Wednesday, July 6, 2011

ခေါင်းစဉ် မသိတဲ့ ကဗျာ

လက်ပူတိုက်ထားတဲ့မြို့ လေးရဲ့ 
မျက်ရည်ဝနေတဲ့စည်းရိုးကြီးနံဘေး
ယားယံတတ်တဲ့လမ်းမများပေါ်က
ခေါင်းစဉ်တပ်မရတဲ့တေးသီချင်းတွေသီဆိုသူ။

အဲသည်မှာ
သားပျောက်ရှာတဲ့မိခင်တွေရဲ့ 
လက်သီးပွက်ထရာမြေ
…….
…….

အဲသည်မှာ
အဆုတ်ထဲကဆဲရေးသံတွေဟာ
မျက်ရည်ယဉ်ယဉ်လေးဖြစ်သွားတဲ့
သူ့ ညီမလေးရဲ့ တော်လဲသံတွေလဲရှိတယ်။

အဲသည်မှာ
ကိုယ့်အကိုင်းနဲ့ ကိုယ်သီးပွင့်ခွင့်မရတဲ့
နှင်းခါးကိုက်ခံရတဲ့ပန်းတွေရှိတယ်။

အဲသည်မှာ
ပယောဂအကိုက်ခံရဆဲရောဂါသည်တွေရဲ့ 
ချဉ်ဆီနဲ့ မျိုးဖောက်ထားတဲ့
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလဲရှိတယ်။
ရှိတယ်
ရှိတယ်
အဲသည်မှာအားလုံးရှိတယ်။
ကံကော်ပွင့်ကဇော်ဖေါက်သောက်ထားတဲ့
မုန်တိုင်းရဲ့ ဖုန်းဆိုးရာသီကိုအလဲထိုးဖို့ အတွက်
အလံထူထားတဲ့ကြိုးဝိုင်းမြေလေး
အလံထူထားတဲ့ကြိုးဝိုင်းမြေလေး။

ကိုကိုမောင်

(စိတ်ခွန်အားတက်စေတဲ့ ကဗျာတွေ စုစည်းမှု။ ဒီကဗျာရေးသူရဲ့ နာမည်ကိုပဲ သိပါတယ်။ ခေါင်းစဉ်ကိုတော့ မသိပါ။)

No comments:

Post a Comment