နေပါစေကွယ်
အလွမ်းတွေ သေရာပါ မဖြစ်ချင်တော့ဘူး
ဟိုးအရင် ဒီလိုအခါက
အတ္တတွေ တခုတ်တရစိုက်ပျိုးခဲ့ပေမဲ့
ရိတ်သိမ်းချိန်ကျ အလွမ်းတွေချည်း သီးပွင့်ခဲ့ရတယ်
အချစ်သြဇာတွေ တနင့်တနဲဖြန့်ကြဲခဲ့တာပဲကွယ်
ပိုးမကျဘဲ အစိုးမရတဲ့မိုးကြောင့် ကွင်းပျက်ခဲ့ရတာလား
ယွင်းပျက်သွားတဲ့ စိတ်ကူးတွေနဲ့
တောင်ပေါ်ကို ရေပြန်စီးသလို
အနေမနီးခဲ့တဲ့ ငါတို့အချစ်
စွန့်ပစ်လို့သာ ထားရစ်ခဲ့တော့မယ်…
ပြည့်စုံ
(၇-၂၉-၂၀၁၀၊ ၂း၄၂ pm)
အလွမ်းတွေ သေရာပါ မဖြစ်ချင်ရင်
ReplyDeleteမရေရာ တဲ့  အချစ်တွေ ကို မရှာဖွေ နဲ့  ပေါ့ ။
အချစ်အကြောင်း တိုတိုလေးပဲ....
ReplyDeleteဒါပေမယ့် တကယ့် အချစ်အကြောင်း.....
အင်း...အချစ်အကြောင်း....၊
ReplyDeleteဟုတ်တယ်....“ ရိတ်သိမ်းချိန်ကျ အလွမ်းတွေချည်း သီးပွင့်ခဲ့ရတယ် ” ဆိုတာ...
သွားတော့ ဘေဘီ
ReplyDeleteဟိုးမှာ ....
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။
(တာရာမင်းဝေ)
အနော်လေးရေ..
ReplyDeleteအချစ်ဆိုတာကလဲ..
ခက်သားလားနော်။