နေတောင် အရောင်ပျောက်ပီတဲ့
ဒါလား နေဝင်ချိန်
ငါ့ဘဝ ညတွေများလိုက်တာ
အမှောင်ကလဲ ခါးတာပဲ
စကားများတဲ့ကောင်တွေ အသံတိတ်စမ်း
လက ခပ်ငေါက်ငေါက်ဆိုတော့
ကြယ်တွေ ခွက်ထိုးခွက်လှန်ရီလို့
နေတတ်ရင် အပျော်အပျက်ချည်းပါဗျာတဲ့
ဒီစကား ဘယ်သူကများပြောခဲ့ပါလိမ့်
ဒါနဲ့များတောင် လက တိမ်နောက်ပုန်းနေသေးတယ်
ပြည့်စုံ
(၂၉-၁၀-၂၀၁၀၊ ၁၂း၅၄ am)
နေတတ်ရင် အပျော်အပျက်ချည်းပါဗျာတဲ့
ReplyDeleteဒီစကား ဘယ်သူကများပြောခဲ့ပါလိမ့် ....
တဖွဖွရွတ်ကြည့်မိတယ် .. အဲဒီစာကြောင်းလေးကို
နေတတ်ရင် အပျော်အပျက်ချည်းပါဗျာတဲ့
ဒီစကား ဘယ်သူကများပြောခဲ့ပါလိမ့်
အောင်မလေးဗျ..
ReplyDeleteလှလိုက်တာ..
မနည်းဖြစ်ညှစ်ခံစားယူရတယ်..။
ဘာတဲ့...
လက ခပ်ငေါက်ငေါက်ဆိုတော့...တဲ့..။
BRAVO....
အမယ်..
ReplyDeleteစိတ်ညစ်နေတယ်ပေါ့ ၊
ဘာအလိုမကျဖြစ်နေလဲ..၊
တင်း ထားစမ်းပါ..။
လကတိမ်နောက်မှာပုန်းဆို
ReplyDeleteကြောက်တတ်တာကိုးဗျ :D
အား ကြိုက်လိုက်တာ.. ဒီကဗျာလေးကို..
ReplyDeleteမနေတတ်သေးတော့ အပျော်မတွေ့ဘဲ အပျက်ပဲ ကြုံနေရတာနဲ့တူတယ်။
ReplyDeleteပုန်းနေရခြင်းအကြောင်းတော့ရှိမှာပေါ့..
ReplyDeleteသဘောကျမိတယ်.. ကောင်းတဲ့ ကဗျာလေးပါ
ReplyDelete