Thursday, October 8, 2009

ရင်ကွဲမြစ်

အိပ်မက်တွေက ရာဇဝင်ရိုင်း
တိမ်မည်းတွေ မှိုင်းနေတဲ့
မှောင်မိုက်တဲ့ ကောင်းကင်မှာ
အခု လျှပ်စီးတွေ ထစ်ချုန်းလက်နေတယ်

ရေရွတ်လိုက်စမ်း
ရင်ထဲက စကားလုံးအမှန်တွေ
သဘာဝကို မလွန်ဆန်ရဲရင်
မိုးခြိမ်းသံတွေက ကာကွယ်ပေးလိမ့်မယ်

ဖုံးကွယ်စရာ ဘာရှိလဲ
အပြုံးနဲ့ခြယ်သနေလဲ
အဆုံးမှာ ငါ့အတွက်ဆို
အမုန်းတွေပဲ ရမှာပဲ

ငါဆိုတာကလဲ
မညာတမ်းပြောရရင်
ခပ်ကြောင်ကြောင်စရိုက်နဲ့
ချေချွတ်ဖို့မလွယ်တဲ့
မိစ္ဆာဒိဌိတစ်ကောင်ပဲ

ကဲမိတ်ဆွေ
ဘဝဆိုတာ
တကယ်တမ်းတွေးရင်
အပျော်တမ်း ကလေးကစားသလို
အလျော်အစားမရှိဘူးလို့တော့ မထင်နဲ့
ကြေးကြီးတယ် ဈေးကြီးတယ်
နိုင်ရင် ရွှေထီးဆောင်း
ရှုံးရင် မြေကြီးထဲ ဂျောင်းရမယ်

ရွေးစရာသိပ်နည်းတဲ့လမ်းမှာ
ဖောက်ပီးသား လမ်းအဟောင်းကိုပဲ
မင်းရွေးလျှောက်သွားခဲ့
အပြစ်မတင်ဘူး
မြစ်ထင်လို့ မင်းကူးခဲ့တဲ့
ငါ့ရဲ့ ရင်ကွဲမျက်ရည်တွေထဲ
အပြုံးတုတစ်ခုနဲ့သာ ကူးခတ်သွားခဲ့………..

ပြည့်စုံ (၈-၁၀-၂၀၀၉၊ ၁၁း၄၈ pm)

9 comments:

  1. အလဲ့ တယ်မိုက်ပါလား အနော် ဘာတွေ ပေါက်ကွဲနေတာတုံး ဟီးးးးးးး ဖတ်သွားတယ်နော်

    ReplyDelete
  2. ရင်ကွဲမြစ် ..... အလျော်အစားမရှိဘူးလို့ တော့ မထင်ပါဘူး အပြုံး နဲ့ ချယ်လှယ်တဲ့ ပွဲမှာ အမုန်းတော့ မရချင်ဘူး ... ရင်လည်း မကွဲချင်ဘူး ...... ချစ်ချင်တာပဲသိတယ် ...ဟဲဟဲ :) ရွှေသဲပြင်တော့ ငိုပွဲတွေ မဆင်ပါရစေနဲ့  ......
    ကဗျာလေးက ထုံးစံအတိုင်း ကောင်းတယ် မိတယ် စကားတွေက ထိတယ် .....
    ခင်တဲ့
    သူငယ်ချင်း ရန်ကုန် :))

    ReplyDelete
  3. သြော်... ဒဿနတွေ ဒဿနတွေ တွေးတတ်လိုက်တာ... :)

    ReplyDelete
  4. သူငယ်ချင်းးးးးး ရင်ကွဲမြစ်ကြီးထဲ လက်ပစ်ကူးရင်း နှစ်နေပြီ။ ကူညီပါဦး။။။။။။။
    အနော့် လက်ရာ လေးနက်တုန်းပဲဟာ....

    ReplyDelete
  5. ရင်ကွဲမြစ်
    နာမည်နဲ့ ကဗျာ ဟပ်နေတာပဲ။ ကောင်းလိုက်တဲ့ကဗျာလေးပါ။
    :))))))))))))))))

    ReplyDelete
  6. လွမ်းဖို့ရှိတာ သိလိုက်ပါသည်။
    မျက်ရည်ပင်လယ်ထဲ ခေါင်းအုံးလေးမျောနေမှ တဲ့..
    ငယ်ငယ်က ကြိုက်ဖူးတဲ့ မောင်စိန်ဝင်း ကဗျာ။

    မြစ်ထင်လို့ မင်းကူးခဲ့တဲ့ ငါ့ရဲ့ ရင်ကွဲမျက်ရည်တွေထဲ တဲ့..
    အခုကြိုက်တဲ့ အနော့်ကဗျာ..

    ReplyDelete
  7. ကဗျာလေးလာဖတ်တယ် သူငယ်ချင်းရေ
    အဆင်ပြေလား
    နေကောင်းလား
    မတွေ့တာကြာပြီနော်။

    ReplyDelete
  8. ဘုရားဘုရား.... ငါ့ညီမလေး စိတ်ထွက်ပေါက်တဲ့လားဟင်...
    ခံစားချက်တွေ များလွန်းနေတော့ ကဗျာတွေဖြစ်ကုန်ပါရောလား

    လွယ်လွယ်နဲ့မပျောက်နိုင်တော့
    ရင်ဆိုင်ရဲရဲပေါ့လေ... ....

    ငါ့ညီမပြုံစေ့လေး
    ရင်ကွဲမျက်ရည်တွေ အမြန်ဆုံးခမ်းခြောက်ပါစေ

    ReplyDelete
  9. ဟုတ်တယ် ကြေးကြီးတယ် ၊ ဈေးကြီးတယ်...:)
    ကဗျာလေးကို ခုမှလာဖတ်ရပါတယ်...။
    သင်တန်းနဲ့အလုပ် အရမ်းရှုပ်နေလို့ပါ..။

    ReplyDelete