တစ်ယောက်တစ်နေရာစီ ဝေးသွားကြရုံနဲ့ပဲ
ကျမတို့တွေ
တစ်ယောက်ကို တစ်ယောက် မေ့သွားကြတယ်
သတိရစရာ အမှတ်တရတစ်ခုခု ခလုတ်တိုက်မိရင်
အလန့်တကြား
ထ လွမ်းပစ်လိုက်တယ်
သတိရတယ် သတိရတယ်
ဟိုးတုန်းကလေ
ငါတို့တွေပေါ့…
ဒီလို ဒီလိုစကားတွေနဲ့
ပြန်မရောက်တော့မယ့် အတိတ်ကိုလွမ်း
ဟော့ဒီကမ္ဘာတစ်ခြမ်းမှာပဲ
ငါတို့ အလွမ်းသယ်ပစ်လိုက်တယ်
လမ်းဘေးအသုတ်ဆိုင်လေး
လက်ဖက်ရည်ချိုပေါ့ကျ
ဆေးလိပ်မတိုပေမဲ့ နေညိုတာတောင် လမ်းမခွဲဖြစ်ခဲ့ကြတဲ့
တို့တွေရဲ့ချစ်ခြင်း
အခုတော့ နှစ်သစ်တွေ တစ်နှစ်ပီးတစ်နှစ် ကူးကောင်းနေတုန်း
မတွေ့ရတာ အတော်ကြာနေပီထင်ပ
ဟိုးပဝေဏသီကလိုလို
တခါတလေများ သတိရစရာတွေတောင်
စမြုံ့ပြန်ချင်စရာမကောင်းလှတော့ဘူး
ရင်ဖွင့်စရာ သူငယ်ချင်းဖော်ဆိုတာဝေး
အခုများတော့ တစ်ယောက် တစ်နယ်စီ ဝေး
သွေးအေးသွားတဲ့ ချိတ်တွေလိုပ
အနေဝေးသွားတာကြာလှရောပေါ့
အလွမ်းဆိုတာ အဓိပတိကားလက်မှတ်ကြားမှာလား
လက်ဖက်ရည်ခွက်ထဲမှာလား
ရှာကောင်းတုန်း လွမ်းကောင်းတုန်း
ရုတ်တရက် သတိတရမှာ
မျက်စိရှေ့မှာ ကွန်ပျူတာစခရင်မ်သာ အဖော်အဖြစ်ရှိခဲ့…
ပြည့်စုံ
(၃၀-၀၉-၂၀၁၀၊ ၁၁း၀၀ pm)
ကျမ သူငယ်ချင်းငါးယောက်အတွက်ပါ.. နိစ္စဓူဝ လူမှုဘဝမှာ ကျမမေ့သွားတဲ့အထဲ ကျမသူငယ်ချင်းလေးတွေ ပါသွားတယ်.. ကျမ သတိရတဲ့အခါ ကျမဘေးမှာ သူတို့မရှိတော့ဘူး.. မေ့နေတုန်းကလဲ သူတို့မရှိဘူး.. သတိရတော့လဲ သူတို့မရှိပါဘူး.. အိပ်မက်ထဲမှာမှပဲ သူတို့တွေကို ပြန်တွေ့ရတယ်.. :(
Thursday, September 30, 2010
Thursday, September 9, 2010
အလွဲ
အဲ့ဒီတစ်ဖက်ကို ငါတိမ်းလိုက်လို့
ကမ္ဘာကြီးက ပိုယိမ်းသွားတာမဟုတ်ဘူး မဟုတ်လား
အခြားတစ်ဖက်ကို ငါရွေးလိုက်လို့
ကမ္ဘာကြီးက ပိုဝေးသွားတာ မဟုတ်ဘူး မဟုတ်လား
ဟော့ဒီဖက်မှာ ငါနေနေလို့
ကမ္ဘာကြီးက ပိုပြီး နွေးလာတာ မဖြစ်နိုင်ဘူးလား
အဲ့ဒီတစ်ဖက်မှာ မင်းရှိနေရုံနဲ့
ငါ့ကမ္ဘာကြီးက ပိုနွေးလာတာ မင်းသိတယ်မဟုတ်လား
မင်းနဲ့ငါ အတူမရှိနေရုံနဲ့
ငါတို့ကမ္ဘာကြီးက ပိုပီး တိမ်းစောင်းလာတယ် မင်းထင်သလား
