Friday, May 10, 2013

ဆယ်နေကဲ

နေရောင်ဟာ ပူလောင် အက်ကွဲ
ကျီကျီတောက် ..

နေရောင်ဟာ အခိုးအငွေ့တွေကြားထဲ
အပူတွေရှပ် ..

နေရောင်ဟာ ကတ္တရာစေးတွေ ပျော်နေတဲ့ လမ်းပေါ်
မှောက်လျားထိုးပြီး အိပ်..

နွေခေါင်ခေါင်ကြီးပါတဲ့
နေရောင်ဟာ နဖူးက ချွေးတစကို လက်ကိုင်ပ၀ါနဲ့ထသုတ်တယ်..

နေရောင်ဟာ အိုက်စက်လို့
ပြောရင်းနဲ့တောင် ယပ်တောင်ကို တဖျတ်ဖျတ် ခတ်ပြနေတယ်..

ကံဆိုးသူမတွေ စုထားတာတောင်
ရွာပြစရာ မိုးတစ မရှိဘူး..
နေရောင်ကြောင့် ချွေးအဖြစ် အငွေ့ပျံပျောက်သွားတယ်တဲ့..

ဒီလိုနဲ့ပဲ
စကားပုံတွေဟာ လမ်းတွေပေါ် ကဆုန်ပေါက် ပြေးလွှား
နေရောင်ကို ရှောင်ရင်း အော်ဟစ် ပြေးကစားနေရတယ် ..

ပြည့်စုံ (၅း၀၃ pm၊ ၅-၆-၂၀၁၃)

1 comment:

  1. ဘာမှတော့မဆိုင်ဘူး။ ဒါပေမယ့် ပျော်ရွှင်မှုဟာ ဘာလို့ မှီခိုသလဲ။ ဘာဖြစ်လို့များ တစ်သီးပုဂ္ဂလ မဆန်ပါလိမ့်လို့ တွေးမိတယ် အနော်ရဲ့။
    ဒီမှာ မိုးတွေရွာနေပေမယ့် အိမ်ကလူတွေ ကိုယ်ချစ်တဲ့လူတွေကများ တအား ပူတယ်လို့များပြောလိုက်ရင် ဒီကမိုးတွေ အဲ့ပေးလို့ရရင် သိပ်ကောင်းမှာပဲ တွေးမိတယ်။ ကိုယ်လဲ မအေးချမ်းဘူး။

    ခင်

    ReplyDelete