Monday, October 12, 2009

သံစဉ်မဲ့ ကဗျာ

လူသူရှုပ်ထွေးတဲ့ ဂုံးကျော်တံတားကြီးတစ်ခုအပေါ်မှာပေါ့
လူတွေက သူ့ကာရံနဲ့ သူ
သူ့သံစဉ်နဲ့ သူ
အလိုက်သင့် စီးမျောနေကြရင်း
လူတွေနဲ့ ကျနော်က တစ်ခြားစီ

ကျနော်က သူမရဲ့အပြုံးတွေပေါ်မှာ
ဘဝတစ်ခုလုံး ပုံအပ် စီးမျောနေရတဲ့
ကာရံမဲ့ သံစဉ်အို တစ်ပိုင်းတစ်စ
ကျနော်ကတင် ကာရံမဲ့တာ မဟုတ်
ရင်ခုန်သံကပါ အသံအတယ်

ဒီနေ့ နေသာတယ်
မနက်ဖြန် မိုးရွာမယ်
ဒါဟာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ကိစ္စ

ဒီနေ့ သူမရဲ့အပြုံးကိုမြင်ရတယ်
မနက်ဖြန် သူမရဲ့အပြုံးကို မြင်ရဖို့ဆိုတာ
ဒါဟာ ကြိုတင် မှန်းဆဖို့ မလွယ်တဲ့ကိစ္စ

ဟယ်လို…
အက်ရှရှ သတ္တုသံသဲ့သဲ့ရဲ့
နှုတ်ဆက်စကားသံ အဆုံး
တယ်လီဖုန်းနဲ့ ကျနော့်အကြား
အကွာအဝေးက မိုင်ထောင်ချီ…

ပြည့်စုံ
(၁၂-၁၀-၂၀၀၉၊ ၅း၄၆ pm)

11 comments:

  1. ခံစားချက်တွေ မိုးအုံ့တဲ့အခါ ကဗျာတွေက သံစဉ်မဲ့သွားတာလား

    ReplyDelete
  2. လူက ကာရံမဲ့တယ် ၊ ရင်ခုံသံက အသံအတယ်...ဟုတ်လား...မိုက်တယ်ဗျို့..:)

    ReplyDelete
  3. တယ်လီဖုန်းနဲ့ ကျနော့်အကြား
    အကွာအဝေးက မိုင်ထောင်ချီ…

    မှုန်ရီဝိုးတ၀ါးနဲ့ပဲ တို့တွေ ဝေးခဲ့
    အရင်လို သူ့ကြောင်းတွေတွေးရင်းနဲ့ ခရီးဆက်ကြတာပေါ့....

    အားတင်းထားစမ်းပါ...
    အနာဂတ်တွေ လှပလာတော့မှာပါ ငါ့ညီမလေး ပြုံစေ့လေးရဲ့...

    ကိုကြီးပြည့်စုံကြီး

    ReplyDelete
  4. ဒီနေ့ နေသာတယ်
    မနက်ဖြန် မိုးရွာမယ်
    ဒါဟာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ကိစ္စ

    ဒီနေ့ သူမရဲ့အပြုံးကိုမြင်ရတယ်
    မနက်ဖြန် သူမရဲ့အပြုံးကို မြင်ရဖို့ဆိုတာ
    ဒါဟာ ကြိုတင် မှန်းဆဖို့ မလွယ်တဲ့ကိစ္စ


    ဟုတ်ပါ့... လူဆိုတာ အင်မတန်အပြောင်းအလဲ မြန်တဲ့အမျိုး မနက်ဖြန်မပြောနဲ့ စက္ကန့်ပိုင်းအတွင်းတောင် ပြောင်းနေတာ...

    ReplyDelete
  5. hay လာအားပေးသွားတယ်သိလား အနော် နော် နော် နော်

    ReplyDelete
  6. ဖြစ်တည်လာမဲ့ အရေးဟာ ပြေးတွေ့ဖို့ မလွယ်သလို မှန်းဆရလဲ ခက်လှပါတယ်ဗျာ

    ReplyDelete
  7. သံစဉ်မဲ့ ကဗျာလေး တစ်ပုဒ် ခံစားချက်မဲ့တဲ့ ကောင်မလေးတစ်ယောက် လာဖတ်တယ် သယ်ရင်းးးးးးးး
    တိုက်ဆိုင်နေသလိုပဲ။ ဟင့်ဟင့်

    ReplyDelete
  8. ဒီနေ့ သူမရဲ့အပြုံးကိုမြင်ရတယ်
    မနက်ဖြန် သူမရဲ့အပြုံးကို မြင်ရဖို့ဆိုတာ
    ဒါဟာ ကြိုတင် မှန်းဆဖို့ မလွယ်တဲ့ကိစ္စ........တဲ့လားးး သူငယ်ချင်းရယ်

    သူ့ရဲ့  အပြုံးလေးတွေ အမြဲမြင်နိုင်ပါစေနော်။
    ကဗျာလေးတွေ ပိုပိုကောင်းလာတယ် သိလား
    နာ့ပြောသားဘဲ သယ်ရင်းရယ် နင်ဘလော့ရေးရင် အောင်မြင်မှာပါလို့..။

    ReplyDelete
  9. ပြောစရာမရှိအောင်ကောင်းတယ်ဗျို့ ။ရှင်းရှင်းလေးနဲ့  ထိတယ်
    အမြဲတန်းပဲပြုံးနေနိုင်အောင် အမြဲတန်းပဲ လိုက်လျောနေဘို့ 
    လိုတယ်မဟုတ်လားလို့ ..။

    ReplyDelete
  10. ဒီနေ့ နေသာတယ်
    မနက်ဖြန် မိုးရွာမယ်
    ဟုတ်တယ်..
    ဒါဟာ ကြိုတင်ခန့်မှန်းလို့မရနိုင်ပေဘူး
    ရတယ်ထားဦး..... မှားနေရင်“ဂွမ်”ကြရဦးမယ်
    သမီးကြီးကတော့“တိုက်ဆိုင်နေသလိုပဲ ဟင့် ဟင့် ဟင့်”တဲ့ :P

    ReplyDelete
  11. ရော်... ကိုသားကြီးဟာ....
    လုပ်ရော့မယ်။
    ကြိုတင်မမှန်းနိုင်တဲ့ အရာတွေက လူတိုင်းနဲ့  မတိုက်ဆိုင်လို့လား။
    တစ်ခါတလေ ကြိုတင်မမှန်းနိုင်တဲ့ အရာတွေအတွက် တွေးကြည့်မိရင် ချောက်ချားမိတယ်။ ဒါပြောတာ။ ဟင့်

    ReplyDelete