Monday, October 26, 2009

စိမ်းရောင်သန်းတဲ့ လွင်ပြင်ကျယ်နောက်

အစိမ်းရောင်တွေ သန်းနေတဲ့
ဟော .. ဟိုက လွင်ပြင်ကျယ်မှာ
မင်းရင်ခွင်တစ်စုံလုံးကို ပစ်သွင်းကြည့်လိုက်ပါ ...
လွင်ပြင်ကျယ်အစိမ်းက
မင်းခန္ဓာမှာ လာထင်ဟပ်မယ်ဆို
အဲဒီလို ရောယှက်နေတဲ့
ခပ်စိမ်းစိမ်း မျက်ဝန်းအစုံများစွာကြားမှာပဲ
မင်းဟာ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ပဲ ဖလှယ်တော့မှာလား ..
လောကကြီးအတွင်းမှာ ပျက်ရယ်ပြုနေကြတယ်
မင်းရော သူတို့လို ခပ်စိမ်းစိမ်းစကားတွေနဲ့ လှောင်ပြောင်မှုကို
ပြုနေဦးမှာလား ...
ဆေးသားလွင်နေတဲ့ အစိမ်းရောင်ပန်းချီကားတစ်ချပ်
မျက်ဝန်းအစုံကို အေးစေတယ်ဆို ..
ထိုအေးမြမှုတွေ နောက်
အစိမ်းဆိုတဲ့ သဏ္ဍာန်သရုပ်
မင်းစိတ်မှာ စွဲထင်နေမှဖြင့်
မြင်မြင်သမျှ အေးမြချင်တဲ့ မင်းစိတ်
အစိမ်းရောင်တွေကြားမှာပဲ ဖြစ်တည်နေတော့မယ်
ဘ၀ကိုစိမ်းရောင်သန်းနေမှာလား ..
ထွေပြားစေတာလား ..
ထိုထိုအတွေးကြားမှာပဲ
အစိမ်းရောင်ဆိုတာ ????
...........
........................
သက်ရွက်ကြွေတွေ လွင့်ဝဲနေတဲ့နောက်
မင်းစိတ်အနောက်တွေ လိုက်နေမယ်ဆို
စိမ်းရောင်သန်းတဲ့ လွင်ပြင်ကို ပမာပြု
ထင်ဟပ်နေတဲ့ စိမ်းရောင်ဟာ
အပေါ်ယံမှာပဲ ဖြစ်တည်နေတာမို့
ထိုအပေါ်ယံကို ခ၀ါချ
စိတ်အအိုက်ပြေပျောက်မဲ့ ရောင်နီအလင်းစက်အောက်
ပြေးထွက်ကြပါစို့ ..။

အရုပ်ကလေး (http://idulize.myanmarbloggers.org/)

(အနော့်ရဲ့ စိမ်းသက်ခြင်းဆိုတဲ့ ကဗျာလေးကို ဖတ်အပီးမှာ ကိုအရုပ်ကလေးက ထပ်ဆင့် ကဗျာရေးပေးတာကို ဖော်ပြလိုက်ပါတယ်ရှင်)

11 comments:

  1. ကဗျာလေးအတွက် ကျေးဇူးပါ ကိုအရုပ်ကလေးရေ
    မထင်မှတ်ဘဲ စိမ်းသက်တဲ့ စကားလုံးတွေများ ကြားမိရင်
    စိတ်ထဲမှာ စိမ်းသက်သွားတဲ့ ခံစားချက်က ပြင်းထန်လွန်းလို့
    အစိမ်းရောင်ကို မကြိုက်ဘူး
    ဒါပေမဲ့ တစ်ခါတလေ ခွင့်မလွှတ်စရာကောင်းတဲ့ အစိမ်းရောင်မျက်နှာဖုံးတွေနဲ့ စာသားတွေ မြင်မိရင် နာကျင်ခံရခက်တယ် မေ့ဖျောက်ဖို့ခက်လှပေမဲ့ ကြိုးစား မေ့ပစ်နေတုန်းပဲ

