Monday, May 16, 2011

လတ်တလော စိတ်ဆန္ဒများ

အနော် စာမရေးပဲ အပျင်းတစ်နေတဲ့အရင်အချိန်တုန်းကလဲ ကိုအုပ်ကြီးပဲ လာပြီးတဂ်လို့ တဂ်ပို့စ်တစ်ပုဒ် ထွက်လာရတယ်..

ကိုယ်ကသာ ချစ်တဲ့ဘလော့ဂါသူငယ်ချင်းတွေရဲ့ အဝေးကို ရောက်.. ပို့စ်အသစ်မတင်ဖြစ်တာ.. ကိုယ့်သူငယ်ချင်းလေးတွေက ကိုယ့်ကို မမေ့မလျော့ သတိတရ တဂ်ပြီး အိမ်စာလုပ်ခိုင်းတဲ့အတွက် ကျေးဇူးတင်မိတယ်..

အိမ်စာဆိုတာမျိုးကလဲ ဆရာမက ရိုက်မယ်ဆိုမှ လုပ်ဖြစ်တဲ့အမျိုးမဟုတ်လား.. တဂ်ပို့စ်လေးတွေ ကလဲ ကိုယ်က ရေးတာနောက်ကျရင်တောင် စိတ်ထဲ မကောင်းဖြစ်မိတဲ့အထိ.. အဲ့တော့ကာ
ကိုယ့်အကြောင်း ကိုယ်ရေးထားတဲ့ တဂ်ပို့စ်လေးကို ခင်းကျင်းပြလိုက်ပါတယ် ဟိဟိ..

စပြီး ဝမ်း တူး သရီး………. ဒန့်တန်တန်

(1) အစားချင်ဆုံးအစားအစာ - ပါးစပ်နဲ့တွေ့တဲ့အစာ

(2) နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်းနဲ့ဟင်း၊ အခုတော့ ဆိုင်ထမင်း ဆိုင်ဟင်း ပြောင်းသွားပြီ :P

(2) အလိုချင်ဆုံးရေမွှေး - မရှိ/မကြိုက်

(4) သုံးဖြစ်နေတဲ့ရေမွှေး - မရှိ၊ ကိုယ်က ကြာညိုနံ့မသင်းတောင် မနံဟု ယူဆ :PPP

(5) အလိုချင်ဆုံးမွေးနေ့လက်ဆောင် - အသက် ၂၅ နှစ်ပြည့်တုန်းက ရခဲ့တဲ့ မဟာမြတ်မုနိဘုရားမှာတောင်းပေးတဲ့ဆုလေးတဆု အဲ့တာမျိုးလေး ထပ်ရချင်တယ် …

(6) အလိုချင်ဆုံးဖုန်း - Blackberry (အိုဘားမား သုံးလို့ မဟုတ် :P)

(7) သုံးဖြစ်နေတဲ့ဖုန်း - Nokia E63 ဒါလေးလဲ ဘလက်ဘယ်ရီဒီဇိုင်းလေးပါပဲ

(8) အရူးသွပ်ဆုံးအရာ - သီချင်းအော်ဆိုခြင်း

(9) အနီးစပ်ဆုံးဂီတ - ဂစ်တာ (တခါတရံ တဒေါင်ဒေါင်တဒင်ဒင်တီးခြင်း)

(10) အလိုချင်ဆုံးစာအုပ် - အကုန်လုံးပါပဲ.. ဖြစ်နိုင်ရင် စာကြည့်တိုက်မှာ အလုပ်လုပ်ချင်တယ်..

(11) အခုဖတ်ဖြစ်နေတဲ့စာအုပ် - အိမ်သာတက်တိုင်း ဖတ်တယ် တွေ့တဲ့စာအကုန် 

(12) အကြားချင်ဆုံးစကား - ချစ်တယ် :O :D (ချစ်တဲ့သူတွေ အားလုံး အားလုံးဆီက :P )

(13) အဖြစ်ချင်ဆုံးဆန္ဒ - ဆရာကောင် :P

(14) အလိုချင်ဆုံးဆု - အလုပ်မလုပ်ရဘဲ နေချင်တယ်၊ ပျင်းလို့ :@ တကယ်

(15) အသွားချင်ဆုံးနေရာ - အမေ့အိမ်

(16) သွားဖြစ်နေတဲ့နေရာတွေ - ဟိုမှသည် 

(17) အကြည့်ချင်ဆုံးရုပ်ရှင် - သရဲကား အခုတလော သရဲကားမကြည့်ဖြစ်တာ အတော်ကြာနေပြီ ကြည့်ဦးမှ

