ဇောတွေက ကြိုးတွေလိုပဲ
လည်မျိုကိုတင်းတင်းပတ်
စိတ်ဓာတ်တွေညစ်ပတ်လာတယ်
သိုးတွေလိုပဲ
စိတ်ကူးတွေသွားတဲ့နောက်
ချောက်ဆိုလဲ ခုန်ချပစ်လိုက်မယ်
မိုးခါးရေပါ
တယောက်မှ မရူးဘူး
ကိုယ်တယောက်ထဲ ထူးနေတာတဲ့
မေမေရေ
နှလုံးသားတွေ အောင့်အောင့်နေတယ်..
မေတ္တာတရားတွေ ပွားများဖို့ဆိုတာကလဲ
လော့ဂရစ်သမ်ကြီးက ကျကွဲ
ပြုံးပြဖို့တောင်
နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား စဉ်းစားနေရ
ဒါနဲ့များလေ
သူစိမ်းတွေများဆိုတာ
ရန်သူကြီးတွေကိုဖြစ်လို့…
ပြည့်စုံ
(၂၄-၂-၂၀၁၁၊ ၅း၃၆ pm)
ပြုံးပြဖို့တောင်
ReplyDeleteနှုတ်ခမ်းနာနဲ့ တည့်ပါ့မလား
စဉ်းစားနေရ ...
စဉ်းစားနေရ ...
စဉ်းစားနေရ ...
ဇောတွေက ကြိုးတွေတဲ့လား
ReplyDeleteမှန်လိုက်တာ
ဇောအထပ်ထပ်မို့ ကြိုးအထပ်ထပ်က ဘဝကို ပါတ်နေတယ်။