Wednesday, August 11, 2010

အနာ

ဘယ်လိုပဲ ကိုယ့်စိတ်တွေကိုဖြေဖြေ
မပြေတဲ့ အညိုးတွေပဲ ထပ်တိုးလာတယ်
ကျားနာခဲ ခဲသလိုပဲတဲ့
တခါတည်း ရင်ကိုခွဲ
အသဲကိုဆွဲနှုတ်ပစ်လိုက်တယ်
သေခါမှ သေရော..
အနာရာ ဗလပွနဲ့
လောကကိုက အထာမကျခဲ့ဘူး..

ပြည့်စုံ
(၁၁-၈-၂၀၁၀၊ ၃း၁၀ pm)

7 comments:

  1. စိတ်ထွက်ပေါက်အဖြစ် ကဗျာတွေစပ်ရင်း...
    ဝေဒနာတွေ ပြေပျောက်နိုင်ပါစေ..မောင်လေးရေ။

    အဆင်ပြေပါစေ...။

    ခင်မင်စွာဖြင့်
    (အမ..nan_ma_wa)

    ReplyDelete
  2. ရင်မှာ ဒဏ်ရာ တွေ ဗလပွ နဲ့  ဆိုပါလား။
    ဆုပ်ကိုင်ထားမိတဲ့  အရာ တစ်ခု က ကိုင်ဆုပ် ထားမိသလောက် ဆိုက်ထုပ်ထားရတဲ့ 
    အား ပမာဏ ဆိုတာ ရှိစမြဲ ပါပဲ။
    ဖြေလျှော့  လွှတ်ချ ကြည့် လိုပ်ပါလား....

    ReplyDelete
  3. လောကကို အထာမကျတာ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး .

    ReplyDelete
  4. အထာမကျတဲ့ လောကကို ခဏခဏပြန်ချထားခဲ့ချင်တာ.. သူကမနေခဲ့ဘူးဆိုလို့..

    ReplyDelete
  5. အနာတွေပျောက်ကင်းနိုင်ပါစေ ပြည့်စုံရေ...။

    ReplyDelete
  6. ဘာပဲဖြစ်ဖြစ်....ဒီမှာချရေးလိုက်ရတော့ စိတ်ထဲနည်းနည်းတော့ပေါ့သွားမှာပေါ့....။
    ငါ့ညီမလေး ပျော်ရွင်ပါစေ....။

    ReplyDelete