ကောင်းကင်ပြင်ကြီးတစ်ခုလုံး ခဲသားရောင် တိမ်လိပ်တွေ ဖုံးလွှမ်းထားတယ်.. ပြိုကျတော့မယ့်မိုးလို ရွာကျတော့မယ် တိမ်ဆိုင်မည်းတွေနဲ့ ကောင်းကင်ကြီးက တစ်မျိုးလှနေသားပဲ… အမည်းရောင် တိမ်မျှင်စတချို့ကတော့ လေတိုက်ရာ ကယောင်ကတမ်း ပြေးလွှားနေလေရဲ့.. ငှက်ကလေးတွေ ကတော့ သူတို့ရဲ့ စိုးစိစိုးစိ အသံလေးတွေနဲ့ အော်မြည်ရင်း အသိုက်ရှိရာဆီ ပျံသန်းသွားနေကြတယ်.. လမ်းပေါ်မှာ လူတွေ မရှိတော့ဘူး.. အရာရာဟာ ကြောက်စရာ ကောင်းလောက်အောင် ရုတ်တရက် တိတ်ဆိတ်သွားတယ်… ဝရံတာကို မှီရပ်နေတဲ့ မိန်းခလေးကတော့ အနက်ရောင် ကောင်းကင်ပြင်ကြီးကို မော့ကြည့်နေတုန်းပဲ…
သိပ်မကြာခင်အချိန်မှာပဲ ဝေါခနဲ အသံကြီးနဲ့ မိုးစက်မိုးပေါက်တွေ ပြေးလွှား ခုန်ပေါက်လာတော့မယ်.. တကယ်ဆို ဒီနေရာကနေ ခွာသင့်နေပီ.. ဟင့်အင်း ခနလေး… မိုးစက်မိုးပေါက်တွေ မျက်နှာပေါ် ကျလာတဲ့ ခံစားချက်ကို ခံစားကြည့်ချင်သေးတယ်… ဘုရားသိကြားမလို့ မိုးနဲ့အတူ လျှပ်စီးတွေ မိုးကြိုးတွေ ကပ်ပါမလာပါစေနဲ့.. မိုးစက်မိုးပေါက်တွေက မျက်နှာပေါ်ကို အရှိန်ပြင်းပြင်း ကျလာခဲ့တယ်.. မိုးရေတွေက ငန်လိုက်တာ.. ပါးစပ်ထဲ စီးဝင်လာတဲ့ မိုးရေတွေကို လက်နဲ့ဖယ်သုတ်လိုက်တယ်.. မိုးရေက ငန်လို့လား.. ဒါဆိုရင် မျက်ရည်တွေလား………..
အချိန်စက်ဝိုင်းတဲ့… အချိန်တွေဟာ စက်ဝိုင်းလိုပဲ တစ်ပတ်ပြန်လည်လာတတ်တယ်လို့ ကြားခဲ့ဖူးတယ်.. ဟုတ်မယ်ထင်တယ်… အခုလိုမျိုးပဲ မိုးတွေ မည်းမှောင်ပီး ကောင်းကင်တစ်ခုလုံး လျှပ်စီးတွေလက် မိုးကြိုးတွေ ပစ်နေတဲ့အချိန်မှာ တစ်ယောက်တည်း ပြတင်းပေါက်ဘေးမှာ ရပ်နေခဲ့ဖူးတယ်.. မိုးကြိုးတစ်ခါပစ်တိုင်း လူတစ်ကိုယ်စာ ကျုံ့ဝင်သွားမယ်ဆိုရင် မိုးတိတ်ရင် ငါတော့ ဒီကမ္ဘာကြီးက ပျောက်သွားမလား မသိဘူး…. ရုတ်တရက် အသံတစ်ခုကြားလိုက်ရတယ်.. အရမ်းကြောက်နေလား ခလေးလေး… မဟုတ်ဘူးနော်.. ဒါဟာ ထင်ယောင်ထင်မှား အသံလှိုင်းတစ်ခု…
