ည တဲ့
နေဝင်သွားကာမှ
အသတ်မှတ်ခံရတယ်
လ တဲ့
ဝိုင်းဝိုင်းစက်စက် အမြဲမဖြစ်တာတောင်
ညမှ လင်းရတယ်
ဘဝ တဲ့
ဘကုန်းနဲ့ ဝလုံး နှစ်လုံးထဲ
ကုန်းရုန်းခံနေရတယ်
အလှ တဲ့
အပြင်အပ ဆင်သမှ
မျက်စိအမြင်ထဲ လှရတယ်
ခန တဲ့
လိုက်ခဲ့ပါ ခေါ်ပီး
လေးဘက်အမှောင်ထဲ ပို့ပစ်လိုက်တယ်
ပြည့်စုံ
(၂၁-၁၀-၂၀၁၀၊ ၉း၁၁ pm)
အဲဒီ ခဏ မှာပဲ
ReplyDeleteည ရော
လ ရော
ဘဝ ရော
အလှရော
ဆိတ်သုန်းသွားတော့ပါပဲ။
ခဏဆိုလည်းမလိုက်ရဲဘူးနော်
ReplyDeleteစားရိတ်ညိမ်းခေါ်တာလေ ၊ ရင်ခုန်ချင်စရာ ခဏ ပါ။
ReplyDeleteည ဆိုတာ ခဏ ပါပဲ
ReplyDelete