Thursday, July 29, 2010

အချစ်အကြောင်း

နေပါစေကွယ်
အလွမ်းတွေ သေရာပါ မဖြစ်ချင်တော့ဘူး
ဟိုးအရင် ဒီလိုအခါက
အတ္တတွေ တခုတ်တရစိုက်ပျိုးခဲ့ပေမဲ့
ရိတ်သိမ်းချိန်ကျ အလွမ်းတွေချည်း သီးပွင့်ခဲ့ရတယ်
အချစ်သြဇာတွေ တနင့်တနဲဖြန့်ကြဲခဲ့တာပဲကွယ်
ပိုးမကျဘဲ အစိုးမရတဲ့မိုးကြောင့် ကွင်းပျက်ခဲ့ရတာလား
ယွင်းပျက်သွားတဲ့ စိတ်ကူးတွေနဲ့
တောင်ပေါ်ကို ရေပြန်စီးသလို
အနေမနီးခဲ့တဲ့ ငါတို့အချစ်
စွန့်ပစ်လို့သာ ထားရစ်ခဲ့တော့မယ်…

ပြည့်စုံ
(၇-၂၉-၂၀၁၀၊ ၂း၄၂ pm)

5 comments:

  1. အလွမ်းတွေ သေရာပါ မဖြစ်ချင်ရင်
    မရေရာ တဲ့  အချစ်တွေ ကို မရှာဖွေ နဲ့  ပေါ့ ။

    ReplyDelete
  2. အချစ်အကြောင်း တိုတိုလေးပဲ....
    ဒါပေမယ့် တကယ့် အချစ်အကြောင်း.....

    ReplyDelete
  3. အင်း...အချစ်အကြောင်း....၊
    ဟုတ်တယ်....“ ရိတ်သိမ်းချိန်ကျ အလွမ်းတွေချည်း သီးပွင့်ခဲ့ရတယ် ” ဆိုတာ...

    ReplyDelete
  4. သွားတော့ ဘေဘီ
    ဟိုးမှာ ....
    ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။
    (တာရာမင်းဝေ)

    ReplyDelete
  5. အနော်လေးရေ..
    အချစ်ဆိုတာကလဲ..
    ခက်သားလားနော်။

    ReplyDelete