‘မိုးခြိမ်းသံကြားရင် ဘာမှ မဖြစ်တော့ဘူး မိုးခြိမ်းတာပဲ ဘာကြောက်စရာရှိလဲ ညီမလေးရ လျှပ်စီးလက်တာမှ ကြောက်စရာကောင်းတာ’.. မမ ပြောတာကို အံ့အားသင့်တဲ့စိတ်နဲ့ နားထောင်နေမိတယ်.. မိုးတွေ အရမ်းရွာနေတဲ့ ဒီလိုအချိန်မျိုးမှာပဲ ဒီလို စကားမျိုးကို လူတစ်ယောက်က ပြောခဲ့ဖူးတယ်.. ‘မိုးခြိမ်းတာပဲ ဘာကြောက်စရာရှိလဲ အနော်ရ.. လျှပ်စီးလက်တာကမှ ကြောက်စရာ.. အယ့် လျှပ်စီးတွေ လက်တာကလဲ ဓာတ်ပုံရိုက်နေတယ်လို့ သဘောထားပီး ပြုံးပြုံးလေး နေလိုက် အဲ့တာဆို ပုံလှလှလေးတွေ ထွက်လာလိမ့်မယ်’… စိတ်ထဲမှာ ပေါ့ပါးသွားပီး ဟားတိုက် ရီမောခဲ့ဖူးတယ်… ဒါပေမဲ့ အခု မမ ပြောနေတဲ့အချိန်မှာတော့ ရင်တစ်ခုလုံး နာကျင်သွားတဲ့စိတ်နဲ့ အံအားတသင့်ဖြစ်နေမိတယ်… သည်စကားလုံးတွေပါပဲ… အချိန်ရယ် လူရယ်သာ ပြောင်းသွားတယ် ဘာလို့ စကားလုံးတွေက ထပ်တူညီနေရတာလဲ…..
‘စိန်လုံဆိုတဲ့ တောင်ကြားကလေး တရုတ်နဲ့ ဗမာပြည်ကြားမှာ ရှိတယ်.. အဲ့ဒီမှာ ကျောက်တုံးအိမ်လေးတွေ ဆောက်ကြမယ် ဘေးနားမှာ ချောင်းလေးလဲ ရှိတယ် အရမ်းလဲ အေးတယ်’…. အကိုပြောပြနေတဲ့အချိန်မှာ မျက်စိထဲ ကျောက်တုံးအိမ်လေးကို ပြေးမြင်မိတယ်.. ဘေးနားမှာ ချောင်းလေးက တသွင်သွင်စီးဆင်းလို့.. ချောင်းဘေးမှာ အဝတ်လျှော်လို့ ရမယ်.. ဒါမှမဟုတ် ချောင်းလေးထဲ ဆင်းပီး ငါးမျှားလို့လဲ ရချင်ရမယ်… အဲ့ဒီနားက အိမ်လေးတွေမှာ အကို brook ရယ်၊ ခင်ရယ်၊ ခရမ်းရယf၊ အနော်ရယ် ပီးတော့ အကိုတွေ အမတွေနဲ့ သူတို့ရဲ့ ဘဝအဖော်တွေ.. ကျောက်တုံးအိမ်စုစုလေးတွေ… တစ်အိမ်နဲ့တစ်အိမ်က နီးနီးလေး… ညကျရင် လရောင်ရဲ့ အလင်းအောက်မှာ မီးပုံလေးတွေ ဖိုပီး ကကြမယ် သီချင်းတွေဆိုကြမယ်.. အကို brook က ဘဲတွေ ဝက်တွေ မွေးမယ်တဲ့.. ဒါဆို ခင်တို့ ခရမ်းတို့ကရော ပန်းပင်လေးတွေ စိုက်ကြမလား.. အနော်ကတော့ ချောင်းထဲ ဆင်းဆော့မယ်.. အတွေးထဲမှာတင် ပျော်ရွှင်နေမိတယ်.. မျက်စိကို စုံမှိတ်ပီး အဲ့ဒီတောင်ကြားလေးထဲကို စိတ်က ရောက်သွားတယ်… ရုတ်တရက် စကားသံ တိုးတိုးလေး…
