Sunday, September 13, 2009

စိတ်ကူးယဉ်အိပ်မက်

ကြွေကျလို့ မြေခပေမဲ့လဲ
ခရေပွင့်ကလေးခမျာ
သူ့သဘာဝအရ မွှေးမြနေတုန်းပဲ

ပင်ယံထက်မှာ ငွားငွားစွင့်စွင့်ရှိခဲ့တဲ့
ပန်းပိတောက်လဲ
တချိန်ချိန်တော့ ကြွေကျမြေခရတာပဲ အချစ်ရယ်

မင်းအတွေးနဲ့မတူ
တမူကွဲပြားတဲ့
စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ကိုယ်မက်နေလဲ
တချိန်ချိန်တော့ အိပ်မက်က နိုးထရမှာပဲ

ငါက အချစ်မက်တယ်
မေ့မပစ်ရက်တာကလွဲလို့
အချစ်အတွက်ဆိုပီး
မင်းကို အသည်းနဲ့ထပ်တူ ချစ်မက်မိတယ်

ကောင်လေးရေ
ပြောပြခွင့်များရှိရင်လေ
ငါ မင်းအတွက်
ငါ့နှလုံးသားကိုပေးအပ်
ငါ့အသက်နဲ့ ထပ်တူ ထာဝရချစ်ပါရစေ……

ပြည့်စုံ (၉-၉-၂၀၀၉၊ ၁၁း၅၈ pm)

13 comments:

  1. သူများတွေ အိမ်မှာ ၁ လိုက်ဦးနေတာပဲ အင့် ၁ ဟုတ်ချင်မှ ဟုတ်မှာ ခုဟာက approve လုပ်မှဆိုတော့ ဟင့် ပြည့်စုံရေ ဗြဲဟဲဟဲ

    ReplyDelete
  2. ခဏ ဖတ်ဦးမယ် နော် ရှူးတိုးတိုးးး မနှောင့်ယှက်နဲ့နော် ဟဲဟဲ

    ReplyDelete
  3. အယ် အဲလောက်ကြီးတော့ ချစ်နိုင်ဘူးတော် အေးလေ ချစ်နိုင်တဲ့ လူတွေပဲ ချစ်ကြပေါ့လို့ ဟင့် ပြန်တော့မယ် ကဗျာလေးကြောင့် ဆွေးသွားပြီ ဗြဲဟဲဟဲ ဟွန်းးးး

    ဘိုင်တာ့ တာ လိုက်ထော်နဲ့တော့ ရှိတော့ဘူး နော် ဒုန်းးးးးးးးးးးဒုန်းးးးးးးးးးးးးးးး ပြန်ပြီ

    ReplyDelete
  4. လာဖတ်သွားပြီ အနော်ရေ။ တစ်ခုပဲ ပြောချင်တယ်၊ ကဗျာလေးကို sidebar မှာထည့်ထားလိုက်ပါလား။ ကောင်းလို့။

    (မဖတ်ဖြစ်သေးတာတွေ နောက်နေ့မှ လာဖတ်မယ်နော်)
    ခင်မင်လျက်

    ReplyDelete
  5. သဇင်ပန်းဟာ မြေခပေမယ့် မွေးပျံ့ တဲ့ရနံ့  ချိုချိုကို မစွန့် ဘူး
    ပန်းပိတောက်ဟာ လွမ်းလောက်အောင် လှပေမယ့် ရနံ့ ကြိုင်ဖို့ သူမမေ့ဘူး
    ချစ်သူဘယ်ဘဝ ရောက်ရောက် သဇင်ပန်းရဲ့ ရနံ့ ချို ချိုတွေနဲ့ တူတဲ့ အချစ်တွေနဲ့ သဇင့်ကို မြတ်မြတ်နိုးနိုးချစ်မယ် ချစ်သူ ဟာလည်း နှလုံးသားတစ်ခွင်မှာ ရနံ့ ကြိုင်ဖို့  ပန်းပိတောက် တစ်ခိုင်လောက်တော့ ပေးသနားပါလို့ ... ပိတောက်ချစ်သူရယ် အိပ်မက်တွေ မဖြစ်ခဲ့ချင်တယ် .... အချစ်မဲ့ရင်ခွင်မှာ ခိုနားလှဲ့ ပါ ဦး တော့ကွယ် ......
    သံယောင်လိုက်ကြည့်တာ ဘာပုံပေါက် သွား လဲမသိဘူး အဲ လို သယ်ချင်းက အပီရေးထားတာကို :)))))
    အနော်ရေ သယ်ချင်း ဆွေးရင်းမြေ့ရင်း ကျွံကျသွားရင် လိမ်းဖို့ Septadine လေးတစ်ဘူးလောက်တော့ ဘလော့လေးမှာ တင်ထား ဖို့ ကောင်းတယ် :PPPP ကျနော့်သူငယ်ချင်းကတော့ အလွမ်းဓါတ်ခံရှိတယ်ဆိုရမယ် .....
    “ငါက အချစ်မက်တယ်
    မေ့မပစ်ရက်တာကလွဲလို့
    အချစ်အတွက်ဆိုပီး
    မင်းကို အသည်းနဲ့ထပ်တူ ချစ်မက်မိတယ်”
    အဲဒီမှာ ချစ်သူလုပ်တဲ့ မောင် ဖရိုဖရဲ ပြိုလဲသွားမှာ အသေအချာပဲ ... စကားလုံးတွေက လန်းတယ်ဗျို့ :)))
    ခင်တဲ့
    ရန်ကုန်သား
    အေးမြသာယာရှိပါစေ :)))