ဟော့ဒီကမ္ဘာကြီးလေ
၂၃ ၂ ပိုင်း ၁ ပိုင်းဒီဂရီမှာ
ငါရီတာနဲ့ပဲ ပိုမတိမ်းသွားလောက်ပါဘူး
ငါငိုရင်ရော ပိုယိမ်းသွာဦးမှာလား
အဲ့ဒီအတွေးတွေနဲ့ပဲ ငါလေ
မတိမ်းပါဘူး အတွေးနဲ့
ယိမ်းနေတဲ့ ကမ္ဘာကြီးမှာ
ခြေထောက်တွေ ခိုင်ခိုင်ရပ်နေမိတယ်
ပြည့်စုံ
(၉-၉-၂၀၁၀၊ ၁၁း၄၉ pm)
ကမ္ဘာကြီးက ပိုယိမ်းသွားတာမဟုတ်ဘူး မဟုတ်လား
အခြားတစ်ဖက်ကို ငါရွေးလိုက်လို့
ကမ္ဘာကြီးက ပိုဝေးသွားတာ မဟုတ်ဘူး မဟုတ်လား
ဟော့ဒီဖက်မှာ ငါနေနေလို့
ကမ္ဘာကြီးက ပိုပြီး နွေးလာတာ မဖြစ်နိုင်ဘူးလား
အဲ့ဒီတစ်ဖက်မှာ မင်းရှိနေရုံနဲ့
ငါ့ကမ္ဘာကြီးက ပိုနွေးလာတာ မင်းသိတယ်မဟုတ်လား
မင်းနဲ့ငါ အတူမရှိနေရုံနဲ့
ငါတို့ကမ္ဘာကြီးက ပိုပီး တိမ်းစောင်းလာတယ် မင်းထင်သလား
ဟော့ဒီကမ္ဘာကြီးလေ
၂၃ ၂ ပိုင်း ၁ ပိုင်းဒီဂရီမှာ
ငါရီတာနဲ့ပဲ ပိုမတိမ်းသွားလောက်ပါဘူး
ငါငိုရင်ရော ပိုယိမ်းသွာဦးမှာလား
အဲ့ဒီအတွေးတွေနဲ့ပဲ ငါလေ
မတိမ်းပါဘူး အတွေးနဲ့
ယိမ်းနေတဲ့ ကမ္ဘာကြီးမှာ
ခြေထောက်တွေ ခိုင်ခိုင်ရပ်နေမိတယ်
ပြည့်စုံ
(၉-၉-၂၀၁၀၊ ၁၁း၄၉ pm)
Monday, August 30, 2010
လက်ရှိ
အချစ်မှာ
နာကြားဖို့ နှလုံးသားတစ်စုံရှိသလို
နာဖျားဖို့လွယ်လွန်းတဲ့ နှလုံးသားတစ်စုံလဲရှိတယ်
စိတ်တွေဆိုတာ
အတိတ်တစ်စကို ဖမ်းဆုပ်လိုက်ပေမဲ့
မမှီတော့တဲ့ ရထားတစ်စင်းလို
ဝင်ချိန်မှန်ပေမဲ့ ထွက်ချိန်မြန်လွန်းလှတယ်
ဖြုတ်ဆို ဝင်လာလိုက်တဲ့ အတိတ်တစ်စဟာ
အတွေးတစ်စအနေနဲ့
ကဗျာတစ်ပိုင်းတစ်စကို ဖန်တီးတယ်
ရင်းနှီးလွယ်တဲ့ စကားလုံးတွေက
ဒီကဗျာကျမှ ကမောက်ကမဖြစ်ရတော့တယ်
အရာရာဟာ အမှတ်တရတွေအနေနဲ့ရှိနေတော့
အမှားအရပ်ရပ်ကိုလဲ ငါရှာတွေ့ခဲ့တာပေါ့
သိပ်ချစ်လွန်းတဲ့အမှားနဲ့
မခင်တွယ်တတ်တဲ့ တရားတွေက
လမ်းခွဲဆိုတဲ့ စကားကိုပဲ
အကောင်အထည်မရှိတဲ့ ပြဒါးလို
ရင်ဘတ်အဟောင်းထဲက ဒဏ်ရာတွေကို
ရင်ဘတ်ချင်း ပြောင်းထည့်လိုက်တယ်
တကယ့်အသစ်ပါဗျာ
ဘုရားစူးပါစေ့ရဲ့
အဲ့ဒီနှလုံးသားမှာ ချစ်တတ်တဲ့ခံစားချက်ပါမလာခဲ့ဘူး....