မှောင်မိုက်နေတဲ့ညရဲ့ အလင်းနက်နက်အောက်မှာ တကယ့်ကို အသံတိုးသဲ့သဲ့လေး … ဟိုးအဝေးကြီးကနေ လာနေသလို အသံက တိုးလွန်းလှတယ်.. ဒါပေမဲ့ ရှင်းရှင်းလင်းလင်းတော့ ကြားနေရသား.. ‘ကိုတို့နေတဲ့နေရာလေးက အရမ်းအေးတယ် တောင်တွေကြားမှာလေ အနော်ရ. နေ့လည်ခင်း ၁၂ နာရီလောက်အထိ နေမထွက်သေးဘူး ရေတွေလဲ အကုန်ခဲပဲ… မနက်ဆို မထနိုင်ဘူး ဒါပေမဲ့ ကိုတော့ အစောကြီးနိုးတာပဲ အရမ်းအေးလွန်းလို့လေ.. လေတွေကလဲ တဟူးဟူးတိုက်နေတာ ဆိုင်ကယ်စီးမယ်ဆိုရင် မျက်နှာတွေရော လက်တွေရော အကုန် အုပ်ထားရတယ်.. နို့မို့ဆို မခံနိုင်ဘူးလေ…. ညကျရင် အရမ်းအေးနေတဲ့အချိန် ကန်စွန်းဥ မီးဖုတ်ထားတာလေးများ စားလိုက်ရရင် တကယ့်ကို စားလို့ကောင်းတယ် သိလား… နေချင်လားဟင် ဒီလိုနေရာမျိုးမှာ.. အနော် ပျော်မယ်ထင်တယ်နော် ဟုတ်တယ် မဟုတ်လားဟင်’
‘အသက်တွေကြီးလာရင်တော့ ပြင်ဦးလွင်မှာ နေချင်တယ်.. နွေရာသီ ကန့်ထဲ ဝင်နေရတဲ့ အချိန် အဲ့ဒီမှာနေရတာ သိပ်ပျော်စရာကောင်းတာပဲ.. အဲ့ဒီမှာ မြေကွက်ကြီးကြီး ဝယ်မယ်ကွာ.. တိုက်အိမ် သေးသေးလေး ဆောက်ထားမယ်.. ပီးရင် ခြံအကျယ်ကြီးထဲမှာ အပင်တွေ အများကြီးစိုက်မယ်.. ပန်းပင်တွေရောပဲ… ရေကန်လေးလဲ ပါမယ်လေ.. အဲ့ဒီမှာ အေးအေးဆေးဆေး အပင်လေးတွေ စိုက်မယ်.. ကိုယ့်ခြံထဲက အသီး ကိုယ်ခူးပီး ဈေးမှာရောင်းမယ်.. ပျော်စရာကောင်းမှာပဲနော်’… ဖောက်ခနဲ အသံနဲ့အတူ စိတ်ကူးထဲမှာတင် အိမ်လေးက တစ်စစီ တစ်စစီ လွင့်စင် ပေါက်ကွဲသွားတယ်…. တိုက်အိမ်ကလေးရော တောင်ကြားထဲက ကျောက်တုံးအိမ်ကလေးတွေပါ ပျောက်သွားတယ်..
