Tuesday, November 9, 2010

အစဆွဲထုတ်ကြည့်ခြင်း

ည တဲ့
နေဝင်သွားကာမှ
အသတ်မှတ်ခံရတယ်

လ တဲ့
ဝိုင်းဝိုင်းစက်စက် အမြဲမဖြစ်တာတောင်
ညမှ လင်းရတယ်

ဘဝ တဲ့
ဘကုန်းနဲ့ ဝလုံး နှစ်လုံးထဲ
ကုန်းရုန်းခံနေရတယ်

အလှ တဲ့
အပြင်အပ ဆင်သမှ
မျက်စိအမြင်ထဲ လှရတယ်

ခန တဲ့
လိုက်ခဲ့ပါ ခေါ်ပီး
လေးဘက်အမှောင်ထဲ ပို့ပစ်လိုက်တယ်

ပြည့်စုံ
(၂၁-၁၀-၂၀၁၀၊ ၉း၁၁ pm)

4 comments:

  1. အဲဒီ ခဏ မှာပဲ
    ည ရော
    လ ရော
    ဘဝ ရော
    အလှရော
    ဆိတ်သုန်းသွားတော့ပါပဲ။

    ReplyDelete
  2. ခဏဆိုလည်းမလိုက်ရဲဘူးနော်

    ReplyDelete
  3. စားရိတ်ညိမ်းခေါ်တာလေ ၊ ရင်ခုန်ချင်စရာ ခဏ ပါ။

    ReplyDelete
  4. ည ဆိုတာ ခဏ ပါပဲ

    ReplyDelete