ပြည့်စုံ
(၂၈-၈-၂၀၁၀၊ ၁၂း၁၀ am)
နာကြားဖို့ နှလုံးသားတစ်စုံရှိသလို
နာဖျားဖို့လွယ်လွန်းတဲ့ နှလုံးသားတစ်စုံလဲရှိတယ်
စိတ်တွေဆိုတာ
အတိတ်တစ်စကို ဖမ်းဆုပ်လိုက်ပေမဲ့
မမှီတော့တဲ့ ရထားတစ်စင်းလို
ဝင်ချိန်မှန်ပေမဲ့ ထွက်ချိန်မြန်လွန်းလှတယ်
ဖြုတ်ဆို ဝင်လာလိုက်တဲ့ အတိတ်တစ်စဟာ
အတွေးတစ်စအနေနဲ့
ကဗျာတစ်ပိုင်းတစ်စကို ဖန်တီးတယ်
ရင်းနှီးလွယ်တဲ့ စကားလုံးတွေက
ဒီကဗျာကျမှ ကမောက်ကမဖြစ်ရတော့တယ်
အရာရာဟာ အမှတ်တရတွေအနေနဲ့ရှိနေတော့
အမှားအရပ်ရပ်ကိုလဲ ငါရှာတွေ့ခဲ့တာပေါ့
သိပ်ချစ်လွန်းတဲ့အမှားနဲ့
မခင်တွယ်တတ်တဲ့ တရားတွေက
လမ်းခွဲဆိုတဲ့ စကားကိုပဲ
အကောင်အထည်မရှိတဲ့ ပြဒါးလို
ရင်ဘတ်အဟောင်းထဲက ဒဏ်ရာတွေကို
ရင်ဘတ်ချင်း ပြောင်းထည့်လိုက်တယ်
တကယ့်အသစ်ပါဗျာ
ဘုရားစူးပါစေ့ရဲ့
အဲ့ဒီနှလုံးသားမှာ ချစ်တတ်တဲ့ခံစားချက်ပါမလာခဲ့ဘူး....
ပြည့်စုံ
(၂၈-၈-၂၀၁၀၊ ၁၂း၁၀ am)
Wednesday, August 11, 2010
အနာ
ဘယ်လိုပဲ ကိုယ့်စိတ်တွေကိုဖြေဖြေ
မပြေတဲ့ အညိုးတွေပဲ ထပ်တိုးလာတယ်
ကျားနာခဲ ခဲသလိုပဲတဲ့
တခါတည်း ရင်ကိုခွဲ
အသဲကိုဆွဲနှုတ်ပစ်လိုက်တယ်
သေခါမှ သေရော..
အနာရာ ဗလပွနဲ့
လောကကိုက အထာမကျခဲ့ဘူး..
ပြည့်စုံ
(၁၁-၈-၂၀၁၀၊ ၃း၁၀ pm)
မပြေတဲ့ အညိုးတွေပဲ ထပ်တိုးလာတယ်
ကျားနာခဲ ခဲသလိုပဲတဲ့
တခါတည်း ရင်ကိုခွဲ
အသဲကိုဆွဲနှုတ်ပစ်လိုက်တယ်
သေခါမှ သေရော..
အနာရာ ဗလပွနဲ့
လောကကိုက အထာမကျခဲ့ဘူး..