(18) အပြောချင်ဆုံးစကား - နားလည်ပါ နားလည်ပါ ကိုယ်ပြောရင် တခွန်းထဲနဲ့ နားလည်ပါ (ထပ်တလဲလဲ ပြောရလွန်းသဖြင့် အမြှုပ်ထွက်လုမတက်ဖြစ်နေပီ)

(19) အယုံကြည်ဆုံးလူသား - အမေ (ကိုယ်ဘာပြောပြော လက်ခံတာဆိုလို့ အမေပဲရှိတာကိုး)

(20) မယုံကြည်ဆုံးအရာ - ကိုယ့်ကို ပိန်သွားပါလား၊ ချောလာပါလား ပြောလျင် :P ဒန့်တန်တန်

(21) အမုန်းဆုံးအရာ - တခွန်းပြောရင် တခါထဲနဲ့ နားမပေါက်သည့်လူများ

(22) အသောက်ဖြစ်ဆုံးအအေး - မကြိုက်၊ မသောက် ရေပဲကြိုက်တယ်

(23) လတ်တလောအထိတွေ့ဆုံးအရာ - ကီးဘုတ်နဲ့ ဒတ်စဘုတ် :P

(24) မကောင်းတဲ့ကျန်းမာရေး - ခေါင်း၊ မျက်စိ

(25) အကောင်းဆုံးအဖော် - အင်တာနက်

(26) လက်ရှိအကြိုက်ဆုံးသီချင်း - အောင်လရဲ့ တောင်းပန်တယ် သီချင်း (နားကိုညည်းနေတာပဲ)

(27) အကြောက်ဆုံးအလုပ် - စကားကို ထပ်ခါထပ်ခါပြောရတာ (အဲ့ဒီစကားတွေကိုပဲ ပြောပြီးပြော :@#$$)

(28) တန်ဖိုးအထားဆုံးအရာ - ပိုက်ဆံ

(29) အကြောက်ဆုံးတိရိစ္ဆာန် - ခွေး (ဟိုနေ့က ဆိုင်ကယ်နဲ့ကို လိုက်ဆွဲတာ ကိုယ်လဲ ပြန်အော်ရော ခွေးတောင် အမြီးကုပ်သွားတယ်.. ဘေးကလူတွေမပြောနဲ့ အရှေ့က လာနေတဲ့ကားတောင် ရပ်သွားတဲ့အထိ  )

(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - အွန်လိုင်းပေါ်မှာဆိုရင်တော့ ချိုကိုသဇင်၊ အိန်ဂျယ်၊ အရူးလေး၊ သူတို့နဲ့ တခွန်း၂ခွန်း သုံးလေးခွန်း ပြောဖြစ်တာပါပဲ 

(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - လွယ်အိတ်တလုံး (စုံစီနဖာ)

(32) သွားဖြစ်နေတဲ့နေရာတွေ - ဟိုဟိုသည်သည်ပါဆို ဘယ်မှမရောက်တာ ကြာပေါ့

(33) စိတ်အညစ်ဆုံးအချိန် - လကုန်တဲ့အချိန် (စာရင်းရှင်းရလို့ )

(34) အနေချင်ဆုံးနေရာ - အိမ်မှာပါဆို

(35) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - အတင်းကြီး ကိုယ်ရည်သွေးနေရင်

(36) ပေးချင်တဲ့သတင်းတစ်ခု - ၂၀၁၂ ကျရင် ကမ္ဘာပျက်မှာ ဘာမှကြိုတွေးမပူကြပါနဲ့ ခင်ဗျားးးးးး

(37) အပျော်ဆုံးဖြစ်မယ့်အချိန် - သောကြာသားကြီး ရှောမယ့်အချိန် ))

အနော် နေတဲ့နေရာက အနီတွေဆန္ဒပြကတည်းက အင်တာနက်က ပိတ်လိုက်တယ်ထင်ပါရဲ့.. စီဘောက်တွေလဲ မမြင် ဘလော့တွေမှာ မန့်လို့မရတဲ့အခါကျတော့ ကိုယ်က သူငယ်ချင်းတွေ အသစ်တင်တိုင်း ရောက်ပေမဲ့ ရောက်ကြောင်းလေး ဘာလေးညာလေးတောင် မပြောဖြစ်ခဲ့ရဘူး.. စိတ်လဲ မကောင်းဘူး ကိုယ့်ကိုကိုယ်လဲ တာဝန်မကျေဘူးလို့ ခံစားရတော့ အဲ့ခံစားချက်က စာရေးဖို့ကိုပါ လက်တွန့်စေမိတယ်..

