ဆောင်းတွင်းချမ်းချမ်းကြီးထဲ
အထူးကားကျပ်ကျပ်ကြီးပေါ်
ပူးပူးကပ်ကပ် ရပ်နေကြရ
လက်ဖျံရိုးချင်း ချွေးထုတ်ရတာမျိုး မကဘူး
ထိုင်ခုံပေါ်လဲ ငုတ်တုတ်
ကျပ်ထုပ်ထားသလို ထိုင်နေရတယ်
နေ၀င်ချိန်တိုင်းသာ အိမ်ပြန်ချိန်ဆို
ရင်ဘတ်တိုင်းရဲ့ အမောဟာ
အိမ်ပြန်ချင်တဲ့ ဇောတွေ ကပ်နေကြတယ်
ပုရွတ်ဆိတ်အုံထဲ ထန်းလျက်တခဲ ပစ်ချကြည့်မိတယ် ဆိုပါစို့
...
မှတ်တိုင်တတိုင်မှာ ရပ်လိုက်တဲ့ကားပေါ်
ပြုံတက်သွားတဲ့ လူတွေဆိုတာ
ခွေးမကြီးနို့ကို ခွေးကလေးတွေ ပြုံစို့ကြသလို
အားလုံးဟာ တို့လို့တွဲလောင်း...
၃၁ ဘုံ
လောကီကို စိတ်ကုန်နေတဲ့
မောင်းနေတဲ့ ကားသမားက အော်တယ်
မြန်မြန်တက် မြန်မြန်ဆင်း
ရှေ့မှာ ကားတစင်းရှိသေးတယ် တဲ့
ဇောတွေနဲ့ အမောတွေရယ် ပေါင်း
ဟော့ဒီ ခေါင်းထဲမှာတော့
အိမ်ပြန်ချင်တဲ့ အတွေးနဲ့
ကားကျပ်ကျပ်ကိုပဲ အတင်းတိုးဝှေ့ဆင်း
အိမ်ပြန်ရင် မီးလင်းနေရင် ကောင်းမယ်..
လမ်းဆုံးတိုင်း ခရီးဆုံးမရောက်သေးတော့ ခက်တယ်...
ပြည့်စုံ
(၂း၀၈ pm၊ ၁၅-၁၂-၂၀၁၂)
ချစ်သောဆောင်းရေ..
ReplyDeleteနှင်းပွင့်တွေကို ကိုင်းဖျားကိုင်းနားတွေပေါ်မှာ၊ ဝေလီဝေလင်း မနက်ခင်းတွေပေါ်မှာ၊ နှာသီဖျား အေးအေးလေးတွေပေါ်မှာ .. ဖေဖော်ဝါရီလထိတော့ ၀ှက်ထားပေးပါဦး။
ဆောင်းတွင်းချမ်းချမ်းကြီးထဲ အထူးကားကြီးပေါ် ကဗျာဆရာမနဲ့ တိုးဝှေ့စီးပါရစေဦး။
း)
ဂျူ