Thursday, February 24, 2011

ကျကွဲသွားတဲ့ လော့ဂရစ်သမ်အကြောင်း

ဇောတွေက ကြိုးတွေလိုပဲ
လည်မျိုကိုတင်းတင်းပတ်
စိတ်ဓာတ်တွေညစ်ပတ်လာတယ်

သိုးတွေလိုပဲ
စိတ်ကူးတွေသွားတဲ့နောက်
ချောက်ဆိုလဲ ခုန်ချပစ်လိုက်မယ်

မိုးခါးရေပါ
တယောက်မှ မရူးဘူး
ကိုယ်တယောက်ထဲ ထူးနေတာတဲ့

မေမေရေ
နှလုံးသားတွေ အောင့်အောင့်နေတယ်..

မေတ္တာတရားတွေ ပွားများဖို့ဆိုတာကလဲ
လော့ဂရစ်သမ်ကြီးက ကျကွဲ

ပြုံးပြဖို့တောင်
နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား စဉ်းစားနေရ

ဒါနဲ့များလေ
သူစိမ်းတွေများဆိုတာ
ရန်သူကြီးတွေကိုဖြစ်လို့…

ပြည့်စုံ
(၂၄-၂-၂၀၁၁၊ ၅း၃၆ pm)

2 comments:

  1. ပြုံးပြဖို့တောင်
    နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား
    စဉ်းစားနေရ ...
    စဉ်းစားနေရ ...
    စဉ်းစားနေရ ...

    ReplyDelete
  2. ဇောတွေက ကြိုးတွေတဲ့လား
    မှန်လိုက်တာ
    ဇောအထပ်ထပ်မို့ ကြိုးအထပ်ထပ်က ဘဝကို ပါတ်နေတယ်။

    ReplyDelete