Thursday, August 20, 2009

အဆုံးသတ်

ချစ်တယ်လို့ ပြောခွင့်ရခဲ့ပေမဲ့
ချစ်တယ်လို့ ဆက်ပြောခွင့်မရှိလို့
အချစ်တွေ မြေမြှုပ်သင်္ဂြိုလ်လိုက်ပီ

သတိရနေမယ်လို့ ပြောလိုက်ပေမဲ့
သတိရခွင့် ဆက်မရှိတော့လို့
သတိရခြင်းတွေ မေ့ပစ်လိုက်ပီ

လွမ်းနေပါရစေလို့ ပြောလိုက်ပေမဲ့
လွမ်းနေခွင့် မရှိတော့လို့
အလွမ်းတွေ ရပ်ဆိုင်းလိုက်ပီ

ငါဟာ မင်းအတွက်လို့ပြောလိုက်ပေမဲ့
ငါ့အတွက် မဟုတ်တော့လို့
မေ့လိုက်ပီ

အရာရာကို အသစ်က ပြန်စမယ်လို့ ပြောချင်ပေမဲ့
ပြောပြခွင့်မရှိတော့လို့
အဆုံးသတ်လိုက်ပါပီ…………

ပြည့်စုံ (၂၀-၈-၂၀၀၉၊ ၁း၅၁ am)

9 comments:

  1. ဆက်ချစ်ခွင့် မရှိပေမယ့်
    သတိရခွင့်တော့ ရှိတယ် မဟုတ်ဘူးလား?
    ( အရာအားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရ ခြင်းကိုငါပိုင်ဆိုင်တယ် ...) အဲလို ကြားဖူးတာပဲ။

    လွမ်းနေခွင့်ကရော ဘာလို့ မရှိတော့ တာလဲ?
    ( နောက်ရည်းစားက ကန့်သတ်လိုက်လို့ ဖြစ်နိုင်တယ်)

    ကဲ ... မေးထားတာလေး တွေ လာရှင်းပြဦးနော် :D

    ReplyDelete
  2. ပထမလို့ထင်တာပဲ
    မမြင်ရတော့လည်းမသေချာဘူးဟ :)

    ReplyDelete
  3. ချစ်နေသေးသမျှ ချစ်တယ်လို့ပြောခွင့်ရှိပါသေးတယ်
    ကြားမယ့်လူ မရှိဘူးဆိုရင်တောင်ပေါ့
    သတိရခွင့်လူတိုင်းမှာရှိပါတယ်
    အစဉ်အမြဲသတိရနေခွင့်ကို ရှိပါတယ်
    “အားလုံးကို စွန့်လွှတ်ရရင်တောင် သတိရခြင်းကို ငါပိုင်တယ်”တဲ့
    ဖတ်ဖူးတဲ့ စာလေးပါ
    အဆုံးသတ်သင့်တယ်ထင်ရင်တော့ အဆုံးသတ်လိုက်ပါ
    ပြီးရင် အားလုံးပဲ အသစ်ကပြန်စကြရအောင်

    ReplyDelete
  4. ကဗျာလေးကလွမ်းစရာလေး.... အဆုံးသတ်ရမှာနှမြောစရာ...

    ReplyDelete
  5. ကောင်းတယ် အနော်ရေ တကယ်ကောင်းတယ်
    ငါဟာ မင်းအတွက်လို့ ပြောလိုက်ပေမယ့်
    ငါ့အတွက်မဟုတ်တော့လို့ 
    မေ့လိုက်ပီ

    ဂွတ်ရှယ် မိုက်တယ်

    :D ကိုရန်ကုန်

    ReplyDelete
  6. ညီမငယ် ပြည့်စုံလေး

    အဆုံးသတ်မလှတဲ့ ဇာတ်သိမ်းခန်းတွေပဲ...

    မကြားလိုပါဘူး ဒါပေမယ့် အခုကြားနေရတော့

    ဘ၀ဆိုတာကို ပိုပြီးခါးသီးလာသလိုပဲ...

    ဖြစ်ခြင်းပျက်ခြင်းမှာ ဖြစ်ချင်တာမဖြစ်ပေမဲ့

    ပျက်ခြင်းမှာတော့ အရာရာဟာ သူ့အလိုလိုကို ပျက်သုဉ်းနေတယ်.....

    အင်း...
    အချစ်နဲ့ ဘ၀ တထပ်တည်းကျနိုင်ပါစေလို့....
    နောက်ထပ် ကွေကွင်းတွေ ဝေးကွာခြင်းတွေ လွမ်းဆွေးခြင်းတွေ မကြုံကြစေနဲ့လို့....

    ကိုကြီး...
    ပြည့်စုံကြီး

    ReplyDelete
  7. The End ပေါ့နော်...အဟီး။ ကဗျာလေးကောင်းတယ် အနော်ရေ...

    ReplyDelete
  8. အမယ်..အမယ်...အဆုံးသတ်လိုက်ပြီဆိုပဲ....:P

    ReplyDelete
  9. ငယ်ငယ်လေးရှိသေးဒါ..
    အဲလို ဆူအဆိုဒ်တွေ လုပ်ရ၀ူးလေ..
းP

    ReplyDelete