Sunday, July 4, 2010

ဘောလီဘော

လက်ဖဝါးပေါ်တင်ပြီးမှ
လက်ဖမိုးနဲ့ ရိုက်ချလိုက်တယ်..
ရှိသမျှ အားအင်ကို စုလို့..

ဟိုဘက်ကိုရောက်တော့
လက်ဖမိုးနဲ့ ပြန်တင်တယ်..
ပြီးမှ လက်ဖဝါးနဲ့ပြန်ရိုက်ချတယ်..

မျှော်လင့်ချက်တွေအပြည့်နဲ့
ပင့်လိုက် ရိုက်လိုက် ခုတ်ချလိုက်..
ဒီလိုနဲ့ပဲ ...
ပွဲပြီးတော့မှ
အနိုင် အရှုံး အသတ်မှတ်ခံခဲ့ရတယ်..
ဘဝတွေလို...

ပြည့်စုံ
(၄-၇-၂၀၁၀။ ၇း၀၇ pm)

5 comments:

  1. အမှန်ပဲ....ဘ၀တွေက ပုတ်ခံလိုက်ရ ၊ ရိုက်ခံလိုက်ရနဲ့ပဲ....။
    တိုတိုလေးနဲ့ ထိတယ်....။ အနိုင်အရှုံးကတော့ ကိုယ်သတ်မှတ်တဲ့အတိုင်းပေါ့.....။

    ReplyDelete
  2. `မျှော်လင့်ချက်တွေအပြည့်နဲ့
    ပင့်လိုက် ရိုက်လိုက် ခုတ်ချလိုက်..
    ဒီလိုနဲ့ပဲ ...´

    မှန်လိုက်တာ.. နိမ့်လိုက် မြင့်လိုက် ရိုက်ချလိုက် ပင့်တင်လိုက်နဲ့
    ဒီလိုနဲ့ပဲ မမောနိုင် မပန်းနိုင် ရှင်သန်နေရတဲ့ ဘ၀။

    ReplyDelete
  3. မျှော်လင့်ချက်တွေအပြည့်နဲ့
    ပင့်လိုက် ရိုက်လိုက် ခုတ်ချလိုက်..
    ဒီလိုနဲ့ပဲ ...
    ပွဲပြီးတော့မှ
    အနိုင် အရှုံး အသတ်မှတ်ခံခဲ့ရတယ်..
    ဘဝတွေလို...

    ဟုတ်တယ် ဘ၀တွေ ဘ၀တွေး)))

    ReplyDelete
  4. ဟုတ်တယ်ဗျ၊
    ဘဝ ဆိုတာ ထောက်ရှာ ငှက်တို့ ပျံ တဲ့ အတိုင်း ပဲ
    နိမ့် လိုက် မြင့် လိုက် နဲ့ ...။
    ရုံး လို့ အကြိမ်ကြိမ် လဲကျ နေလဲ ပြန်ပြန် ထ နေ ရမှာ ပဲ မှုတ်လား

    ReplyDelete
  5. ရိုးရိုးရှင်းရှင်းလေးပဲ
    ဒါပေမယ့် ပြီးပြည့်စုံတယ်။
    ကဗျာလေး ကြိုက်တယ်....။

    ReplyDelete