‘ပူလိုက်တာ’….. ခုနက မိုးရွာတုန်းကတော့ အေးသလိုလိုပဲ နောက်တော့လဲ ပူလာတယ်.. အဲကွန်းကို ထဖွင့်ရမလား…… ဘယ်နားထားမိမှန်း မသိတဲ့ ရီမုဒ်ကို လိုက်ရှာနေမိရင်း… တဝှီးဝှီးလည်နေတဲ့ ပန်ကာလေးကို ပြေးမြင်ယောင်မိတယ်.. ‘သိပ်ပူတာပဲ အမေရာ’… အလုပ်ပိတ်ရက် နေ့လယ်ခင်း အိမ်ရှေ့လေးမှာ ဖျာလေးခင်းပီး အိပ်နေတဲ့ အမေ့ဘေးမှာ ကပ်အိပ်နေရင်း အမေ့ကို ချွဲမိတယ်.. အမေက နှီးယပ်တောင်လေးနဲ့ အသာခတ်ပေးတယ်.. အမေ့ဘေးမှာ လှဲအိပ်ရင်း အမေ့လက်မောင်းမှာ ပါးအပ်ရင်း လေအေးအေးလေးအောက်မှာ အိပ်ပျော်သွားမိတယ်… ရုတ်တရက် ‘မီးလာပီဟေ့’ စူးစူးဝါးဝါး ထအော်တဲ့ ဘေးအိမ်က ကလေးတွေရဲ့ အသံကြောင့် ပြန်နိုးလာတော့ အမေက ပန်ကာခလုတ်ကို ဖွင့်ပေးတယ်.. ပန်ကာအအေးက ခပ်ကြာကြာခံမိတော့ ပူလာပြန်ရော.. ပန်ကာတဝှီးဝှီးအောက်မှာ ချွေးတွေ ပြန်ထွက်လာတယ်.. ‘ပန်ကာလေက တိုက်ရိုက်ခံရင် မကောင်းဘူး.. နေမကောင်း ဖြစ်တတ်တယ်’… အမေက ယပ်တောင်လေးနဲ့ အသာ ပြန်ခတ်ပေးတယ်.. မျက်လုံးမှိတ်လိုက်တော့ ပြန်အိပ်ပျော်သွားတယ်..
‘အရမ်းပူတာပဲ.. ပူတာမှ အိုက်စပ်စပ်ကြီး ဘေးနားမှာ မီးဖိုဖိုထားတဲ့အတိုင်းပဲ’ ခပ်တိုးတိုးရယ်မောသံ အဆုံးမှာ ကိုယ်လဲ လိုက်ရယ်မိတယ်.. ‘ပန်ကာကို အပေါ်ကို မော့ထားလိုက် တိုက်ရိုက်ထိရင် မကောင်းဘူး ပန်ကာက အေးတယ်ဆိုပေမဲ့ ကြာရင် ပူလာရော နေမကောင်းဖြစ်လိမ့်မယ်’ အမေ့ကို ချက်ချင်း ပြေးသတိရမိတယ်.. အမေသာ ဘေးနားမှာရှိနေရင် ယပ်တောင်လေးနဲ့ ခတ်ပေးမယ် ထင်တယ်နော်.. ကြမ်းပြင်ပေါ်မှာ လှဲအိပ်နေရင်း ခြေထောက်တွေနဲ့ ဘေးနားက နံရံကို ကန်နေမိတယ်.. ‘ခြေထောက်ကို ငြိမ်ငြိမ်ထားလေ’… ကိုယ့်ရဲ့ လှုပ်ရှားမှုတိုင်းကို မြင်နေရလို့လား.. နှုတ်ခမ်းတွေက ကျေနပ်တဲ့စိတ်နဲ့ ခပ်သာသာလေး ပြုံးမိသွားတယ်…
ရုတ်တရက် မတ်တပ်ရပ်လိုက်တယ်… မိုးကလဲ ရွာရင်လဲ သည်းသည်းမည်းမည်း ရွာတာ မဟုတ်ဘူး.. ခုနက အော်ပီး ပြေးလာတုန်းကတော့ ဝုန်းဝုန်းဒိုင်းဒိုင်း ရွာတော့မလိုနဲ့ ခနပဲ ရွာပီး အခုတော့လဲ မိုးဖွဲဖွဲလေးတွေ ကျနေပြန်တယ်.. မိုးတွင်းက မကုန်နိုင်သေးဘူးလား….