    ReplyDelete
  2. စိမ်းသက်ခြင်း ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး .. အတွေးလေး တစ်ခုရသွားတာနဲ့
    မန့်လိုက်တာကို ... ကဗျာတစ်ပုဒ်အဖြစ် ပို့စ်တင်လိုက်တဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးပါ ...။
    တစ်ခါတစ်ခါ စိမ်းမြနေတဲ့ သွေးကြောတွေကိုပဲ မုန်းနေမိတယ် ...။

    ခင်မင်စွာ
    idulize(အရုပ်ကလေး)

    ReplyDelete
  3. စစ်ကြေငြာတဲ့ သဘောများလား ??
    တတောလုံး တတောင်လုံးစိမ်းပစ်လိုက်။ ခင့်ကို မပါနဲ့။ နော်..နော်..း)

    ReplyDelete
  4. အငှါးခံစားချက်ကဗျာလေးကို ထပ်ဆင့်လာခံစားသွားတယ် မအနော်ရေ..

    yu ya

    ReplyDelete
  5. ဆားက အစိမ်းလည်း ချက်လို့ ရတယ်ပေါ့နော ... ဟီးဟီး ... ဘာလို့  ခပ်စိမ်းစိမ်းပဲ နေနေ စိမ်းပင်စိမ်းမိုး တွေပဲရွာရွာ .... မျက်နှာပေါ်မှာတော့ အဲဒီအစိမ်းကို ပါးပါးလှီးထားတယ် ...... အမြင်မစိမ်းစေချင်သလို အစိမ်းတွေလည်း မမြင်စေ့ချင်လို့  ဒါပေ မယ် ရင်ထဲမှာတော့ အစိမ်းရောင်တွေက သန်း ..... ကဲ မစိမ်းရေ အဲ အနော်ရေ .... ပျောက်နေတာတော့ အသေအချာပဲ ခုတော ပြန်ပေါ်နိုင်ဖို့ ကြိုးစားနေတယ် .....
    ခင်တဲ့
    ရန်ကုန်

    ReplyDelete
  6. အင်... တူညား ဘာလုပ်မိလို့လဲ.... :P

    ကဗျာတစ်ပုဒ်လုံးကို စိမ်းလန်းနေတော့တာပဲ...
    စိမ်းတောင် နေစရာနေရာမရှိတော့ဘူး... :)

    ReplyDelete
  7. အင်းနော် စိမ်းပြောလဲ ပြောစရာပဲ စိမ်းက ဘာများလုပ်မိလို့တုံး ဟိဟိ
    တူနော် လူဇိုးးးးးးး တွား ဆားချက်တယ် ဟွင်းးး

    ReplyDelete
  8. အမြဲစိမ်း ထာဝရစိမ်း ပါပဲလား

    ၂ ခေါက်ဖတ်လိုက်ရတယ်...။

    ReplyDelete
  9. အငှားရင်ခုန်သံလေးကို လာခံစားသွားပါတယ်

    ReplyDelete
  10. စိမ်းစိမ်းကားကားပဲဆိုဆို
    စိမ်းရက်စက်ပဲဆိုဆို
    အစိမ်းရောင်ကိုတော့ကြိုက်ပါ၏
    မီးစိမ်းလာမှ ကားဖြတ်ရတယ်လေ
    မီးနီဆိုအားကြီးမုန်းပေါ့ :{

    ReplyDelete
  11. အဆိုတော်ဇော်ဝင်းထွဋ္ဋ်ရဲ့ဂန္တဝင်စိမ်းသီချင်းကိုတောင်သွားသတိရမိတယ်ဗျိုးးး
    စိမ်းသက်တဲ့ကဗျာကိုမစိမ်းမသက်ဖတ်ရှုခွင့်ရတဲ့အအတွက်
    ကိုအရုပ်ကလေးနဲ့ အနော်ရေ
    thank u ပါ ။

    ReplyDelete