Thursday, August 6, 2009

သတိရခြင်းများ (၃)

တို့နှစ်ယောက်ရဲ့ အချစ်ဟာ
စနစ်တကျ အလွဲတွေကြားမှာ ရှင်သန်လာရတာပါ

ရေရာမှု မရှိတဲ့ အခြေအနေတွေထဲ
ဘာအတွက်နဲ့မှ နောက်ဆံမငင်ပါနဲ့ချစ်သူ
လူဆိုတာ ကိုယ့်ဘဝအတွက် ရုန်းကန်ရတဲ့သူချည်းပါပဲ
အရာရာ အဆင်ပြေနေတဲ့အချိန်တုန်းက ပြုံးပျော်နေသလောက်
စိတ်ညစ်လာတယ်လို့ ယူဆတဲ့အခါမှာ
လောကဓံကို အပြစ်မတင်ချင်ပါဘူးကွယ်

မင်းဘေးမှာ သင့်တော်မယ့်အဖော်အသစ် ရခဲ့မယ်ဆိုရင်
မင်းအတွက် ကြည်နူးစိတ်နဲ့ ငါ ဝမ်းသာပေးမယ်လေ
မင်းဘေးမှာ ငါဆက်ရှိနေဖို့ မလိုအပ်တော့ဘူးလို့ မင်းယူဆတဲ့အခါဆိုရင်လဲ
ငါ့ကို မင်းထားခဲ့နိုင်တယ်
မင်းဘေးမှာ အမြဲတမ်း ငါရှိရမယ်လို့ ကတိပေးခဲ့တာမှ မဟုတ်တာပဲကွယ်

မင်းအတွက် စိတ်ပေါ့ပါးမှုကို ငါမပေးနိုင်တော့ဘူးဆိုရင် စိတ်ရှုပ်မခံပါနဲ့ ချစ်သူ
ငါကတော့ ငါချစ်နိုင်သလောက် အချစ်တွေနဲ့ မင်းကိုချစ်နေမယ်
တစ်သက်စာလို့တော့ မပြောချင်ပါဘူး ဒါပေမဲ့ ဒဏ်ရာတခုလိုပါပဲ
ဒဏ်ရာပျောက်ပေမဲ့ အနာရွတ်ကျန်ခဲ့သလိုမျိုး
ငါ့ရင်မှာတော့ မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး

တို့နှစ်ယောက်ရဲ့ အချစ်ဟာ
Hi နဲ့ စခဲ့ရင်
Good Bye တစ်ခွန်းနဲ့တော့ အဆုံးသတ်သင့်ပါရဲ့……….

ပြည့်စုံ (၅-၈-၂၀၀၉၊ ၁၀း၀၀ pm)

8 comments:

  1. ကိုဇော်ရေ့ .. ဖတ်လိုက်ရတာ ရထားလမ်းကို ခလယ်တည့် တည့် ကဇလီ
    ဖားတုံးတွေကိုနင်းရှောက်ယင်းဘယ်တော့ မှမဆုံနိုင်တော့ တဲ့ သံလမ်းနှစ်ကြောင်းကိုငေးနေရသလိုပါပဲ။ခံစားလိုက်ရတာကိုပြောတာ။ဖတ်
    လို့ ကောင်းတယ်။ဖတ်မကောင်းတဲ့ အမောလေးကိုဝင်ကြည့် ပါအုံး
    ခြောက်ရက်နေ့ မှာပဲနောက်ကျဒိတ်နဲ့ တင်လိုက်ဖြစ်တယ်

    ReplyDelete
  2. တစ်ခါတစ်လေတော့လဲ လောကကြီးမှာ ဂွတ်ဘိုင်လို့တောင်နှုတ်ဆက်ချိန်မရလိုက်တာ ၊ အဆုံးသတ်မဟုတ်ပေမယ့် ဆက်လို့မရတော့တာတွေ အများသားညီမရဲ့ ။ ဖတ်ပြီး ခံစားသွားပါတယ် ။

    ReplyDelete
  3. အဲတော့...အဲလိုကြီး..တော့..အဆုံးမသတ်နဲ့ လေ.
    ညိုညိုနိုင်းနိုင်း..လုပ်ပါ ..အနော်..ရေ
    အဆင်ပြေပါစေနော်
    နဒီ။

    ReplyDelete
  4. ချစ်သော ညီမလေး .. အိုကေရဲ့လား ..
    အစစ အဆင်ပြေပါစေ ..

    ReplyDelete
  5. ကိုလူထွေးAugust 6, 2009 at 9:31 AM

    bye ဆိုရင် လုံလောက်ပါတယ်
    good မလိုပါဘူး...

း)

    ReplyDelete
  6. “Hi” နဲ့စခဲ့ရင် “forever”နဲ့ဆုံးပါ။
    “Good bye”ဆိုတာကြီးက နှလုံးသားတွေအတွက်စူးရှလွန်းနေတယ်
    ဂတိမပေးဖူးခဲ့လည်း သူ့ဘေးမှာတော့ ဘာပဲဖြစ်ဖြစ်
    ထာဝရရှိနေပေးလိုက်ပါ၊
    ဘယ်သူတွေကမှ မုန်းဖို့ချစ်မလာခဲ့ကြဘူး
    အဲဒါကြောင့်လမ်းခွဲတဲ့စကားဟာ တယ်မလိုအပ်လှဘူး

    ReplyDelete
  7. ချစ်သူတိုင်းအဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ။
    အရေးအသားကောင်းတယ်ဗျာ။ တကယ့်ချစ်သူက ဒီကဗျာစာသားလေးတွေ ဖတ်ပြီး ဘယ်လိုခံစားသွားလဲမသိ၊ လာဖတ်သူတောင် ကြွေကျလို့ မြေခသွားတယ်။

    ReplyDelete
  8. အော် အနော်လေး ကျန်ရစ်သူဖြစ်ရပီပေါ့... အဆင်ပြေပါစေကွားးးး

    ReplyDelete