မိုးတွင်းက မကုန်နိုင်သေးဘူးလားလို့ ငြူစူမိတော့ ကိုယ်က ဆောင်းတွင်းကို မျှော်နေမိပီလား…
ဆောင်း…… ဒီဘန်ကောက်ဆောင်းက ကိုယ့်ကို ဘယ်လိုရသမျိုး ပေးနိုင်မှာလဲ… မနှစ်က ဘန်ကောက်ဆောင်းကတော့ အေးတယ်လို့ ဆိုနိုင်လို့လား … မထင်ပါဘူး… ဆောင်းတဲ့ ဘာမှပိုမထူးပါဘူး… အနွေးထည်လှလှလေးဝတ်ပီး ရှိုးထုတ်ရမလား.. လမ်းလျှောက်နေရင်းနဲ့ ချွေးတွေ တအားထွက်လာလိမ့်မယ်.. ဒါပေမဲ့ အဆောက်အအုံတွေထဲ ဝင်မယ်ဆိုရင်တော့ အပေါ်အင်္ကျီဖြစ်ဖြစ် ပဝါလေးဖြစ်ဖြစ် ဆောင်ထားရမယ်.. ဘာလို့ဆိုတော့ အဆောက်အအုံတိုင်းမှာ အဲကွန်းအအေးက အေးလွန်းလှတယ်…
ညတွေရော ဆောင်းဆိုတဲ့အတိုင်း အေးလို့လား…. စောင်ကို ခေါင်းမြီးခြုံပီး အိပ်တာက အကျင့်ဖြစ်နေတော့ နွေပဲဖြစ်ဖြစ် ဆောင်းပဲဖြစ်ဖြစ် မိုးပဲဖြစ်ဖြစ် စောင်ကတော့ ခြုံရတာပဲ..
‘အရမ်းအေးတာပဲ အနော်ရ.. လက်တွေဆို လက်အိတ်ဝတ်ထားရတယ်.. နို့မို့ဆို လက်ချောင်းကလေးတွေက ထုံနေရော… အခု စာရိုက်နေရတာတောင် ဘယ်လောက် လက်ချောင်းထိပ်ကလေးတွေ နာနေတယ်ထင်လဲ’.. ‘နာရင် မရိုက်နဲ့ပေါ့’ သွားကျစ်သံ အဆုံးမှာ ပေါ့ပေါ့ပါးပါး ရယ်မိတယ်.. စောင်ခေါင်းမြီးခြုံထားတဲ့အောက်မှာ အသာလှဲနေရင်း သတ္တုလှိုင်းတွေကြားကနေ ဖြတ်သန်းလာရတဲ့ အသက်ရှုသံတိုးတိုးလေးနဲ့အတူ ငြိမ်တိတ်စွာ အိပ်စက်နေမိတယ်… အသက်ပြင်းပြင်းရှုမိရင် ‘နာဂစ်တုန်းက တိုက်တဲ့ လေကျနေတာပဲ ပြင်းလိုက်တာ ဖြည်းဖြည်းလေး ရှုပါ’….
ဒီဆောင်းဥတုကို မကြိုက်ဘူး သူ့ရဲ့ အေးစက်ပုံက သိပ်အထီးကျန်လွန်းတယ်.. ဒါဆို ဆောင်းဥတုကို ဒီရာသီတွေထဲကနေ ထုတ်ပယ်လိုက်ပီး နွေဥတုဖြစ်ချင်လို့ ရပါ့မလား.. အစဉ်လိုက်သွားနေရတဲ့ ရာသီတွေကို ကိုယ့်စိတ်ကြိုက်ပြောင်းပစ်လို့ရရင် ကောင်းမယ်.. ဒါဆိုရင် အမြဲတမ်း ဆောင်းရာသီ… အမြဲတမ်း နွေရာသီ … အမြဲတမ်း မိုးရာသီ… အမြဲတမ်း .......
ရုတ်တရက် ရင်ထဲမှာ ဟာသွားတယ်…၁၂ လလုံးလုံး အမြဲတမ်း ရာသီတစ်ခုပဲ ဖြစ်ခွင့်ရှိမယ်ဆို ဘယ်လိုရာသီမျိုးဖြစ်ချင်သလဲ.. ခေါင်းထဲ မိုက်ခနဲဖြစ်သွားသလိုပဲ… ရင်ထဲမှာ ဗလာဟင်းလင်းဖြစ်နေတယ်.. မိုးဥတုလား… နွေ.. ဆောင်း…….. အခုနေ အားးးးးးးးးး ခနဲ စိတ်ရှိလက်ရှိ အော်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ….......