    ReplyDelete
  6. ဝေးးးးး....
    ငါ့ညီမလေးတစ်ယောက်တော့
    ခံစားမှု စကားလုံးတွေနဲ့ အချစ်တွေကို ထပ်နေတာပဲဗျာ...

    ကဗျာလေးက ခံစားလို့တော့ကောင်းသား သေချာတာကတော့ ဟက်ထိနေတာ သေချာတယ်...

    ငါ့ညီမလေး ခံစားနေရတာ မကြည့်ရက်ပါဘူးဗျာ...
    အစ်ကို ကိုယ်တိုင်က အသည်းကွဲနေတော့လည်း ကိုယ်ချင်းစာမိပါတယ်ဗျာ...

    ငါ့ညီမ အနော် တစ်ယောက်
    ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပါစေလို့...

    ReplyDelete
  7. ကဗျာလေးဖတ်ရင်း ပန်းနံ့သင်းသင်းလေး ရလိုက်သလိုဘဲ

    ReplyDelete
  8. အဲဒီ ၀က်ဝံလေးကတော့နေရာတကာသောင်းကျန်းနေတော့တာဘဲ
    တွေ့လို့ကတော့ ဒုတ်ထိုးလုပ်စားပစ်ဦးမယ်..:P
    အပေါ်ဆုံးကအပိုဒ်လေးအကြိုက်ဆုံးဘဲဗျာ..
    ကဗျာတွေက ဘယ်ချိန်ကြည့်ကြည့်ကောင်းနေတာဘဲ ပိုမပြောတော့ဘူး :D

    ReplyDelete
  9. အဟီး မမန့်ခင်အထိ အနော်ဆိုတာ ယောကျာ်းလေးပဲထင်နေတာဗျ
    မန့်တာတွေဖတ်မိမှ ကောင်မလေးမှန်းသိတော့တယ် တော်သေး မမှားသေးလို့ပေါ့ဗျာ အဟီး

    ငါက အချစ်မက်တယ်
    မေ့မပစ်ရက်တာကလွဲလို့
    အချစ်အတွက်ဆိုပီး
    မင်းကို အသည်းနဲ့ထပ်တူ ချစ်မက်မိတယ်

    တဲ့အဲ့ဒီအပိုဒ်လေးကိုအကြိုက်ဆုံးပဲဗျာ အဟဲကိုပြည့်စုံပြောသလို ခံစားနေရတာကိုတော့ ကိုယ်ချင်းစာ သဗျာ ဘာလို့ဆိုတော့ ကျွန်တော်လည်း
    အဟဲဟဲဟဲ ..အဲ့ဒါကြောင့်ပါ နော့

    ReplyDelete
  10. ခိုင်းနိုင်းရွေးချယ်ရေးဖွဲ့ ပုံကောင်းတယ်..။ဟေ့ ..အခုတစ်လော
    ဖတ်ရသမျှ၊ရေးရသမျှတွေအားလုံး ကြွေစရာတွေကြီးပါလားလို့ ။
    ဘလော့  မိုးကောင်းကင်ကြီး ပြိုကျတော့ မယ်။
    ကျွန်တော်လည်းရေးထားမိတယ်၊လာဖတ်အုံး...အသစ်။

    ReplyDelete
  11. ချစ်တတ်လိုက်တာ.. ချစ်ညီမလေးက..
    ဒါနဲ့ ဖန်ခွက်လေးနဲ့ ကော်ဖီသောက်ပီးပလားဟေ့..
း)

    ReplyDelete
  12. သိပြီ
    ဘလော့ခေါင်းစဉ်က လက်စသတ်တော့ ကဗျာကနေလာတာကိုး
    ကောင်လေးရေ
    ကောင်လေးရေ...
    ကောင်လေးတော့ ကံကောင်းတာပဲဝေးးး :)
    အသက်နဲ့ထပ်တူ ထာဝရချစ်ဦးမှာတဲ့ဝေးးး

    ကဗျာလေးကို ဖတ်ရှုခံစားသွားတယ်အနော်ရေ
    အလာနောက်ကျတာ ဆောရီး
    တယောက်တည်းပတ်ချာလည်နေလို့ဟာ

    ReplyDelete