး အအေးမြဆုံးဖြစ်မယ်ဆိုတာပါပဲ :)

    ReplyDelete
  2. ချစ်တာပါ ဗျာ မမှားပါဘူး ချစ်ခြင်းဟာ မမှားယွင်းပါဘူး
    သူက ချစ်ဖို့ ပဲသိတာကိုးလေ ....
    “ခြေထောက်ပေါ် ရပ်နိုင်အောင် အရင်ကြိုးစား
    ပြောခဲ့တဲ့ အဖေ့ရဲ့စကား
    အခုတော့ ခြေထောက်ပေါ် ရပ်နေတာလား
    အသည်းနှလုံးပေါ် ရပ်နေတာလား
    မရေရာသေးဘူး”
    စကားလုံးတွေက ထိလှချီလား စကားလုံးတွေရွေးရင်း
    ကဗျာတစ်ပုဒ်လုံးကုန်တော့မယ် ဒွတ်ခပဲ အကုန်လုံး
    ကောင်းနေလိုက်တာ
    အဲလောက်ကြီး စကားလုံးတွေကို အားတွေ ထည့်သွင်း
    မထားနဲ့ လေ ဖတ်တဲ့ သူက အသည်းက နုနုရယ် :P
    heart ကိုထိချက်ကယ် ပြင်းတယ်
    ကောင်းလှချီလား ဒီသူငယ်ချင်းလေးတော့ အချစ်တွေ
    မှာ ပျော်ဝင်ခံစားနေပြီထင်ရဲ့  ......
    အချစ်က မေးခွန်းမထုတ်တတ်ဘူးလေ လူကပဲမေးခွန်း
ုထုတ်တာမဟုတ်လား ကွယ်ရို့ 
    ခင်တဲ့
    ရန်ကုန်သား
    အေးမြသာယာပါစေ :D

    ReplyDelete
  3. အော် သိပြီ အနော့် ဘလော့ဂ် ကိုးးးးးးးးး ဟဟဟဟ လေတယ် ငါလဲ ဘလော့ဂ်တွေ လိုက်သွားနေတော့ဘယ်သူ့ဘလော့ဂ်မှန်းမသိဘူး ဟိဟိ

    ReplyDelete
  4. ဖတ်သွားတယ် နော် အနော်ရေ ဟဟဟ ဝက်တကောင် လေ သောင်းကျန်းနေတာ ဟဟဟဟ ဘယ်ဘလော့ဂ်မှန်းမသိဘူး နောက်မှ ပြည့်စုံဆိုမှ ခိခိ ခွင့်လွှတ်ကွယ် ကြောင်တောင်တောင် ဂေါက်တောက်တောက် ဝက် ကို ဟုတ်လား ဟိဟိ

    ReplyDelete
  5. ဟိုလေ မသောင်းကျန်းတော့ဘူးဆိုတာလေး ပြောတာသိလား များဂါတွေ မြင်ပြင်းကတ်မှာစိုးလို့ ဟိဟိ ၃ ခုနဲ့ပဲကျေနပ်လိုက်တော့မယ်နော် ဘိုင် တာ့တာ

    ReplyDelete
  6. ပြုံစေ့လေးရေ...

    ကဗျာလေး ထပ်တူခံစားမိတယ်...

    ခလုပ်ထိတိုင်း တ ရလွန်းလို့
    လက်ညိုးညွန်ရာ အမေဖြစ်ပါစေ ဆုတောင်းနေမိတယ်....

    ငါ့ညီမလေး
    အစစ အဆင်ပြေပါစေနော်...

    ကိုကြီးပြည့်စုံ

    ReplyDelete
  7. မ ပြိုလဲ ပါနဲ့
    ကိုဖြစ်ခြင်တာမဖြစ်ပေမယ်.
    ကိုဖြစ်အောင်လုပ်နိုင်တာလေးတွေရှိပါတယ်

    ReplyDelete
  8. သယ်ရင်းလေး
    ကဗျာလေးကကောင်းပါတယ်။
    ဘာအကြောင်းနဲ့မှ မလဲပြိုစေနဲ့နော်။
    အားတင်းထား ။
    ဘာဘဲဖြစ်ဖြစ် ငါတို့တွေ ရှိသေးတာ မမေ့နဲ့နော်။
    ခင်မင်လျှက်
    မေလေး(ဆုံနိုင်ခွင့်)

    ReplyDelete
  9. မှန်လိုက်တာဗျာ အမေ့ရင်ခွင်ဟာ လဲပြိုလို့ အကောင်းဆုံး နေရာပဲလို့ ထောက်ခံသွားပါတယ်ဗျာ