မျက်စိကို စုံမှိတ်ပီး မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပီး အသာလေး ငြိမ်နေမိတယ်.. ကွန်ပျူတာ ရှေ့မှာ တစ်ချိန်လုံးထိုင်နေရတော့ တစ်ကိုယ်လုံး ညောင်းညာနေပီ.. ကီးဘုတ်ပေါ်မှာ တဖျောက်ဖျောက် ရိုက်နေတဲ့ လက်ချောင်းကလေးတွေကလဲ နာကျင်စပြုလာနေခဲ့ပီ… ခနလောက်တော့ အနားယူရမယ် … နို့မို့ရင် မျက်လုံးအစုံက မျက်မှန်ပေါ်က ကျော်ပီး အပြင်ကို ပြုတ်ကျတော့မယ် .. အဟက်.. ခပ်ကျယ်ကျယ်ရယ်လိုက်ပီး ရေချိုးဖို့ ပြင်လိုက်တယ်.. ‘အရမ်းညောင်းနေတယ်ဆိုရင် ရေနွေးလေးနဲ့ စပ်ချိုးလိုက် ခလေးလေးရ.. အဲ့တာဆို အညောင်းအညာတွေ ပြေသွားလိမ့်မယ်’ ရေပူ ရေအေး ခလုတ်ကို စပ်နေတဲ့ လက်ချောင်းတွေ ခနတော့ ရပ်သွားတယ်…
ဒီလိုနဲ့ပါပဲ စိတ်ကူးတွေထဲမတော့ အိပ်မက်တွေချည်း ဆက်တိုက်မက်နေခဲ့မိပါတော့တယ်…
ပြည့်စုံ (၂၈-၉-၂၀၀၉၊ ၇း၄၂ pm)
အင်း flu ကိုက်လို့ ခေါင်းကိုက်ခြင်းများစွာနဲ့ ဖတ်သွားတယ် ခု သတိရနေတာ တစ်ခုတော့ရှိတယ်.... ငါးရံ့ ဆန်ပြုတ်သောက် ချင်တယ် .... ဟဟ ...အနော် ရေးတာနဲ့ ဘာမှလည်း ဆိုင်ဘူး နော် .... အာရုံတွေ ဝေနေတယ် သယ်ချင်းရေ ... မိုးသံကြား ရင် အိပ်ယာထဲ ကွေးချင်တာပဲ .. ခုတော့ မိုးသံမကြားဘဲ အိပ်ယာ ထဲ ကွေးနေရတယ် .... လက်ကသာ ကွန်ပျူတာရှေ့ ရောက်နေတာ :)
ReplyDeleteပျော်ရွှင်ပါစေ
ခင်တဲ့
ရန်ကုန်သား
အဟမ်း အဟမ်း...
ReplyDeleteအရမ်းအေးတာ ဘယ်နေရာလဲ ???
အညောင်းမိနေမယ်နော် သတိထား... အပြင်လေးဘာလေးထွက် ကိုယ်လက်လှုပ်ရှားမှုလေးလည်းရှိဦးမှ...
စိုးရိမ်တယ်ကွယ် နော်ရယ် .... နော် ???
အိမ်ရှေ့က ဖိနပ်ချွတ်လေးကို သတိရလာပြီဟာ
ReplyDeleteအဟား မိုက်တယ်ကွာ ရာသီဥတု ထဲမှာ ဆောင်းရာသီကိုအကြိုက်ဆုံးဗျာ
ReplyDeleteပြီးတော့မိုး ရာသီ ကိုယ့်စိတ်ကြိုက်သာရွေးခွင့်ရရင် တနေ့လုံး နှင်းကျပြီး ညမိုး ရွာ နေရင်အျေကာင်းဆုံးပဲအဟီး သေချာတစ်ချက်ချင်းဖတ်သွားပါတယ် မြင်တော့ မြင်လိုက်တယ် မသဲကွဲဘူးဖြစ်နေတယ်း)
အချိန်နဲ့ အမျှပြောင်းလဲနေတတ်သလို..လူ့ ရဲ့ သဘောတွေ
ReplyDeleteကလည်းဒီလိုပါပဲဗျာ။ဘယ်သောအခါမှ ပြည့် စုံပြီးဆုံးသွား
တယ်ဆိုတာမရှိတတ်ပါဘူး၊ပြည့် စုံချင်ရင်တော့ ကိုယ့် ဖာကိုယ်
အဝိုင်းသေးသေးရေးမှရတော့ မယ်လေ။ရာသီတွေအမျိုးမျိုး၊
စိတ်တွေအမျိုးမျိုး.......................