ဟိုနေ့က စီဘောက်တွေလဲ ပြန်ပွင့် ဘလော့လဲ ပြန်မန့်လို့ရတော့ ဝမ်းသာအားရ လိုက်မန့် လိုက်ပြောလိုက်တာ နောက်နေ့လဲကျရော blogger.com ကြီး ပိတ်သွားတဲ့အထိ.. အဲ့လို လပ်ကီးကောင်းတဲ့ မမပါ ဟီးး.

ကျေးဇူးပါ အကိုအုပ်ကြီးရေ.. တဂ်ပို့စ်လေးမှာ တဂ်တဲ့အတွက်.. အနော် စာမရေးဖြစ်လဲ စာရေးကောင်းတဲ့ ကိုယ့်အကိုရဲ့လက်ရာ ကဗျာတွေကို ဖတ်ချင်ပါတယ်.. အသစ်တင်တိုင်းလဲ ရောက်ပါတယ်. အမြဲတမ်းဖတ်ဖြစ်ပါတယ် အကိုရေ..

နောက်လဲ တဂ်ပို့စ်လေးတွေမှာ တဂ်လို့ ရပါတယ်. တူတူပုန်းတမ်းဆော့တဲ့ကလေးတွေလိုမျိုး ကိုယ့်ကို လာဖမ်းမယ့် ကစားဖော်၊ ကိုယ့်ကို သတိတရ လာတဂ်မယ့် ဘလော့ဂါသူငယ်ချင်းအဖော်တွေကို စောင့်မျှော်နေပါကြောင်း
(((ဟမ်))) ပိုပြီ သူ :PPPP

အဲ့တာနဲ့ပဲ ပထမဆုံးအကြိမ် အနော်ကနေ ပြန်တဂ်မယ့် ဘလော့ဂါသူငယ်ချင်းများ (အမ်) လန့်မသွားပါနဲ့ ဗိုလ်အောင်ဒင် သေနတ်ထုတ်တာပါ ခွိခွိ.. ကဲ လာထား အနန္တောအနန္တငါးပါး ဦးထိပ်ထား၍ ))

မမချိုကိုသဇင်၊ ချစ်တဲ့ခင်၊ Angle Shaper၊ မမ rose of Sharon၊ အကိုဘရွတ်ခ် တို့ကို ပြန်တဂ်ပါတယ်။။ လတ်တလောစိတ်ဆန္ဒများ လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ရေးပေးကြပါနော် ဟိဟိ

Thursday, May 12, 2011

ဒိန်းဂျား (အန္တရာယ်)

ဒီလိုပါပဲ
ကိုယ်ဟာ ဘယ်လောက်အလေ့ကျသလဲဆို
ရွက်ကျရာ ပင်ပေါက်လိုက်တဲ့အထိ

ခံစားချက်ကရောတဲ့
ချစ်သလား မုန်းသလား မဝေခွဲနေတော့ဘူး
သူလိုကိုယ်လို

သူ့အတွက်တဲ့
မပြောရက်လို့ ပြောမထွက်လိုက်တဲ့ စကားလုံးတွေစုသိမ်း
ခပ်စိမ်းစိမ်း ပြုံးပြလိုက်ပါတယ်..

မျှော်လင့်ချက်တွေနဲ့တဲ့
အဲ့ဒီသံသေတ္တာကို နာမည်တပ်ပေးလိုက်မယ်
မင်းကိုယ်မင်း မရေရာရင်
အဲ့ဒီသော့မှာ ပတ်စဝပ်မထည့်လိုက်နဲ့

ပြောတာပါပဲ
ဒီလိုဟိုလိုတွေများဆိုတာ
အမှန်တရားဆိုတဲ့ဟာတွေချည်းပဲတဲ့
သူ့စိတ်ထဲ

မသေချာမှုတွေ များလွန်းလို့တဲ့
အဲ့တာကရော သေချာရဲ့လား
မေးခွန်းမှာကိုက မရေမရာ

အချစ်လား အမုန်းလား
နှစ်ခုလုံး တွဲမထားပါနဲ့
သူတို့တွဲနေတာကို
အန္တရာယ်..


ပြည့်စုံ
12/5/2011, 3:25 pm