Tuesday, August 25, 2009

မိုးနဲ့အတူ

မိုးနေ့လေး တစ်နေ့နဲ့အတူ
ကိုယ့်အနား မင်းအရောက်လာခဲ့တယ်
ကောင်းကင်မှာ လျှပ်နွယ်လျှပ်ပန်းတွေ
တလက်လက်နဲ့ပေါ့
ရင်ထဲက ကြောက်စိတ်အတွက်
သူပြောဖူးတဲ့ စကား
ဓာတ်ပုံရိုက်နေတယ် ပြုံးထားတဲ့လေ

မိုးနေ့လေး တစ်နေ့နဲ့အတူ
ကိုယ့်အနားက မင်းဖယ်ခွာသွားခဲ့တယ်
ကောင်းကင်မှာ တိမ်မည်းတွေ
ညိုမဲ မိုးသည်းနေခဲ့တယ်
ရင်ထဲက လွမ်းစိတ်အတွက်
သူပြောဖူးတဲ့စကား
အမြဲတမ်းချစ်နေမယ် သတိရနေပါတဲ့လေ

မိုးနေ့လေး တစ်နေ့နဲ့အတူ
ကိုယ့်အနား မင်းရှိမလားလို့
မိုးရေထဲထွက်
အကြောက်အလန့်မဲ့တဲ့စိတ်နဲ့
မိုးရေတွေ ရွှဲစိုနေခဲ့လဲ
ငါ့အနားမှာ မင်းမရှိ
မင်းမသိတဲ့ဖြစ်အင်တွေနဲ့
နှလုံးသားထဲ အလွမ်းမိုးတွေ ရွာဆဲပါပဲ….

ပြည့်စုံ (၂၀-၈-၂၀၀၉၊ ၂း၃၇ pm)

11 comments:

  1. မိုးတွေညိုညိုလာရင် စိတ်တွေထဲ ဘယ်လို ဘယ်လို အိုအို
    လာမှန်းမသိဘူး ... လွမ်းတာ ... ဘာလွမ်းမှန်းလဲမသိဘူး ...
    အလိုမကျတာ... ဘာအလိုမကျမှန်းလည်းမသိဘူး ....
    ဆွေးနေတုန်း .... ဗြုန်းဆို ကြမ်းကျွံကျတော့ ..ဘာတွေရေးနေ
    မှန်း မသိပါဘူး အနော်က တကယ်ခံစား ပြီးရေးထားတဲ့ ကဗျာ
    ကို အဲလို အဲလို .... အနော်ရေ လွမ်းရလွန်းလို့ ပန်းနေပါပြီ ...
    ဒါပေမယ့် ဆက်လွမ်းရဦးမယ်ဗျာ ..... :D
    ပျော်ရွှင်ပါစေ
    ရန်ကုန်

    ReplyDelete
  2. မိုးနဲ့အတူ... ဒီကဗျာလေးကိုအရမ်းကြိုက်တယ်

    ReplyDelete
  3. အလွမ်းမိုးတွေစဲတဲ့အချိန်ရောက်အုံးမှာပေါ့

    စိတ်ရှည်ရှည်စောင့်ပါလေ။

    ReplyDelete
  4. အလိုတော် ကဗျာတွေကကြာလေကောင်းလေပါ့လား..ပိုပိုလွမ်းသွားတယ် ကိုင်ဇာသီချင်းဘဲဆိုသွားရမလားမသိဘူးနော်..

    ReplyDelete
  5. မိုးလေးဖွဲတုန်းသတိရတယ် မြင်နေတယ် ပြတင်းတံခါးဆီပဲ။
    သွားလို့ မော့ကြည့်လိုက်ချိန် တကိုယ်ရည်ထဲ မိုးစက်တွေအလည်။
    မိုး သီချင်းလေးညည်းရင်း၊ အလွမ်းမိုးလေးတွေ လာပက်မိတော့ လွမ်းတာပေါ့လို့ ။
    အနော်ရေ... ကိုမြစ်ကြီးပြောတယ်။
    စိတ်ရှည်ရှည်စောင့်တဲ့ဟ။
    စိတ်ရှည်ခြင်းသည် အင်အားကြီးသော စစ်တပ်ကြီးထက် ခွန်အားကြီးသတဲ့လေ။ စိတ်ရှည်ရမယ်နော် ဒါပဲ.. ဟိဟိ
    ပျော်ရွှင်ပါစေဟာ

    ReplyDelete
  6. ဒီကဗျာဖတ်ပြီး ငယ်ဘဝက မိုးရာသီကိုလွမ်းတယ်
    မိုးသီချင်းကိုလွမ်းတယ်
    “မိုး”လို့ချစ်စနိုးနဲ့ ကိုခေါ်ခဲ့ဖူးတဲ့ ကောင်မလေး(အခုတော့ ကောင်မကြီး)ကိုသတိရတယ်
    မိုးကိုအကြောင်းပြပြီး သောက်ခဲ့ဖူးတဲ့ အာမီရမ်လေးသတိရတယ် ဟီးးး ဆိုင်သလားတော့မသိ
    မိုးနဲ့အတူရောက်လာခဲ့တဲ့ မိုးနဲ့အတူထွက်ခွာသွားတဲ့ တစ်ယောက်သောသူရေ “ပြည့်စုံ”ရဲ့ ရင်ထဲက အလွမ်းမိုးလေး လာတိတ်ပေးလှည့်ပါဦးး
    အချိန်တွေအများကြီးနှောင်းမသွားခင်ပေါ့
    အလွမ်းကောင်းကင်မှာ လျှပ်ပန်းခွေတွေ မလက်ခင်ပေါ့

    ReplyDelete
  7. ကဗျာလေးကအရမ်းကောင်းတယ်
    ခံစားချက်တွေကိုတော့ ...... မခံစားစေချင်ပါဘူး
    ချစ်သူငယ်ချင်းလေးနော်... ပျော်ရွှင်မှုတွေကိုသာ ထာဝရပိုင်ဆိုင်ပါစေ

    ReplyDelete
  8. မိုးကိုခံစားသွားတာကောင်းတယ်ဗျာ။ကျွန်တော်လဲအကို့လိုခံစားဖူးပါတယ်။ထပ်တူထပ်မျှပါပဲ။။

    ReplyDelete
  9. ခုရော .. မိုးတိတ်သွားပြီလားဟင် ...
    =]

    ReplyDelete
  10. ကဗျာလေးဖတ်ပြီး ဟိုသွားသတိရတယ်ဗျာ။

    အဟီး.. အပေါ်သွားနဲ့ အောက်သွားကိုပြောတာ။

    yu ya

    ReplyDelete
  11. ကဗျာလေး ဖတ်ပြီးရင်ထဲမှာ မိုးရေတွေ ရွှဲလို့၊ အလွမ်းမိုးတွေ သည်းလိုက်ပုံများ တဂျိမ်းဂျိမ်းနဲ့။ ကဗျာလေး ကောင်းတယ်၊ ထိထိရှရှကို ကောင်းတယ်။

    မိုးရေတွေ ရွှဲလို့ ဖျားရင်တော့ ငါ့ညီမကြောင့်ပဲ။
    ခင်တဲ့

    ReplyDelete