Friday, October 29, 2010

လငပုပ်ဖမ်းခြင်း



နေတောင် အရောင်ပျောက်ပီတဲ့
ဒါလား နေဝင်ချိန်
ငါ့ဘဝ ညတွေများလိုက်တာ
အမှောင်ကလဲ ခါးတာပဲ
စကားများတဲ့ကောင်တွေ အသံတိတ်စမ်း
လက ခပ်ငေါက်ငေါက်ဆိုတော့
ကြယ်တွေ ခွက်ထိုးခွက်လှန်ရီလို့
နေတတ်ရင် အပျော်အပျက်ချည်းပါဗျာတဲ့
ဒီစကား ဘယ်သူကများပြောခဲ့ပါလိမ့်
ဒါနဲ့များတောင် လက တိမ်နောက်ပုန်းနေသေးတယ်

ပြည့်စုံ
(၂၉-၁၀-၂၀၁၀၊ ၁၂း၅၄ am)

8 comments:

  1. နေတတ်ရင် အပျော်အပျက်ချည်းပါဗျာတဲ့
    ဒီစကား ဘယ်သူကများပြောခဲ့ပါလိမ့် ....

    တဖွဖွရွတ်ကြည့်မိတယ် .. အဲဒီစာကြောင်းလေးကို
    နေတတ်ရင် အပျော်အပျက်ချည်းပါဗျာတဲ့
    ဒီစကား ဘယ်သူကများပြောခဲ့ပါလိမ့်

    ReplyDelete
  2. အောင်မလေးဗျ..
    လှလိုက်တာ..
    မနည်းဖြစ်ညှစ်ခံစားယူရတယ်..။
    ဘာတဲ့...
    လက ခပ်ငေါက်ငေါက်ဆိုတော့...တဲ့..။
    BRAVO....

    ReplyDelete
  3. အမယ်..
    စိတ်ညစ်နေတယ်ပေါ့ ၊
    ဘာအလိုမကျဖြစ်နေလဲ..၊
    တင်း ထားစမ်းပါ..။

    ReplyDelete
  4. လကတိမ်နောက်မှာပုန်းဆို
    ကြောက်တတ်တာကိုးဗျ :D

    ReplyDelete
  5. အား ကြိုက်လိုက်တာ.. ဒီကဗျာလေးကို..

    ReplyDelete
  6. မနေတတ်သေးတော့ အပျော်မတွေ့ဘဲ အပျက်ပဲ ကြုံနေရတာနဲ့တူတယ်။

    ReplyDelete
  7. ပုန်းနေရခြင်းအကြောင်းတော့ရှိမှာပေါ့..

    ReplyDelete
  8. သဘောကျမိတယ်.. ကောင်းတဲ့ ကဗျာလေးပါ

    ReplyDelete