    ReplyDelete
  10. ငါ့ ညီမလေးက ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ်လဲပြိုမယ့်သူဟုတ်ပါဝူးကွယ်...(အစ်မကြီးလေသံဖြင့်...:))
    ခြေထောက်ပေါ်မှာရပ်ပြီး အသည်းနှလုံးလေးကို ပိုက်ထားလိုက်..။
    ဒါဆို နေလို့ကောင်းသွားရော...။

    ReplyDelete
  11. ဘာအတွက်မှ မတွက်လိုက်ပါနဲ့ .. :D
    လဲတယ်ဆိုကတည်းက မကောင်းတတ်လို့ပါ ... ဟုတ်တယ်နော် .......
    မဟုတ်လိုက်ဟုတ်လိုက်နော် ::P

    ReplyDelete
  12. ကောင်းလိုက်တဲ့အတွေး။ ကောင်းလိုက်တဲ့ အရေး။ အနော်ရေ လက်စွမ်းတွေပြနေပါလား။

    ReplyDelete
  13. ဘ၀ရဲ့ ခရီး က အဝေးကြီးကျန်ပါသေးတယ်
    ဘ၀မှာ ဘယ်သူမဆို လဲပြိုခဲ့ကြမှာပဲ
    လဲပြိုတဲ့ အကြောင်းအရာခြင်းတော့ တူချင်မှ တူလိမ့်မယ်။
    ဒါပေမယ့် လဲပြို ရင် ရအောင်ပြန်ထူထောင်ရမယ်လေ။
    ဒဏ်ရာတွေ အားလုံးအတွက် အမေ့ရင်ခွင်က အလုံခြုံဆုံး
    အနွေးထွေး ဆုံးဆိုတာကို ထပ်တူယုံကြည်ပါတယ်။
    ဒါပေမယ့် သတိမထားမိတဲ့ အရာတခုရှိတယ်
    အဲဒါက နာကျင်နေတဲ့ သားသမီးကို နှစ်သိမ့်ပေးနေတဲ့
    အမေ့ရင်ထဲမှာ အဲဒီသားသမီးထက် ပိုတဲ့ နာကျင်ခြင်းတွေ ရှိနေတာပဲ။
    ဘ၀မှာ အောင်မြင်မှုတွေ ကြိုးစားရယူပြီး အမေ့ရင်ခွင်မှာ ပျော်ရွှင်မှုတွေနဲ့
    ခိုနားနိင်ဘို့ အရေးကြီးတယ်။
    အဲဒီအခါကျရင်တော့ အမေက ကျွန်တော်တို့ထက် ပိုပျော်နေမှာ သေချာတယ်။

    ReplyDelete
  14. ဘ၀ခရီး အဝေးကြီးမှာ လဲပြိုကျ တာလဲ ခဏခဏပေါ့ ...။ ကိုယ်တိုင်ထနိုင်နေသေးရင် ကျနော်တို့ လူဖြစ်မရှုံးသေးဘူးလေ

    ReplyDelete
  15. ဦးနှောက်ပေါ်ပဲ ရပ်ပါညီမငယ်။
း)။
    အမေကို လွမ်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လိုက်တယ်။

    ReplyDelete
  16. ဘယ်ရင်ခွင်က အအေးမြဆုံးလည်းဆိုတာတော့ လဲပြိုတဲ့နေ့မှ အဖြေထွက်သွားပါလိမ့်မယ်ဗျာ။

    ReplyDelete
  17. မရောက်တာအတော်ကြာသွားလို့ ခွင့်လွှတ်ပါညီမရေ။အိမ်ကိုလာလည်တဲ့ အတွက်လဲ ကျေးဇူးပါ။ ပျော်ရွှင်ပါစေကွယ်။ကဗျာလေးတော့ ငေးသွားတယ်။

    ReplyDelete
  18. ပြီးတော့လည်း ပြီးသွားတာပါပဲကွယ်
    လောကဓံ ...

    ReplyDelete
  19. “ခြေထောက်ပေါ် ရပ်နိုင်အောင် အရင်ကြိုးစား
    ပြောခဲ့တဲ့ အဖေ့ရဲ့စကား
    အခုတော့ ခြေထောက်ပေါ် ရပ်နေတာလား
    အသည်းနှလုံးပေါ် ရပ်နေတာလား
    မရေရာသေးဘူး”

    ဆိုတဲ့ အပိုဒ်လေး တကယ်ကြိုက်မိတယ် အနော်ရေ။ လဲပြိုချင်စရာတွေ ကြားမှာ မလဲပြိုအောင်ထိန်းရင်း ခဏလောက်လေးတော့ ခဏလှဲပြီး နားချင်တယ်...။ ကဗျာကောင်းလေး ဖတ်ရလို့ ကျေးဇူးပါ။

    ReplyDelete