Thursday, September 24, 2009

အစမ်းသပ်ခံ

စိတ်မကောင်းဘူးး
တစ်ကိုယ်ထီးတည်း သင်းကွဲသွားရတဲ့အခါ
စိတ်မကောင်းဘူး
ငါ့ရင်ထဲမှာ နာကျင်သွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ နာကျင်မှုတွေ တိုးသွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ ယုံကြည်မှုတွေ အပွန်းပဲ့ခံရတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ သွေးတွေ ရဲရဲနီမနေတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ ခင်မင်မှုတွေ ပျက်ပြားသွားတာ
စိတ်မကောင်းဘူး
ကွာခြားမှု ရုတ်တရက်ကြီးမားသွားတာ
စိတ်မကောင်းဘူး
ဖြေရှင်းလို့ ရတဲ့ ပြဿနာမဖြစ်ခဲ့တာ
စိတ်မကောင်းဘူး
ဘာမဟုတ်တာလေးလို့ အယူဆခံရတာကို
စိတ်မကောင်းဘူး
ငါတို့တွေရဲ့ နှလုံးသားတွေ အစမ်းသပ်ခံရတာ
စိတ်မကောင်းဘူး
လုံလောက်တဲ့ အသိပညာတွေ ရှိမနေတာ
စိတ်မကောင်းဘူး
ဝေမျှခံစားတတ်တဲ့ နှလုံးသားတွေ ပျောက်ဆုံးသွားတာ
စိတ်မကောင်းဘူး
လမ်းတစ်ဝက်မှာ နှုတ်ဆက်လိုက်ရတာ
စိတ်မကောင်းဘူး
အားစိုက်ထုတ်လိုက်ရတဲ့ နှလုံးသွေးတွေ ယိုစီးကျကုန်တာ
စိတ်မကောင်းဘူး
ဖြစ်သင့်တာထက် ဖြစ်ကုန်တာက ပိုများသွားတာကို
စိတ်မကောင်းဘူး
ဘယ်လိုပဲပြောပြော စိတ်မကောင်းဘူး

ပြည့်စုံ

8 comments:

  1. ဝက်ဝံလေးSeptember 24, 2009 at 10:19 AM

    ဟုတ်ကဲ့ စိတ်မကောင်းဘူးလေးကို လာဖတ်သွားပါတယ် ရှင့်

    ReplyDelete
  2. အချစ်နဲ့  ကျောခိုင်းလာရလို့ စိတ်မကောင်းဘူး
    အချစ်နဲ့  ရန်ဖြစ်ရတာ စိတ်မကောင်းဘူး
    ကဗျာလေး ဖတ်ရတာ စိတ်မကောင်းဘူး
    တကယ်တော့ ဖတ်လို့ ကောင်းတယ် သံယောင်လိုက်ပြီး သယ်ချင်း ရေးထားတာကို သက်သက် စတာ ဟီးဟီး စိတ်ကောင်း ကောင်းထားပါ ဗျာ ဖြစ်သင့်တာတွေလို့ သာမှတ် ကောင်းချင်လို့  ဖြစ်တာလို့ ပဲမှတ် စိတ်ကောင်းအောင်နေကြတာပေါ့ .....
    ပျော်ရွှင်ပါစေ အနော်ရေ ......

    ReplyDelete
  3. သယ်ရင်းရေ..........
    ဆိတ်မကောင်းပါဘူးးးးးးးးးးးးးးး
    ဒါဆို နွားပြောင်းမွေးပါလားးးးးးးးးးးးးးးး
    ဟိဟိ ချစ်လို့စတာနော်။
    စိတ်မကောင်းပါဘူးးးးးးးးးးးးဟယ်။
    စိတ်ကောင်းကောင်းထားနော်။
    တို့လဲ ထားမယ်ဟ။
    စိတ်ကောင်းလေးမွေးကြတာပေါ့ဟယ်။
    ဘာပဲဖြစ်ဖြစ် စိတ်ကောင်းလိုက်တော့နော်။
    ပျော်ရွှင်ပါစေဟာာာာာ

    ReplyDelete
  4. စိတ်မကောင်းဘူး အနော်လေးရေ.... စိတ်မကောင်းစရာ ကဗျာလေးကို အတူလာခံစားသွားပါတယ်

    ReplyDelete
  5. သေချာတွေးကြည့်ရင် အဓိပ္ပါယ်တော်တော်လေး လေးနက်တဲ့ ကဗျာလေးပဲ....
    ဟုတ်ပါ့.... အမှန်တရားတွေ...

    ReplyDelete
  6. စိတ်မကောင်းဘူး..
    ဒီကဗျာလေးဖတ်ပြီး..

    ReplyDelete
  7. စိတ်မကောင်းဖြစ်နေတုန်း ဒါလေးဖတ်ပြီး ပိုပြီးစိတ်မကောင်းဖြစ်သွားတယ်ကွယ်...:(

    ReplyDelete
  8. ကျွန်တော်လည်းစိတ်မကောင်းဘူးဗျာ။အချစ်ကထိမိရင်စားသွား
    တတ်တဲ့ ငရဲမီးလိုပေါ့ နော်..ဟဲဟဲ..။ ရင်ထဲမကောင်းတာတစ်ခု
    တင်ထားမိတယ်။

    ReplyDelete