Tuesday, July 13, 2010

အိမ်



အသစ်ရောက်လာမယ့်နေ့တွေနဲ့
ကုန်လွန်ခဲ့တဲ့နေ့တွေရယ်
ဘယ်လိုအချိန်တွေဖြစ်ဖြစ်
အိမ်ကိုအရောက်ပြန်ချင်ခဲ့ပြီ

လောကကြီးရဲ့အလယ်
လူတွေအများကြီးရဲ့ အလယ်
အထီးကျန်မှုတွေနဲ့အသားကျနေခဲ့ ငါ
အခု အိမ်ပြန်ချင်ခဲ့ပြီ

လွမ်းတယ် လွမ်းတယ်..
မင်းသိနေတဲ့ငါ့အလွမ်းတွေရယ်..

အဆင်ပြေပါစေ အချစ်ရယ်..
ငါ့အတွက်တော့ မပူနဲ့..
ဒီလိုအလွမ်းတွေနဲ့သာ စာလွှာတွေ ပါးခဲ့လိုက်တယ်
ခံစားမှုတွေ အကုန်လုံးပြည့်စုံလိမ့်မယ်လို့
မမျှော်လင့်ရဲခဲ့ဘူး အချစ်ရယ်
ငါ့အလွမ်းတွေကို စာတိုက်ပုံးကလေး သိပါစေ..

ဟော နောက်ထပ်လေယာဉ်တစ်စင်း
နောက်ထပ် နေတစ်စင်း
အရာရာအဆင်ပြေခြင်းတွေ ရှိနေလဲ
အခု အိမ်ပြန်ချင်ခဲ့ပြီ
အိမ်ကိုအရောက်ပြန်ချင်ခဲ့ပြီ…..

အိမ်ပြန်ခွင့်ပြုပါ
အိမ်နဲ့အဝေး….မင်းရဲ့အဝေး
အခုတော့ အဝေးကိုရောက်နေခဲ့ပြီ
အိမ်ပြန်ပါရစေ

သူစိမ်းတစ်ယောက်လိုပဲ
ခံစားခဲ့ရတာ ကြာလှပေါ့
လမ်းအသစ်ကို လျှောက်ဖို့
ခြေတစ်ဖက် စနင်းခဲ့တဲ့အချိန်မှာတောင်
ငါ့ဘေးမှာ မင်းမရှိနေခဲ့ဘူး

သိနေတယ် သိတယ်လေ..
ဒါတွေဟာ မင်းရဲ့အိပ်မက်တွေ မဟုတ်ကြောင်း
မင်းရဲ့ ယုံကြည်မှုတွေထဲမှာတောင် ငါသိနေခဲ့….

လမ်းအသစ်တစ်ခု လျှောက်ခဲ့တယ်
နောက်တစ်ဆောင်းအသစ်ပေါက်ခဲ့တယ်
အချိန်တွေ နေရာတွေ ဝေးဝေး
တဖြည်းဖြည်း ဝေး………
ဘယ်လိုနေရာတွေ ဝေးဝေး
အခု အိမ်ပြန်ချင်ခဲ့ပြီ
အိမ်ပြန်ပါရစေ…

လောကကြီးရဲ့အလယ်
လူတွေအများကြီးရဲ့ အလယ်
အရာရာဟာ အထီးကျန်နေဆဲ
လွမ်းနေတုန်းပဲ အချစ်ရယ်
ငါ အိမ်ပြန်ပါရစေ

လွမ်းတယ် လွမ်းတယ် ..
မင်းသိနေတဲ့ငါ့အလွမ်းတွေရယ်..

အိမ်ပြန်ပါရစေ..
လျှောက်ခဲ့ရမယ့် လမ်းတွေနဲ့
ပြီးဆုံးခဲ့တဲ့ တာဝန်တွေအပြီး
အိမ်ပြန်ဖို့ အသင့်ဖြစ်နေတဲ့ ခြေထောက်တွေနဲ့
အိမ်ပြန်တော့မယ်

အိမ်ပြန်ပါရစေ..

အရာရာပြီးဆုံးခဲ့တဲ့နောက်
အခုဒီညရဲ့ အိမ်အပြန်လမ်းတစ်လျှောက်
ငါ့ရဲ့ခြေထောက်တွေ မြူးတူးနေခဲ့
အခုကိုပဲ ငါ .. ဒီညတော့
အိမ်ပြန်ရောက်ဖို့ နီးနေခဲ့ပြီ…
အိမ်ပြန်တော့မယ်..

ပြည့်စုံ
(၁၃-၇-၂၀၁၀၊ ၄း၄၇ pm)

(အိမ်ကိုလွမ်းနေတဲ့အချိန် Micheal Buble ရဲ့ HOME သီချင်းကို နားထောင်ရင်း ဘာသာပြန်မိတာပါ. ကာရံမိအောင် ဘာသာပြန်ထားမိတဲ့ အလွဲတွေအတွက် ဖြည့်စွက်ခံစားပေးပါလို့ :P)

6 comments:

  1. အိမ်ပြန်စို့ ကွယ် ... သူငယ်ချင်းရယ်

    ReplyDelete
  2. အဲသီချင်းလေးကို တအားကြိုက်တာ အနော်လေးရ။

    ReplyDelete
  3. သီချင်းလေးကိုအရမ်းကြိုက်တာ...။
    ခုလိုလေး တွဲပြီးဖတ်လိုက်ရတော့ ပိုတောင်ကြိုက်သွားသေးတယ်...။
    အနော်လေး ပျော်ပါစေ...။
    စကားမစပ်...ဒီနေ့ သတိတွေရနေတယ် ငါ့ညီမလေးကို....။

    ReplyDelete
  4. လမ်းအသစ်တစ်ခု လျှောက်ခဲ့တယ်
    နောက်တစ်ဆောင်းအသစ်ပေါက်ခဲ့တယ်
    အချိန်တွေ နေရာတွေ ဝေးဝေး
    တဖြည်းဖြည်း ဝေး………
    ဘယ်လိုနေရာတွေ ဝေးဝေး
    အခု အိမ်ပြန်ချင်ခဲ့ပြီ
    အိမ်ပြန်ပါရစေ…

    အဲဒီအပိုဒ်လေး သိပ်ကြိုက်တာပဲ...
    ဖွဲ့ထားတာလေးက ပြေပြစ်လွန်းတယ်။

    ReplyDelete
  5. အိမ်ပြန်ချင်တယ်... ဆိုတာ နဲ့ တင်
    လွမ်းလို့ မဝ အောင်ဖြစ်နေရတဲ့ ကြားထဲ
    ထပ်ပြီး ပီပြင်အောင်အမျိုးမျိုးခြယ်မှုန်း လိုက်တော့ ...

    ReplyDelete