အဲလို အရေးအသားမျိုးတအားကြိုက်မိတယ်။
ReplyDeleteအနော်လေး အိမ်နဲ့ ခင့်အိမ်က ဘေးချင်းကပ်နော်။ ခြံစည်းရိုးမရှိဘူး။ ဘေးခြံတံခါး မရှိစေရဘူး။ ပန်းပင်လေးတွေနဲ့ပဲ ခြားထားကြမယ်။ ခင်က အပင်လေးတွေပဲစိုက်ချင်တယ်။
ချစ်တယ်ဟုတ်?
အနော်ရေ......
ReplyDeleteရေးတတ်လိုက်တာ။
တို့လဲ
ရာသီအလိုက် စိတ်တွေ ခံစားချက်တွေ ပြောင်းနေတယ်။
ဝေ... ကိုယ်ကြိုက်တဲ့ရာသီပဲကိုယ်ဖန်ဆင်းထားရင် ပန်းတွေဘယ်ပွင့်တော့မတုန်း ညီမလေးရ ...း)
ReplyDeleteအေးအေး ဂျူနဲ့ပန်းပင်တွေစိုက်ကြ ... ငါ့နွားတွေခြံထဲကို မောင်းလွတ်မယ် ..ဟီဟိ
sighhhhh...
ReplyDeleteသက်ပြင်းတွေချမိတယ်...။ကျောက်တုံးအိမ်လေးတွေကိုလည်း မျက်လုံးထဲမြင်လာတယ်...။နောက်ပြီး ကိုယ်နဲ့မသိပေမယ့် အတော်ရင်းနှီးနေပြီဖြစ်တဲ့ လူတစ်ယောက်ကိုလည်း မျက်လုံးထဲမြင်လာတယ်...။ပြောချင်တာတွေအများကြီးပဲ..။ online မှာတွေ့မှပဲပြောမယ်နော်...၊
သတိတရတွေ ဖြစ်သွားမိပြီ
ReplyDeleteစာတပုဒ်ရဲ့ အနောက်ကို မျောပါသွားမိတယ်။
ဒါဟာ စာရေးကောင်းရုံ တခုထဲကြောင့်တော့မဟုတ်ဘူး
ခံစားချက်တချို့ ယောက်ယက်ခတ်ခဲ့ဖူးတာ ပြန်သတိရမိတယ်။
ယပ်တောင်လေး ခတ်ပေးတဲ့ အိုမားကို သတိရသွားပြီ အနော်မကောင်းဘူး ဟွင်းးး
ReplyDeleteမေမြို့က ညီမနေမယ့်ခြံဘေးနားက အကိုခြံနော်။ လာလည်ဦး။အဲဒီအခါကျရင် ပုရစ်ကြော်ပူပူနွေးနွေးလေးကျွေးမယ်။ကြိုက်မည်ထင်တာပဲ။:P
ReplyDeleteအကိုလဲ အသက်ကြီးလာရင် ညီမလိုပဲ မေမြို့နေဖို့စိတ်ကူးထားတယ်။တောတောင်တွေနဲ့နေချင်လို့။တို့တွေစိတ်ကူးတွေ အကောင်အထည်ပေါ်လာပါစေဗျာ။
အနော်ရေ
ReplyDeleteဘဝဆိုတာ လွမ်းဆွတ်နေရတာများလားလို့ တောင်တွေးမိတယ်နော်။
ပျော်ရွှင်ပါစေနော်။
စိတ်ကူးထဲက အိမ်မက်လေးတွေကို လာခံစားသွားတယ်နော်
ReplyDelete