ပြည့်စုံ
(၁၁-၈-၂၀၁၀၊ ၃း၁၀ pm)
Thursday, July 29, 2010
အချစ်အကြောင်း
နေပါစေကွယ်
အလွမ်းတွေ သေရာပါ မဖြစ်ချင်တော့ဘူး
ဟိုးအရင် ဒီလိုအခါက
အတ္တတွေ တခုတ်တရစိုက်ပျိုးခဲ့ပေမဲ့
ရိတ်သိမ်းချိန်ကျ အလွမ်းတွေချည်း သီးပွင့်ခဲ့ရတယ်
အချစ်သြဇာတွေ တနင့်တနဲဖြန့်ကြဲခဲ့တာပဲကွယ်
ပိုးမကျဘဲ အစိုးမရတဲ့မိုးကြောင့် ကွင်းပျက်ခဲ့ရတာလား
ယွင်းပျက်သွားတဲ့ စိတ်ကူးတွေနဲ့
တောင်ပေါ်ကို ရေပြန်စီးသလို
အနေမနီးခဲ့တဲ့ ငါတို့အချစ်
စွန့်ပစ်လို့သာ ထားရစ်ခဲ့တော့မယ်…
ပြည့်စုံ
(၇-၂၉-၂၀၁၀၊ ၂း၄၂ pm)
အလွမ်းတွေ သေရာပါ မဖြစ်ချင်တော့ဘူး
ဟိုးအရင် ဒီလိုအခါက
အတ္တတွေ တခုတ်တရစိုက်ပျိုးခဲ့ပေမဲ့
ရိတ်သိမ်းချိန်ကျ အလွမ်းတွေချည်း သီးပွင့်ခဲ့ရတယ်
အချစ်သြဇာတွေ တနင့်တနဲဖြန့်ကြဲခဲ့တာပဲကွယ်
ပိုးမကျဘဲ အစိုးမရတဲ့မိုးကြောင့် ကွင်းပျက်ခဲ့ရတာလား
ယွင်းပျက်သွားတဲ့ စိတ်ကူးတွေနဲ့
တောင်ပေါ်ကို ရေပြန်စီးသလို
အနေမနီးခဲ့တဲ့ ငါတို့အချစ်
စွန့်ပစ်လို့သာ ထားရစ်ခဲ့တော့မယ်…
ပြည့်စုံ
(၇-၂၉-၂၀၁၀၊ ၂း၄၂ pm)
Tuesday, July 13, 2010
အိမ်
အသစ်ရောက်လာမယ့်နေ့တွေနဲ့
ကုန်လွန်ခဲ့တဲ့နေ့တွေရယ်
ဘယ်လိုအချိန်တွေဖြစ်ဖြစ်
အိမ်ကိုအရောက်ပြန်ချင်ခဲ့ပြီ
လောကကြီးရဲ့အလယ်
လူတွေအများကြီးရဲ့ အလယ်
အထီးကျန်မှုတွေနဲ့အသားကျနေခဲ့ ငါ
အခု အိမ်ပြန်ချင်ခဲ့ပြီ
လွမ်းတယ် လွမ်းတယ်..
မင်းသိနေတဲ့ငါ့အလွမ်းတွေရယ်..
အဆင်ပြေပါစေ အချစ်ရယ်..
ငါ့အတွက်တော့ မပူနဲ့..
ဒီလိုအလွမ်းတွေနဲ့သာ စာလွှာတွေ ပါးခဲ့လိုက်တယ်
ခံစားမှုတွေ အကုန်လုံးပြည့်စုံလိမ့်မယ်လို့
မမျှော်လင့်ရဲခဲ့ဘူး အချစ်ရယ်
ငါ့အလွမ်းတွေကို စာတိုက်ပုံးကလေး သိပါစေ..
ဟော နောက်ထပ်လေယာဉ်တစ်စင်း
နောက်ထပ် နေတစ်စင်း
အရာရာအဆင်ပြေခြင်းတွေ ရှိနေလဲ
အခု အိမ်ပြန်ချင်ခဲ့ပြီ
အိမ်ကိုအရောက်ပြန်ချင်ခဲ့ပြီ…..
