Tuesday, August 4, 2009

နိယာမ

ပြာလွင်တဲ့ တိမ်တိုက်တွေရဲ့အောက်
ချစ်ခြင်းရဲ့ ခြေရာတွေကို ဖွေရှာနေမိတယ်
မရေရာတဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ တမိုးသောက်တယ်
တနေဝင်တယ်

လတ်ဆတ်တဲ့ လေပြေညှင်းတွေရဲ့အလယ်
ချစ်ခြင်းရဲ့ အငွေ့အသက်တွေကို ဖွေရှာနေမိတယ်
မှင်သက်မိနေတဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ မိုးရွာတယ်
နေပူတယ်

စိမ်းလန်းတဲ့ သစ်ပင်တွေရဲ့အလယ်
ချစ်ခြင်းရဲ့ ရင်ခုန်သံတွေကို ဖွေရှာနေမိတယ်
ပဋိပက္ခ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ ပန်းတွေပွင့်တယ်
ပန်းတွေ ကြွေတယ်

ဆားရနံ့သင်းတဲ့ ပင်လယ်ကမ်းခြေရဲ့နံဘေးမယ်
ချစ်ခြင်းရဲ့ ဒဏ်ရာတွေကို ဖွေရှာနေမိတယ်
နာကျင်တဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ လှိုင်းလုံးတွေ ရိုက်တယ်
လှိုင်းပုတ်သံကြားတယ်

ဘဝစုံတဲ့ လူသားတွေရဲ့အလယ်
အချစ်စစ်ကို ဖွေရှာနေမိတယ်
မျှော်လင့်တဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ပဲ ချစ်တတ်လာတယ်
မုန်းတတ်လာတယ်…

ပြည့်စုံ (၂-၈-၂၀၀၉၊ ၁၁း၃၅ pm)

10 comments:

  1. နိယာမ တွေနဲ့ သဟဇာတ ဖြစ်အောင် နေကြမယ်လေ...... ဒီလို တွေးမိတာပဲ အတွေးတွေ ယူသွားပြီ.......

    ReplyDelete
  2. အချစ်စစ်ကိုရှာဖွေရင်းနဲ့ချစ်တတ်မုန်းတတ်လာတယ်.... အင်း... ဖြစ်တတ်တဲ့ နိယာမတရားတခုပေါ့... ဟုတ်လား....

    ReplyDelete
  3. ဒီလိုနဲ့ပဲ မွေးဖွားကြီးပြင်းလာတယ် သေဆုံးလွန်မြောက်သွား ကြပြန်တယ်
    နိယာမကို ဆက်တွေးမိတာပါ..။

    အဆင်ပြေပါစေဗျာ
    (တခုတော့မေးချင်တယ် အနော်နဲ့ ပြည့်စုံက အတူတူပဲလား ..
    မဖြေရင်လည်း စိတ်မဆိုးပါ)

    ReplyDelete
  4. အနော်နဲ့ ပြည့်စုံက အတူတူပဲ
    အနော့် နာမည်က ပြည့်စုံပါ
    အနော်က မီးထွန်းဖို့ ပြည့်စုံက ကက်ဆက်ဖွင့်ဖို့
    အယ့်လေ ယောင်လို့
    ပြည့်စုံက နာမည်အရင်းပါ
    အနော်ကတော့ ဟီးဟီး ချစ်သူခေါ်တဲ့နာမည်မို့ပါ :)

    ReplyDelete
  5. စားတယ်ကွာာာာ.. လူများတွေများ ချစ်သူခေါ်ဖို့က သပ်သပ်..
    :)

    ReplyDelete
  6. ချစ်ပဲ..ချစ်တတ်ပါရှင်..မုန်းတတ်တာ..မကောင်းဖူး..ဟီးးးး

    ReplyDelete
  7. ကောင်းပါ့ ငါနှမရယ်၊ ကဗျာတွေ လတ်ဆတ်နေတာများ။
    ဘ၀စုံတဲ့ လူတွေအလယ်
    အချစ် စစ်ကိုရှာပါကွယ်
    အမုန်းတွေနဲ့ ဝေးကာရယ်
    ချစ်သူ များနဲ့ ဆုံစေကွယ်။ :)

    ReplyDelete
  8. မိုးသောက်တယ် နေဝင်တယ်
    မိုးရွာတယ် နေပူတယ်
    ပန်းတွေပွင့်တယ် ပန်းတွေကြွေတယ်
    လှိုင်းတွေရိုက်တယ် လှိုင်းပုတ်သံကြားရတယ်
    ချစ်တတ်လာတယ် မုန်းတတ်လာတယ်...

    ဖတ်ရတာ တမျိုးလေးမို့ ကြိုက်မိတယ်...

    ReplyDelete
  9. မိုးလင်း မိုးချုပ်
    မိုးရွာ နေပူ
    ပန်းအပွင့် ပန်းအကြွေ
    လှိုင်းပဲရိုက်ရိုက် လေပဲကြမ်းကြမ်း
    ပြည့်စုံတဲ့ သပ်ရပ်တဲ့ကဗျာလေးကိုခံစားသွားတယ်
    ချစ်တတ်လာတယ် မုန်းတတ်လာတယ်ဆိုရင်
    ချစ်စကိုရှည်စေ မုန်းစကိုတိုစေပေါ့ကွယ် ။

    ReplyDelete
  10. အင်း မုန်းတတ်တာတော့ သိပ်မကောင်းပါဘူး။ ပူလောင်လွန်းတယ်။ အနော့် ကဗျာတွေ ကြေကွဲနေကြတယ် :)

    ReplyDelete