Thursday, April 1, 2010

ထာဝရ

ထာဝရဆိုတဲ့ စကားလုံးဟာ
ငါ့ရဲ့အဘိဓာန်မှာတော့
ဝေးကွာခြင်းဆိုတဲ့ အဓိပ္ပါယ်အတွက် သပ်သပ်ပဲ
အမှန်တရားရေ
မသိချင်ယောင်ဆောင်ပီး တိတ်တဆိတ်ထောက်ခံပေးပါ

ထာဝရ….
မင်းကိုငါ……
ဒါလဲ ဝေးကွာဖို့အတွက် သပ်သပ်ပဲ

ထာဝရထက်
မင်းကိုငါ….
ဒီလိုနဲ့ပဲ ဝေးကွာခဲ့ကြတယ်…

ကံကြမ္မာ ဇာတ်ဆရာ အလိုကျ
ငါ့ဘဝရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲ
ထာဝရဆိုတာထက်
အသာမရခဲ့ဖူးတဲ့
ဇာတ်ကျောရိုးတွေထဲမှာ
ဝေးကွာခြင်းက ခြေကုပ်မြဲခဲ့တယ်…..

ကနဦး အစ
ထင်ယောင်ထင်မှား အိပ်မက်တွေထဲ
ထာဝရ ဆိုတဲ့ စကားလုံးကိုပဲ
ငါက အသုံးမှားခဲ့သေးတယ်..
ဝေးကွာမြဲ ဝေးကွာလျက်ပဲ….

ချစ်သူရေ
ထာဝရ ဆိုပီး..
ငါရေးခဲ့မိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းထဲ
တချို့တချို့နေရာတွေက အသံတိတ်လျက်
တချို့တချို့နေရာတွေက အမူအရာတွေ ဆွံ့လျက်
တချို့တချို့နေရာတွေက လူနဲ့နေရာနဲ့ လွဲလျက်
တချို့တချို့နေရာတွေက ခံယူချက်တွေ စွဲလျက်
တချို့တချို့နေရာတွေက ယုံကြည်ချက်တွေ ကွဲလျက်
တချို့တချို့နေရာတွေက ပြင်ဆင်မှုတွေ မွဲလျက်
တချို့တချို့နေရာတွေက မှုန်ရီပြာဝေနေတဲ့ အတိတ်မှာသာ ရှိလျက် ..
လွမ်းခြင်းနဲ့ အတိတ်ပေါင်းစပ်လျက်ရှိတဲ့ အိပ်မက်ထဲ
ချစ်သူရေ တစ်ရက်ထက်တော့ ပိုလွမ်းပေးပါ…

ပြည့်စုံ
(၁-၄-၂၀၁၀၊ ၂း၅၆ pm)

8 comments:

  1. ထာဝရ ကဗျာလေးလာအားပေးသွားပါတယ်
    ဖြောင်းးးးးးးဖြောင်းးးးးးးးးးးးးးဖြောင်းးးးးးးးးးး
    ကောင်း၏
    အော် ပြောခိုင်းလိုက်လို့  ထာဝရလွမ်းပေးမယ်တဲ့
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  2. ထာဝရလွမ်းပေးလိုက်ပါအနော့်ရဲ့ချစ်သူလေးရေ... တစ်ရက်မကလွမ်းနေကြောင်းပြောပြလိုက်ပါ

    ReplyDelete
  3. ထာဝရ
    ကဗျာတွေပဲ ရေးသွားတော့မှာလားဟင်

    တစ်ရက် တစ်မနက်ထက် ပိုလွမ်းနေမှာပါ....။

    ReplyDelete
  4. ထာဝရကဗျာလေးကို လာရောက်ခံစားသွားပါ၏။
    25နာရီ လွမ်းပေးမယ်တဲ့ :p

    ReplyDelete
  5. အင်း... မကြာ ခဏ လေးတွေ ကနေ တဖြည်းဖြည်း နဲ့ 
    ထာဝရဖြစ်သွားခဲ့ ရတာကိုး။ ထာဝရ ဆိုတော့  အမြဲတန်း ဆိုတဲ့ 
    သဘော လေးတွေ ပါနေတာမို့  တမြေ့ မြေ့  နဲ့  လွမ်းရတဲ့ 
    အမြဲ တန်း တွေတော့  ဝေးကွာ နေပါစေဗျာ..။

    ReplyDelete
  6. အိပ်မက်ထဲမှာတင် မဟုတ်ပါဘူးတဲ့ ....တစ်ရက်မက လွမ်းပါတယ်တဲ့ကွယ်...

    ReplyDelete
  7. ထာဝရအဆုံးတိုင် ကိုယ်တန်ဖိုးထားပါ့မယ် ... ( ၀ိုင်ဝိုင်း )

    ReplyDelete
  8. ထာဝရ ပရိသတ်လေး လာဖတ်သွားပါတယ်။
း)

    ReplyDelete