အိမ်ပြန်ခွင့်ပြုပါ
အိမ်နဲ့အဝေး….မင်းရဲ့အဝေး
အခုတော့ အဝေးကိုရောက်နေခဲ့ပြီ
အိမ်ပြန်ပါရစေ
သူစိမ်းတစ်ယောက်လိုပဲ
ခံစားခဲ့ရတာ ကြာလှပေါ့
လမ်းအသစ်ကို လျှောက်ဖို့
ခြေတစ်ဖက် စနင်းခဲ့တဲ့အချိန်မှာတောင်
ငါ့ဘေးမှာ မင်းမရှိနေခဲ့ဘူး
သိနေတယ် သိတယ်လေ..
ဒါတွေဟာ မင်းရဲ့အိပ်မက်တွေ မဟုတ်ကြောင်း
မင်းရဲ့ ယုံကြည်မှုတွေထဲမှာတောင် ငါသိနေခဲ့….
လမ်းအသစ်တစ်ခု လျှောက်ခဲ့တယ်
နောက်တစ်ဆောင်းအသစ်ပေါက်ခဲ့တယ်
အချိန်တွေ နေရာတွေ ဝေးဝေး
တဖြည်းဖြည်း ဝေး………
ဘယ်လိုနေရာတွေ ဝေးဝေး
အခု အိမ်ပြန်ချင်ခဲ့ပြီ
အိမ်ပြန်ပါရစေ…
လောကကြီးရဲ့အလယ်
လူတွေအများကြီးရဲ့ အလယ်
အရာရာဟာ အထီးကျန်နေဆဲ
လွမ်းနေတုန်းပဲ အချစ်ရယ်
ငါ အိမ်ပြန်ပါရစေ
လွမ်းတယ် လွမ်းတယ် ..
မင်းသိနေတဲ့ငါ့အလွမ်းတွေရယ်..
အိမ်ပြန်ပါရစေ..
လျှောက်ခဲ့ရမယ့် လမ်းတွေနဲ့
ပြီးဆုံးခဲ့တဲ့ တာဝန်တွေအပြီး
အိမ်ပြန်ဖို့ အသင့်ဖြစ်နေတဲ့ ခြေထောက်တွေနဲ့
အိမ်ပြန်တော့မယ်
အိမ်ပြန်ပါရစေ..
အရာရာပြီးဆုံးခဲ့တဲ့နောက်
အခုဒီညရဲ့ အိမ်အပြန်လမ်းတစ်လျှောက်
ငါ့ရဲ့ခြေထောက်တွေ မြူးတူးနေခဲ့
အခုကိုပဲ ငါ .. ဒီညတော့
အိမ်ပြန်ရောက်ဖို့ နီးနေခဲ့ပြီ…
အိမ်ပြန်တော့မယ်..
ပြည့်စုံ
(၁၃-၇-၂၀၁၀၊ ၄း၄၇ pm)
(အိမ်ကိုလွမ်းနေတဲ့အချိန် Micheal Buble ရဲ့ HOME သီချင်းကို နားထောင်ရင်း ဘာသာပြန်မိတာပါ. ကာရံမိအောင် ဘာသာပြန်ထားမိတဲ့ အလွဲတွေအတွက် ဖြည့်စွက်ခံစားပေးပါလို့ :P)
Tuesday, July 6, 2010
မျှော်လင့်ရာသီ
ဆန်းပြားတဲ့အဖြစ်တွေက
ခမ်းနားတဲ့အချစ်တွေဆီ ဦးတည်သွားသတဲ့..
ကဲ အနမ်းများမဖူးပွင့်လဲ နေပါစေတော့
ဒီရာသီမှာ ပန်းများပဲ ဖူးပွင့်ပါစေတော့...
ပြည့်စုံ
(၆-၇-၂၀၁၀၊ ၈း၀၈ pm)
ခမ်းနားတဲ့အချစ်တွေဆီ ဦးတည်သွားသတဲ့..
ကဲ အနမ်းများမဖူးပွင့်လဲ နေပါစေတော့
ဒီရာသီမှာ ပန်းများပဲ ဖူးပွင့်ပါစေတော့...
ပြည့်စုံ
(၆-၇-၂၀၁၀၊ ၈း၀၈ pm)
Subscribe to:
Posts (Atom)